Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကော 7:14 - Common Language Bible

14 ယုံ​ကြည်​သူ​အ​မျိုး​သား​သည် မ​ယုံ​ကြည်​သူ မ​ယား​နှင့်​စုံ​ဖက်​သော​အား​ဖြင့်​လည်း​ကောင်း၊ မ​ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​သည် ယုံ​ကြည်​သူ လင်​နှင့်​စုံ​ဖက်​သော​အား​ဖြင့်​လည်း​ကောင်း၊ ဘု​ရား သ​ခင်​နှစ်​သက်​လက်​ခံ​သူ​များ​ဖြစ်​လာ​ပေ​သည်။ အ​ကယ်​၍​ဤ​သို့​မ​ဖြစ်​ပါ​မူ​သင်​တို့​၏​သား သ​မီး​များ​သည် ဘု​ရား​မဲ့​သူ​များ​ဖြစ်​ကြ ပေ​တော့​အံ့။ ယ​ခု​မှာ​မူ​ထို​သား​သ​မီး​တို့ သည်​ဘု​ရား​သ​ခင်​နှစ်​သက်​လက်​ခံ​သူ​များ ဖြစ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 အ သို့ ဆို သော် မ ယုံ ကြည် သော လင် သည် မ ယား အား ဖြင့်လည်းကောင်း၊ မ ယုံ ကြည် သော မ ယား သည် ထို ညီ အစ် ကို အား ဖြင့် လည်းကောင်း၊ သီး သန့် ရာ ရောက် ပြီ။ အ ကယ်၍ မ ဟုတ် လျှင် သင် တို့၏ သား သ မီး များ သည် ယ ခု ကဲ့ သို့ သီး သန့် ရာ မ ရောက် ဘဲ မ သန့် ရာ အ ဖြစ် နေ ကြ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 အ​ကြောင်း​မူ​ကား၊ မ​ယုံ​ကြည်​သော​လင်​သည် မိ​မိ​မ​ယား​အ​ဖို့ စင်​ကြယ်၏။ မ​ယုံ​ကြည်​သော မ​ယား​သည်​လည်း မိ​မိ​လင်​အ​ဖို့ စင်​ကြယ်၏။ သို့​မ​ဟုတ်​လျှင် သင်​တို့၏ သား​သ​မီး​သည် မ​စင်​ကြယ်။ ယ​ခု​တွင် စင်​ကြယ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 အကြောင်းမူကား ယုံကြည်​သူ​မ​ဟုတ်​သော​လင်​ယောက်ျား​သည် မိမိ​မယား​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​၏။ ယုံကြည်​သူ​မ​ဟုတ်​သော​မယား​သည်​လည်း မိမိ​လင်​ယောက်ျား​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​၏။ သို့မဟုတ်​လျှင် သင်​တို့​၏​သားသမီး​တို့​သည် ညစ်ညူး​ကြ​လိမ့်မည်။ သို့သော် ယခု သူ​တို့​သည် သန့်ရှင်း​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 အဘယ်ကြောင့်ဆိုသော် မယုံကြည်သော​ခင်ပွန်း​သည် မိမိ​ဇနီး​အားဖြင့် သန့်ရှင်းစင်ကြယ်​ပြီး မယုံကြည်သော​ဇနီး​သည်လည်း မိမိ​ခင်ပွန်း​အားဖြင့် သန့်ရှင်းစင်ကြယ်​သောကြောင့်​ဖြစ်၏။ သို့မဟုတ်​ပါက သင်တို့​၏ သားသမီးများ​သည် သန့်ရှင်း​စင်ကြယ်မည်​မဟုတ်။ ယခု​တွင်မူ သန့်ရှင်းစင်ကြယ်ပြီ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:14
9 ပူးပေါင်းရင်းမြစ်များ  

ဇိ​အုန်​မြို့၊သင်​သည်​တစ်​ဖန်​ပြန်​လည်​ကြံ့​ခိုင် ခမ်း​နား​ကြီး​ကျယ်​၍​လာ​လော့။ အို ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့​တော်၊ သင်​၏​ကိုယ်​ကို​ဘုန်း​အ​သ​ရေ​နှင့်​လွှမ်း​ခြုံ​ပါ​လော့။ တိုင်း​တစ်​ပါး​သား​တို့​သည် နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌​မျှ​သင်​၏ တံ​ခါး​ထဲ​၌​ဝင်​ရ​ကြ​တော့​မည်​မ​ဟုတ်။


ပေ​တ​ရု​သည်​ထို​သူ​တို့​အား​အိမ်​ထဲ​သို့ ခေါ်​ဖိတ်​၍​ထို​ည​အိပ်​စေ​၏။ နောက်​တစ်​နေ့​၌​သူ​သည်​ထို​သူ​တို့​နှင့်​အ​တူ ထွက်​ခွာ​သွား​သော​အ​ခါ ယုပ္ပေ​မြို့​မှ​ယုံ​ကြည်​သူ ညီ​အစ်​ကို​အ​ချို့​တို့​လည်း​လိုက်​ပါ​သွား​ကြ​၏။-


မိ​မိ​၌​ရှိ​သော​မုန့်​ညက်​မှ​အ​နည်း​ငယ်​ကို ယူ​၍​ဘု​ရား​သ​ခင်​အား​ဦး​စွာ​ဆက်​ကပ်​လျှင် မုန့်​ညက်​အား​လုံး​ကို​ပင်​လျှင်​ဆက်​ကပ်​ရာ ရောက်​၏။ သစ်​ပင်​၏​အ​မြစ်​ကို​ဘု​ရား​သ​ခင် အား​ဆက်​ကပ်​လျှင်​အ​ကိုင်း​အ​ခက်​များ​ကို လည်း​ဆက်​ကပ်​ရာ​ရောက်​၏။-


ထို​နည်း​တူ​ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​တစ်​ယောက် သည် မ​ယုံ​ကြည်​သူ​လင်​ရှိ​၍ ထို​အ​မျိုး​သား​က ဆက်​လက်​ပေါင်း​သင်း​နေ​လို​ပါ​လျှင်​သူ့​အား မ​ကွာ​မ​ရှင်း​ရ။-


အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​အား​ဖြင့် လည်း​ကောင်း၊ ဆု​တောင်း​ခြင်း​အား​ဖြင့်​လည်း ကောင်း၊ သန့်​စင်​စေ​ပြီး​ဖြစ်​သော​ကြောင့်​တည်း။


မိ​မိ​တို့​ကိုယ်​တိုင်​စိတ်​နှ​လုံး​စင်​ကြယ်​သန့်​ရှင်း သူ​တို့​အ​ဖို့​မှာ မည်​သည့်​အ​ရာ​မ​ဆို​စင်​ကြယ် သန့်​ရှင်း​၏။ သို့​သော်​မိ​မိ​တို့​ကိုယ်​တိုင်​မ​စင် ကြယ်​မ​ယုံ​ကြည်​သူ​တို့​အ​ဖို့​မှာ​မူ​ကား အ​ဘယ်​အ​ရာ​မျှ​စင်​ကြယ်​သန့်​ရှင်း​သည်​ဟူ​၍ မ​ရှိ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​၏​စိတ် နှ​လုံး​နှင့်​သြတ္တ​ပ္ပ​စိတ်​သည်​ညစ်​ညမ်း​နေ​သော ကြောင့်​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ