အကယ်၍ ကွဲကွာခဲ့လျှင် အိမ်ထောင်မပြုဘဲနေပါစေ။ သို့မဟုတ် လင်ယောက်ျားနှင့် ပြန်လည်သင့်မြတ်ပါစေ။ လင်ယောက်ျားသည်လည်း မိမိမယားကိုမစွန့်ခွာစေနှင့်။
၁ ကော 7:12 - မြန်မာ့စံမီသမ္မာကျမ်း အခြားသောသူတို့အား သခင်ဘုရားကမဟုတ်ဘဲ ငါကိုယ်တိုင်ပြောဆိုသည်မှာ ညီအစ်ကိုတစ်စုံတစ်ဦးတွင် ယုံကြည်သူမဟုတ်သောမယားရှိ၍ ထိုမိန်းမသည် သူနှင့်နေထိုင်လိုလျှင် သူ့ကို ထိုမိန်းမနှင့်မကွာစေနှင့်။ Common Language Bible (သခင်ဘုရားပညတ်တော်မမူသော်လည်း) အခြားသူတို့အားငါပညတ်လိုသည်မှာ ယုံကြည်သူအမျိုးသားတစ်ယောက်သည် မယုံကြည်သူမယားရှိက ထိုအမျိုးသမီး ကဆက်လက်ပေါင်းသင်းနေလိုပါမူ သူ့အား မကွာမရှင်းရဟူ၍ပင်ဖြစ်၏။- Garrad Bible လင် လည်း မ ယား ကို မ ကွာ စေ နှင့်။ ကြွင်း သူ တို့ အား အ ရှင် ဘု ရား မ ဟုတ်၊ ငါ ဆို သည် ကား ညီ အစ် ကို တစ် ဦး၌ မ ယုံ ကြည် သော မ ယား ရှိ ရာ ထို မိန်း မ သည် အ တူ နေ ထိုင် ရန် သ ဘော ရှိ လျှင် မ ကွာ စေ နှင့်။ Judson Bible ကြွင်းသောသူတို့ကို သခင်ဘုရားသည် ကိုယ်တိုင်မပညတ်ဘဲ၊ ငါပညတ်သည်ကား၊ တစ်စုံတစ်ယောက်သော ညီအစ်ကိုသည် မယုံကြည်သော မယားရှိ၍၊ ထိုမယားသည် မိမိခင်ပွန်းနှင့် နေခြင်းငှာ အလိုရှိလျှင် မကွာစေနှင့်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သခင်ဘုရားထံမှ လာသော ပညတ်မဟုတ်သော်လည်း အခြားသောသူတို့အား ကျွန်ုပ်ပြောလို၏။ ယုံကြည်သောအမျိုးသားတစ်ဦးတွင် မယုံကြည်သောဇနီး ရှိပြီး ထိုဇနီးသည် သူနှင့်အတူ ဆက်၍ ပေါင်းသင်းနေထိုင်လိုပါက သူသည် ထိုဇနီးကို မကွာရှင်းရ။ |
အကယ်၍ ကွဲကွာခဲ့လျှင် အိမ်ထောင်မပြုဘဲနေပါစေ။ သို့မဟုတ် လင်ယောက်ျားနှင့် ပြန်လည်သင့်မြတ်ပါစေ။ လင်ယောက်ျားသည်လည်း မိမိမယားကိုမစွန့်ခွာစေနှင့်။
ထိုနည်းတူ အမျိုးသမီးတစ်စုံတစ်ဦးတွင် ယုံကြည်သူမဟုတ်သောလင်ယောက်ျားရှိ၍ ထိုယောက်ျားသည် သူနှင့်နေထိုင်လိုလျှင် သူ့ကို ထိုယောက်ျားနှင့်မကွာစေနှင့်။
အပျိုကညာတို့နှင့်ပတ်သက်၍မူကား သခင်ဘုရား၏ပညတ်ချက်ကို ငါမရရှိခဲ့ချေ။ သို့သော် သခင်ဘုရား၏ကရုဏာတော်ကိုခံစားရသည့် ယုံကြည်ထိုက်သူတစ်ဦးအနေဖြင့် ငါ၏ထင်မြင်ချက်ကိုပေးရမည်ဆိုလျှင်
သင်သည် မယားနှင့်အနှောင်အဖွဲ့ရှိလျှင် ကွာရှင်းရန်မကြံစည်နှင့်။ မယားနှင့်အနှောင်အဖွဲ့မရှိလျှင် မယားကိုမရှာနှင့်။
ထိုသို့ဆိုသော် အမိန့်ပေးခြင်းအနေဖြင့်မဟုတ်ဘဲ အခွင့်ပေးခြင်းအနေဖြင့် ငါဆို၏။
ငါသည် ဤကဲ့သို့ ရဲရင့်စွာဝါကြွားပြောဆိုခြင်းမှာ သခင်ဘုရားအားဖြင့် ပြောဆိုသည်မဟုတ်ဘဲ မိုက်မဲသောသူကဲ့သို့ ပြောဆိုခြင်းဖြစ်၏။