Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 အကယ်၍ ကွဲကွာ​ခဲ့​လျှင် အိမ်ထောင်​မ​ပြု​ဘဲ​နေ​ပါစေ။ သို့မဟုတ် လင်​ယောက်ျား​နှင့် ပြန်လည်​သင့်မြတ်​ပါစေ။ လင်​ယောက်ျား​သည်​လည်း မိမိ​မယား​ကို​မ​စွန့်ခွာ​စေ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ခွဲ​ခွာ​၍​နေ​လျှင်​လည်း​နောက်​ထပ်​အိမ်​ထောင် မ​ပြု​ဘဲ​နေ​ရ​မည်။ သို့​မ​ဟုတ်​မိ​မိ​လင်​နှင့် ပြန်​လည်​၍​ပေါင်း​သင်း​ရ​မည်။ လင်​သည်​လည်း မိ​မိ​မ​ယား​ကို​မ​ကွာ​မ​ရှင်း​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ခွာ မိ လျှင် မူ ကား အိမ် ထောင် မ ပြု ဘဲ နေ စေ။ သို့ မ ဟုတ် လင့် ထံ ပြန် စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 စွန့်​ပစ်​လျှင် ခင်​ပွန်း​မ​ရှိ​ဘဲ​နေ​စေ။ သို့​မ​ဟုတ်​လျှင်၊ ခင်​ပွန်း​ဟောင်း​ထံ​သို့ ပြန်၍ အ​သင့်​အ​တင့်​နေ​စေ။ ယောက်ျား​သည်​လည်း မိ​မိ​မ​ယား​နှင့် မ​ကွာ​စေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ခင်ပွန်း​နှင့် ခွဲနေ​လျှင် သူ​သည် နောက်​အိမ်ထောင်​မပြုဘဲ​နေရမည်။ ထိုသို့​မဟုတ်​လျှင် ခင်ပွန်း​နှင့် ပြန်လည်​ပေါင်းသင်းရမည်။ ခင်ပွန်း​သည်လည်း မိမိ​ဇနီး​ကို မကွာရှင်းရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:11
10 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​က “​သင်​တို့​မိခင်​ကို ငါ​အဝေး​သို့​နှင်ထုတ်​လိုက်​သောအခါ မည်သည့်​ကွာရှင်း​စာ ငါ​ပေး​သနည်း​။ မည်သည့်​အကြွေးရှင်​ထံ သင်​တို့​ကို ငါ​ရောင်းစား​ခဲ့​သနည်း​။ သင်​တို့​၏​အပြစ်​ကြောင့်​သာ သင်​တို့​ရောင်းစား​ခံရ​၏​။ သင်​တို့​ကျူးလွန်​သော​အပြစ်​ကြောင့်​သာ သင်​တို့​မိခင်​သည် အဝေး​သို့​နှင်ထုတ်​ခံရ​၏​။


ယောက်ျား​သည် မိမိ​မယား​ကို ကွာရှင်း​၍ ထို​မယား​သည် ယောက်ျား​ထံမှ​ထွက်သွား​ပြီး အခြား​ယောက်ျား​၏​မယား​ဖြစ်​ပြီးမှ ပထမ​ယောက်ျား​သည် ထို​မယား​နှင့်​ပြန်ပေါင်း​မည်လော​။ ထိုသို့​ပြု​လျှင် ပြည်​ကို အလွန်​ညစ်ညူး​စေ​ရာ​ရောက်​သည်​မ​ဟုတ်​လော​။ သင်​သည်​လည်း ချစ်နှစ်သက်သူ​များစွာ​နှင့် ဖောက်ပြန်မှားယွင်း​ပြီးမှ ငါ့​ထံသို့​ပြန်လာ​ပါ​သည်​တကား”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အကြောင်း​မှလွဲ၍ မိမိ​မယား​ကို​ကွာရှင်း​သော​သူ​တိုင်း​သည် ထို​မယား​အား အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို ကျူးလွန်​စေ​၏။ ကွာရှင်း​ထား​သော​မိန်းမ​နှင့် ထိမ်းမြား​စုံဖက်​သော​သူ​သည်​လည်း အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို ကျူးလွန်​၏။


မယား​သည်​လည်း မိမိ​၏​ခင်ပွန်း​နှင့်​ကွာရှင်း​၍ အခြား​ယောက်ျား​နှင့်​ထိမ်းမြား​စုံဖက်​လျှင် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​၏”​ဟု မိန့်​တော်မူ​၏။


ထိုအခါ ဖာရိရှဲ​အချို့​တို့​သည် ကိုယ်တော်​ကို​စမ်းသပ်​လို​သဖြင့် ချဉ်းကပ်​လာ​၍ “လင်​ယောက်ျား​သည် မိမိ​မယား​ကို​ကွာရှင်း​ခြင်း​မှာ တရား​တော်​နှင့်​ညီ​သလော”​ဟု မေးလျှောက်​ကြ​၏။


မိမိ​မယား​ကို​ကွာရှင်း​၍ အခြား​သော​မိန်းမ​နှင့် ထိမ်းမြား​စုံဖက်​သော​သူ​တိုင်း​သည် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​၏။ ခင်ပွန်း​က​ကွာရှင်း​ထား​သော​မိန်းမ​နှင့် ထိမ်းမြား​စုံဖက်​သော​သူ​သည်​လည်း အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​၏။


အိမ်ထောင်ရှိ​သော​သူ​တို့​အား ငါ့​ထံမှ​မ​ဟုတ်​ဘဲ သခင်​ဘုရား​ထံမှ​ညွှန်ကြား​ချက်​ကို ငါ​ပေး​သည်​ကား မယား​သည် လင်​ယောက်ျား​နှင့်​မ​ကွဲကွာ​စေ​နှင့်။


အခြား​သော​သူ​တို့​အား သခင်​ဘုရား​က​မ​ဟုတ်​ဘဲ ငါ​ကိုယ်တိုင်​ပြောဆို​သည်​မှာ ညီအစ်ကို​တစ်စုံတစ်ဦး​တွင် ယုံကြည်​သူ​မ​ဟုတ်​သော​မယား​ရှိ​၍ ထို​မိန်းမ​သည် သူ​နှင့်​နေထိုင်​လို​လျှင် သူ့​ကို ထို​မိန်းမ​နှင့်​မ​ကွာ​စေ​နှင့်။


သူ​သည် အစ္စရေး​အပျိုကညာ​ကို နာမည်ပျက်​စေ​ပြီ​ဖြစ်​သောကြောင့် သူ့​ကို ငွေ​ရှယ်ကယ်​တစ်ရာ​ဒဏ်တပ်​၍ ထို​ငွေ​ကို မိန်းကလေး​၏​ဖခင်​အား ပေး​ရ​မည်​။ ထို​မိန်းကလေး​သည် သူ​၏​မယား​ဖြစ်​ရ​မည်​။ သူ​သည် ထို​မိန်းကလေး​ကို တစ်သက်လုံး မ​ကွာရှင်း​ရ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ