၁ ကော 7:14 - မြန်မာ့စံမီသမ္မာကျမ်း
အကြောင်းမူကား ယုံကြည်သူမဟုတ်သောလင်ယောက်ျားသည် မိမိမယားအားဖြင့် သန့်ရှင်းစေခြင်းခံရ၏။ ယုံကြည်သူမဟုတ်သောမယားသည်လည်း မိမိလင်ယောက်ျားအားဖြင့် သန့်ရှင်းစေခြင်းခံရ၏။ သို့မဟုတ်လျှင် သင်တို့၏သားသမီးတို့သည် ညစ်ညူးကြလိမ့်မည်။ သို့သော် ယခု သူတို့သည် သန့်ရှင်းကြ၏။
အခန်းကိုကြည့်ပါ။
ယုံကြည်သူအမျိုးသားသည် မယုံကြည်သူ မယားနှင့်စုံဖက်သောအားဖြင့်လည်းကောင်း၊ မယုံကြည်သူအမျိုးသမီးသည် ယုံကြည်သူ လင်နှင့်စုံဖက်သောအားဖြင့်လည်းကောင်း၊ ဘုရား သခင်နှစ်သက်လက်ခံသူများဖြစ်လာပေသည်။ အကယ်၍ဤသို့မဖြစ်ပါမူသင်တို့၏သား သမီးများသည် ဘုရားမဲ့သူများဖြစ်ကြ ပေတော့အံ့။ ယခုမှာမူထိုသားသမီးတို့ သည်ဘုရားသခင်နှစ်သက်လက်ခံသူများ ဖြစ်ကြ၏။-
အခန်းကိုကြည့်ပါ။
အ သို့ ဆို သော် မ ယုံ ကြည် သော လင် သည် မ ယား အား ဖြင့်လည်းကောင်း၊ မ ယုံ ကြည် သော မ ယား သည် ထို ညီ အစ် ကို အား ဖြင့် လည်းကောင်း၊ သီး သန့် ရာ ရောက် ပြီ။ အ ကယ်၍ မ ဟုတ် လျှင် သင် တို့၏ သား သ မီး များ သည် ယ ခု ကဲ့ သို့ သီး သန့် ရာ မ ရောက် ဘဲ မ သန့် ရာ အ ဖြစ် နေ ကြ လေ ပြီ။
အခန်းကိုကြည့်ပါ။
အကြောင်းမူကား၊ မယုံကြည်သောလင်သည် မိမိမယားအဖို့ စင်ကြယ်၏။ မယုံကြည်သော မယားသည်လည်း မိမိလင်အဖို့ စင်ကြယ်၏။ သို့မဟုတ်လျှင် သင်တို့၏ သားသမီးသည် မစင်ကြယ်။ ယခုတွင် စင်ကြယ်ကြ၏။-
အခန်းကိုကြည့်ပါ။
အဘယ်ကြောင့်ဆိုသော် မယုံကြည်သောခင်ပွန်းသည် မိမိဇနီးအားဖြင့် သန့်ရှင်းစင်ကြယ်ပြီး မယုံကြည်သောဇနီးသည်လည်း မိမိခင်ပွန်းအားဖြင့် သန့်ရှင်းစင်ကြယ်သောကြောင့်ဖြစ်၏။ သို့မဟုတ်ပါက သင်တို့၏ သားသမီးများသည် သန့်ရှင်းစင်ကြယ်မည်မဟုတ်။ ယခုတွင်မူ သန့်ရှင်းစင်ကြယ်ပြီဖြစ်၏။
အခန်းကိုကြည့်ပါ။