ထာဝရဘုရားအပြစ်မယူသောသူ၊ မိမိစိတ်ဝိညာဉ်၌လိမ်လည်ကောက်ကျစ်မှု မရှိသောသူသည် မင်္ဂလာရှိ၏။
၁ ကော 5:8 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါတို့သည် တဆေးဟောင်းတည်းဟူသော ဆိုးညစ်ခြင်းနှင့်မလိုတမာဖြစ်ခြင်းတို့၏တဆေးပါသောမုန့်အားဖြင့်မဟုတ်ဘဲ ဖြူစင်ခြင်းနှင့်သမ္မာတရားတည်းဟူသော တဆေးမဲ့မုန့်အားဖြင့် ပွဲတော်ကိုကျင်းပကြကုန်စို့။ Common Language Bible သို့ဖြစ်၍အပြစ်ဒုစရိုက်နှင့်ယုတ်မာသော အကျင့်တည်းဟူသောတဆေးဟောင်းပါသည့် မုန့်နှင့်မဟုတ်ဘဲ ဖြူစင်ခြင်းနှင့်သမ္မာတရား တည်းဟူသောတဆေးမဲ့မုန့်နှင့်ပသခါပွဲ တော်ကိုကျင်းပကြကုန်အံ့။ Garrad Bible တ ဆေး ဟောင်း သော် လည်းကောင်း၊ ယုတ် မာ ခြင်း၊ ဆိုး သွမ်း ခြင်း တ ဆေး သော် လည်း ကောင်း မ ပါ ဘဲ တ ဆေး ကင်း သော ကြည် လင် ခြင်း၊ သ စ္စာ စောင့် ခြင်း ဖြင့် ထို ပွဲ ကို ခံ ကြ ကုန် အံ့။ Judson Bible ထိုကြောင့်၊ ဟောင်းသောတဆေး၊ ဆိုးညစ် မိုက်မဲခြင်းတဆေးတို့ကို ပယ်ပစ်၍၊ တဆေးမဲ့မုန့်တည်းဟူသော ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်းနှင့် ပွဲခံကြကုန်အံ့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် မကောင်းမှုနှင့် ဆိုးယုတ်မှုဟူသော တဆေးဟောင်းပါသည့်မုန့်နှင့် မဟုတ်ဘဲ ဖြူစင်မှုနှင့် မှန်ကန်မှုဟူသော တဆေးမပါသည့် မုန့်နှင့် ပသခါပွဲတော်ကို ကျင်းပကြပါစို့။ |
ထာဝရဘုရားအပြစ်မယူသောသူ၊ မိမိစိတ်ဝိညာဉ်၌လိမ်လည်ကောက်ကျစ်မှု မရှိသောသူသည် မင်္ဂလာရှိ၏။
ဤအရာတို့ကိုငါအောက်မေ့သောအခါ ငါ၏စိတ်ဝိညာဉ်သည် ငါ့အထဲ၌ယိုဖိတ်လျက်ရှိ၏။ အကြောင်းမူကား ငါသည် လူအုပ်ကြီးနှင့်အတူလျှောက်သွား၍ ပွဲတော်ကျင်းပနေသည့်ထိုလူအုပ်နှင့်အတူ ကျေးဇူးတော်ချီးမွမ်းခြင်းအသံနှင့် ရွှင်လန်းစွာကြွေးကြော်ခြင်းအသံဖြင့် ဘုရားသခင်၏အိမ်တော်သို့ တရွေ့ရွေ့သွားလေ့ရှိ၏။
ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကိုစားရမည်။ ပထမနေ့၌ပင် တဆေးကို သင်တို့၏အိမ်များမှ ဖယ်ရှားရမည်။ အကြောင်းမူကား ပထမနေ့မှစ၍ သတ္တမနေ့တိုင်အောင် တဆေးပါသောမုန့်ကိုစားသောသူတိုင်း အစ္စရေးလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
ခုနစ်ရက်ပတ်လုံး သင်တို့၏အိမ်များ၌ တဆေးမရှိစေရ။ တိုင်းတစ်ပါးသားဖြစ်စေ၊ အမျိုးသားချင်းဖြစ်စေ တဆေးပါသောမုန့်ကိုစားသောမည်သူမဆို အစ္စရေးလူထုထဲမှ ပယ်ဖျက်ခြင်းခံရမည်။
ဤည၌ပင် အသားကိုမီးကင်၍ တဆေးမဲ့မုန့်နှင့်ခါးသောဟင်းရွက်တို့ဖြင့် စားရမည်။
ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစား၍ သတ္တမနေ့၌ ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။
ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုသာစားရမည်။ သင်တို့၌ တဆေးပါသောမုန့်ကိုမတွေ့ရစေနှင့်။ သင်တို့၏နယ်မြေတစ်ခွင်လုံးတွင် တဆေးကိုလည်း မတွေ့ရစေနှင့်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် လူအပေါင်းတို့အတွက် အကောင်းဆုံးအစားအစာနှင့် နှစ်ချို့စပျစ်ဝိုင်စားသောက်ပွဲကို ဤတောင်ပေါ်၌ ပြင်ဆင်တော်မူမည်။ ထိုစားသောက်ပွဲတွင် အဆီအနှစ်နှင့်ပြည့်သောအကောင်းဆုံးအစားအစာများ၊ သန့်စင်ထားသောနှစ်ချို့စပျစ်ဝိုင်များဖြင့် တည်ခင်းတော်မူမည်။
သင်တို့သည် သန့်ရှင်းသောပွဲတော်ကျင်းပသည့်ည၌ကဲ့သို့ သီချင်းဆိုရမည်။ အစ္စရေးလူမျိုးတို့၏ကျောက်ဆောင်ဖြစ်သော ထာဝရဘုရား၏တောင်သို့ ပလွေမှုတ်လျက်သွားသောသူကဲ့သို့ စိတ်နှလုံးဝမ်းမြောက်ခြင်းရှိမည်။
ထာဝရဘုရားအဖို့ တဆေးမဲ့မုန့်ပွဲတော်ကို ထိုလ တစ်ဆယ့်ငါးရက်နေ့တွင် ကျင်းပရမည်။ ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကို စားရမည်။
ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်က မုန့်၏တဆေးကိုသတိထားရန် မိန့်တော်မူသည်မဟုတ်ဘဲ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏သွန်သင်ချက်တို့ကိုသတိထားရန် မိန့်တော်မူကြောင်း နားလည်ကြ၏။
ထိုအခါ ယေရှုက“ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏တဆေးကို အထူးသတိထားကြလော့”ဟု မိန့်တော်မူ၏။
ထိုအခါ ကိုယ်တော်က“ဖာရိရှဲတို့၏တဆေးနှင့် ဟေရုဒ်၏တဆေးတို့ကို အထူးသတိပြုကြလော့”ဟု မိန့်မှာတော်မူ၏။
ထိုအခါ ထောင်ပေါင်းများစွာသောလူထုပရိသတ်တို့သည် စုဝေးလာကြ၍ အချင်းချင်းပင်နင်းမိမတတ်ဖြစ်ကြ၏။ ကိုယ်တော်သည် တပည့်တော်တို့အား ဦးစွာမြွက်ဆိုတော်မူသည်မှာ“ဖာရိရှဲတို့၏တဆေးဖြစ်သည့် သူတော်ကောင်းယောင်ဆောင်မှုကို သတိထားကြလော့။
ယေရှုသည် မိမိထံသို့ နာသနေလလာနေသည်ကိုမြင်လျှင်“ကြည့်လော့။ စစ်မှန်သောအစ္စရေးအမျိုးသားပေတည်း။ သူ၌စဉ်းလဲခြင်းမရှိ”ဟု သူ့ကိုရည်ညွှန်း၍ မိန့်တော်မူ၏။
အကြောင်းမူကား သင်တို့သည် သွေးသားဇာတိ၌ရှိသောသူများဖြစ်ကြသေး၏။ သင်တို့ကြား၌ မနာလိုခြင်းနှင့်ပဋိပက္ခဖြစ်ခြင်းရှိကြသည်မှာ သင်တို့သည် သွေးသားဇာတိ၌ရှိသူများဖြစ်ကြပြီး သာမန်လူသားအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောကြောင့်မဟုတ်လော။
သင်တို့ထဲ၌ မိမိဖခင်၏မယားနှင့် ပေါင်းသင်းနေထိုင်သည့် တရားနှင့်မညီမေထုန်ပြုခြင်းမျိုးရှိနေကြောင်း သတင်းပျံ့နှံ့လျက်ရှိ၏။ ထိုကဲ့သို့သော တရားနှင့်မညီမေထုန်ပြုခြင်းမျိုးသည် လူမျိုးခြားများထဲ၌ပင်မရှိ။
သင်တို့၏ဝါကြွားခြင်းသည် ကောင်းသည်မဟုတ်။ အနည်းငယ်သောတဆေးသည် မုန့်ညက်တစ်ပုံလုံးကို ဖောင်းပွစေတတ်သည်ကို သင်တို့မသိကြသလော။
ငါတို့၏ဝါကြွားစရာအကြောင်းမှာ ဤသို့ဖြစ်၏။ ငါတို့သည် လောက၌၊ အထူးသဖြင့် သင်တို့ရှေ့မှောက်၌ လောကီဉာဏ်ပညာကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူးတော်ကိုသာ အမှီပြုလျက် ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း ငါတို့၏အသိစိတ်သည် သက်သေခံ၏။
အကြောင်းမူကား ငါတို့သည် များစွာသောသူတို့ပြုသကဲ့သို့ ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို လှည့်လည်ရောင်းစား၍အမြတ်ထုတ်ကြသည်မဟုတ်ဘဲ ဖြူစင်သောသူ၊ ဘုရားသခင်ထံမှ စေလွှတ်ခြင်းခံရသောသူအဖြစ် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်ကိုအမှီပြု၍ ငါတို့ဟောပြောကြ၏။
ထိုသို့ဆိုသော် ပညတ်ချက်အနေဖြင့် ငါဆိုသည်မဟုတ်။ အခြားသူတို့၏စိတ်အားထက်သန်မှုအားဖြင့် သင်တို့ချစ်ခြင်းမေတ္တာ၏စစ်မှန်မှုကို စစ်ဆေးနေခြင်းသာဖြစ်၏။
ငါတို့၏သခင်ယေရှုခရစ်တော်ကို မဖောက်ပြန်သောမေတ္တာဖြင့် ချစ်သောသူအပေါင်းတို့အပေါ်၌ ကျေးဇူးတော်သက်ရောက်ပါစေသော။
ယောက်ျားအပေါင်းတို့သည် တဆေးမဲ့မုန့်ပွဲတော်၌တစ်ကြိမ်၊ ခုနစ်သီတင်းမြောက်ပွဲတော်၌တစ်ကြိမ်၊ ယာယီတဲစုပွဲတော်၌တစ်ကြိမ် တစ်နှစ်လျှင်သုံးကြိမ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၊ ထာဝရဘုရား၏ရှေ့တော်၌ မျက်နှာလာပြရမည်။ ထာဝရဘုရား၏ရှေ့တော်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။
သင်သည် အီဂျစ်ပြည်မှ အလျင်စလိုထွက်လာသောကြောင့် တဆေးမဲ့ဆင်းရဲဒုက္ခမုန့်ကိုစားခဲ့ရ၏။ သို့ဖြစ်၍ သင်အသက်ရှင်သမျှကာလပတ်လုံး အီဂျစ်ပြည်မှထွက်လာသောနေ့ကိုအောက်မေ့မည့်အကြောင်း ခုနစ်ရက်ပတ်လုံး ပသခါယဇ်ကိုတဆေးမဲ့မုန့်နှင့်စားရမည်။
သို့ဖြစ်၍ ယခု ထာဝရဘုရားကိုကြောက်ရွံ့ရိုသေလျက် ရိုးသားဖြူစင်စွာ၊ သစ္စာရှိစွာ ဝတ်ပြုကြလော့။ ယူဖရေးတီးမြစ်တစ်ဖက်၌လည်းကောင်း၊ အီဂျစ်ပြည်၌လည်းကောင်း သင်တို့ဘိုးဘေးတို့ဝတ်ပြုခဲ့သောဘုရားများကိုဖယ်ရှား၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြလော့။
ဤသည်ကား ကိုယ်ကာယ၌အသက်ရှင်ရမည့် ကျန်ရှိသေးသောအချိန်ကာလကို လူတို့၏တပ်မက်ခြင်းအားဖြင့် မဟုတ်တော့ဘဲ ဘုရားသခင်၏အလိုတော်အားဖြင့် အသက်ရှင်နိုင်ရန်ဖြစ်၏။