Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ဘုရားသခင် ရွေးကောက်တော်မူ​စဉ်က သင်​သည် ကျွန်​ဖြစ်​နေပါက​လည်း မပူပန်နှင့်။ သို့သော် ကျွန်​အဖြစ်​မှ လွတ်ခွင့်​ရ​လျှင် ထို​အခွင့်အရေး​ကို ရယူလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ရွေး​ကောက်​တော်​မူ​ခြင်း​ခံ​ရ​ချိန်​တွင်​သင်​သည် ကျွန်​ဖြစ်​ပါ​လျှင်​ကိစ္စ​မ​ရှိ။ သို့​သော်​ကျွန်​အ​ဖြစ် မှ​လွတ်​မြောက်​ခွင့်​ရ​မည်​ဆို​ပါ​က​ထို​အ​ခွင့် ကို​ယူ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ကျွန် အ ဖြစ်၌ ခေါ် ထား တော် မူ သ လော။ အ ရေး မ ယူ နှင့်။ လွတ် ခွင့် ရ ရှိ လျှင် သာ ခံ ယူ တော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 အ​စေ​ခံ​ကျွန်​ဖြစ်၍ ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​လျှင် စိုး​ရိမ်​ခြင်း​မ​ရှိ​နှင့်။ သို့​သော်​လည်း လွတ်​ခြင်း​သို့ ရောက်​နိုင်​လျှင် လွတ်​ရ​သော​အ​ခွင့်​ကို သာ၍ သုံး​ဆောင်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ခေါ်ယူ​တော်မူ​ခြင်း​ခံရ​စဉ် ကျွန်​ဖြစ်​လျှင် စိတ်​အနှောင့်အယှက်​မ​ဖြစ်​နှင့်။ သို့သော် လွတ်လပ်​သူ​ဖြစ်​နိုင်​လျှင် ထို​အခွင့်အရေး​ကို​အသုံးပြု​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:21
14 ပူးပေါင်းရင်းမြစ်များ  

မည်သည့်​အရာ​ကို စားရ​မည်နည်း မည်သည့်​အရာ​ကို သောက်ရ​မည်နည်း​ဟူ၍ မတွေးတောကြနှင့်။ ထို​အရာများ​အတွက် စိုးရိမ်ပူပန်ခြင်း​မရှိကြနှင့်။


အပျော်အပါး​လိုက်စား​၍ သောက်စား​မူးယစ်ခြင်း၊ လောကီ​ဘဝ​အတွက် စိုးရိမ်ပူပန်ခြင်းတို့​ဖြင့် စိတ်နှလုံး မလေးလံမထိုင်းမှိုင်း​စေရန် သတိပြုကြလော့။ ထိုသို့​မဟုတ်​ပါက ထို​နေ့ရက်​သည် ထောင်ချောက်​ကဲ့သို့ သင်တို့​အပေါ် ရုတ်တရက်​ကျရောက်လာ​လိမ့်မည်။


ထိုကဲ့သို့​ပင် ကျွန်ုပ်တို့​အားလုံး​သည် ဂျူးလူမျိုး​ဖြစ်စေ၊ ဂရိလူမျိုး​ဖြစ်စေ၊ ကျွန်​ဖြစ်စေ၊ လွတ်လပ်သူ​ဖြစ်စေ ဝိညာဉ်တော်​တစ်ပါးတည်း​အားဖြင့် ကိုယ်ခန္ဓာ​တစ်ခုတည်း​ထဲသို့ နှစ်ခြင်း​မင်္ဂလာ​ခံယူကြပြီး ကျွန်ုပ်တို့​အားလုံး​သည် ထို​ဝိညာဉ်တော်​တစ်ပါးတည်း​ကို သောက်သုံးကြ၏။


လူ​တစ်ဦးစီ​တိုင်း​သည် ဘုရားသခင် ရွေးကောက်တော်မူ​စဉ်က ရှိသည့်​အခြေအနေ​မျိုး​၌ ဆက်​၍ ရှိနေ​သင့်၏။


ကျွန်​ဖြစ်​စဉ်က ဘုရားသခင် ရွေးကောက်တော်မူ​လျှင် ယခု​သင်​သည် သခင်ဘုရား​၏ လွတ်လပ်သူ​ဖြစ်၏။ လွတ်လပ်​စဉ်က ဘုရားသခင် ရွေးကောက်တော်မူ​လျှင် ယခု သင်​သည် ခရစ်တော်​၏ ကျွန်​ဖြစ်၏။


ထိုသို့ ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်ကြ​သောကြောင့် ဂျူးလူမျိုး​နှင့် ဂရိလူမျိုး၊ ကျွန်​နှင့် လွတ်လပ်သူ၊ ယောက်ျား​နှင့် မိန်းမ​ဟူ၍ ခွဲခြားခြင်း မရှိတော့ပေ။


ကျွန်ုပ်​သည် ဆင်းရဲနွမ်းပါး​သောကြောင့် ဤသို့​ပြောရသည် မဟုတ်။ မည်သည့်​အခြေအနေ​မျိုး​တွင်​ဖြစ်စေ တင်းတိမ်​ရောင့်ရဲတတ်​ရန် ကျွန်ုပ်​သင်ယူခဲ့ပြီ ဖြစ်၏။


မည်သည့်​အမှု​ကိုမျှ မစိုးရိမ်ဘဲ အခြေအနေ​တိုင်း​၌ ကျေးဇူးတော်​ကို ချီးမွမ်း​၍ ဆုတောင်းခြင်း၊ အသနားခံခြင်းတို့​ဖြင့် သင်တို့ လိုအပ်သော​အရာများ​ကို ဘုရားသခင်​ထံ တောင်းလျှောက်ကြလော့။


သို့ဖြစ်၍ ဂျူးလူမျိုး​နှင့် ဂရိလူမျိုး၊ အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသူ​နှင့် မခံယူသူ၊ လူမျိုးကွဲ၊ လူရိုင်း၊ ကျွန်​နှင့် လွတ်လပ်သူ​ဟူ၍ ခြားနားမှု​မရှိပေ။ ခရစ်တော်​သည်သာ အရေးပါ​၍ ကျွန်ုပ်တို့​အားလုံး​အထဲတွင် ကိန်းအောင်းတော်မူ၏။


အသက်ရှင်​နေထိုင်ရာ​တွင် ငွေ​မမက်ဘဲ ရှိသည့်​အရာ​နှင့် ရောင့်ရဲလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​က “ငါ​သည် သင်တို့​ကို မည်သည့်​အခါမျှ ထားခဲ့မည်​မဟုတ်။ မည်သည့်​အခါမျှ စွန့်ပစ်မည်​မဟုတ်” ဟု မိန့်တော်မူခဲ့​သောကြောင့်​ဖြစ်၏။


ကိုယ်တော်​သည် သင်တို့​ကို ဂရုစိုက်တော်မူ​သောကြောင့် သင်တို့​၏ စိုးရိမ်မှု​အပေါင်းတို့​ကို ကိုယ်တော်​ထံ အပ်နှံကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ