Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:12 - Common Language Bible

12 (သ​ခင်​ဘု​ရား​ပ​ညတ်​တော်​မ​မူ​သော်​လည်း) အ​ခြား​သူ​တို့​အား​ငါ​ပ​ညတ်​လို​သည်​မှာ ယုံ​ကြည်​သူ​အ​မျိုး​သား​တစ်​ယောက်​သည် မ​ယုံ​ကြည်​သူ​မ​ယား​ရှိ​က ထို​အ​မျိုး​သ​မီး က​ဆက်​လက်​ပေါင်း​သင်း​နေ​လို​ပါ​မူ သူ့​အား မ​ကွာ​မ​ရှင်း​ရ​ဟူ​၍​ပင်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 လင် လည်း မ ယား ကို မ ကွာ စေ နှင့်။ ကြွင်း သူ တို့ အား အ ရှင် ဘု ရား မ ဟုတ်၊ ငါ ဆို သည် ကား ညီ အစ် ကို တစ် ဦး၌ မ ယုံ ကြည် သော မ ယား ရှိ ရာ ထို မိန်း မ သည် အ တူ နေ ထိုင် ရန် သ ဘော ရှိ လျှင် မ ကွာ စေ နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ကြွင်း​သော​သူ​တို့​ကို သ​ခင်​ဘု​ရား​သည် ကိုယ်​တိုင်​မ​ပ​ညတ်​ဘဲ၊ ငါ​ပ​ညတ်​သည်​ကား၊ တစ်​စုံ​တစ်​ယောက်​သော ညီ​အစ်​ကို​သည် မ​ယုံ​ကြည်​သော မ​ယား​ရှိ၍၊ ထို​မ​ယား​သည် မိ​မိ​ခင်​ပွန်း​နှင့် နေ​ခြင်း​ငှာ အ​လို​ရှိ​လျှင် မ​ကွာ​စေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အခြား​သော​သူ​တို့​အား သခင်​ဘုရား​က​မ​ဟုတ်​ဘဲ ငါ​ကိုယ်တိုင်​ပြောဆို​သည်​မှာ ညီအစ်ကို​တစ်စုံတစ်ဦး​တွင် ယုံကြည်​သူ​မ​ဟုတ်​သော​မယား​ရှိ​၍ ထို​မိန်းမ​သည် သူ​နှင့်​နေထိုင်​လို​လျှင် သူ့​ကို ထို​မိန်းမ​နှင့်​မ​ကွာ​စေ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 သခင်ဘုရား​ထံမှ လာသော ပညတ်​မဟုတ်​သော်လည်း အခြားသော​သူတို့​အား ကျွန်ုပ်​ပြောလို၏။ ယုံကြည်သော​အမျိုးသား​တစ်ဦး​တွင် မယုံကြည်သော​ဇနီး ရှိ​ပြီး ထို​ဇနီး​သည် သူ​နှင့်အတူ ဆက်​၍ ပေါင်းသင်းနေထိုင်​လို​ပါက သူ​သည် ထို​ဇနီး​ကို မကွာရှင်းရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:12
8 ပူးပေါင်းရင်းမြစ်များ  

ခွဲ​ခွာ​၍​နေ​လျှင်​လည်း​နောက်​ထပ်​အိမ်​ထောင် မ​ပြု​ဘဲ​နေ​ရ​မည်။ သို့​မ​ဟုတ်​မိ​မိ​လင်​နှင့် ပြန်​လည်​၍​ပေါင်း​သင်း​ရ​မည်။ လင်​သည်​လည်း မိ​မိ​မ​ယား​ကို​မ​ကွာ​မ​ရှင်း​ရ။-


ထို​နည်း​တူ​ယုံ​ကြည်​သူ​အ​မျိုး​သ​မီး​တစ်​ယောက် သည် မ​ယုံ​ကြည်​သူ​လင်​ရှိ​၍ ထို​အ​မျိုး​သား​က ဆက်​လက်​ပေါင်း​သင်း​နေ​လို​ပါ​လျှင်​သူ့​အား မ​ကွာ​မ​ရှင်း​ရ။-


သင်​တို့​စာ​ရေး​မေး​မြန်း​သည့်​အိမ်​ထောင်​မ​ပြု​ဘဲ နေ​ရေး​ကိစ္စ​နှင့်​ပတ်​သက်​၍​ငါ​ပြော​မည့်​စ​ကား သည် ငါ့​အား​သ​ခင်​ဘု​ရား​မိန့်​တော်​မူ​ချက်​အ​ရ ပြော​သော​စ​ကား​မ​ဟုတ်။ သို့​ရာ​တွင်​သ​ခင်​ဘု​ရား ၏​က​ရု​ဏာ​တော်​ကြောင့်​ယုံ​ကြည်​ထိုက်​သူ​တစ် ယောက်​အ​နေ​ဖြင့် ငါ​၏​ထင်​မြင်​ချက်​ကို​ဖော်​ပြ လိုက်​ပါ​သည်။


သင်​သည်​အိမ်​ထောင်​သည်​ဖြစ်​လျှင် မိ​မိ​၏​ဇ​နီး ကို​စွန့်​ပယ်​ရန်​မ​ကြံ​စည်​နှင့်။ အိမ်​ထောင်​သည်​မ​ဟုတ် ပါ​က​အိမ်​ထောင်​ပြု​ရန်​မ​ကြံ​စည်​နှင့်။-


ဤ​သို့​ဆို​ရာ​၌​ငါ​သည်​သင်​တို့​အား​အ​မိန့်​ပေး ခြင်း​မ​ဟုတ်။ ခွင့်​ပြု​ခြင်း​သာ​ဖြစ်​၏။-


ယ​ခု​ကြွား​ဝါ​ပြော​ဆို​နေ​ခြင်း​သည်​သ​ခင် ဘု​ရား​၏​အ​လို​တော်​အ​ရ​မ​ဟုတ်။ လူ​မိုက် ကဲ့​သို့​ငါ​ကြွား​ဝါ​ပြော​ဆို​နေ​ခြင်း​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ