အကယ်၍ ဖြောင့်မတ်သောသူအား အပြစ်မပြုရန် သင်သတိပေးသဖြင့် သူသည် အပြစ်မပြုဘဲနေလျှင် ထိုသို့သတိပေးသည်ကို ခံယူသောကြောင့် သူသည် မုချအသက်ရှင်မည်။ သင်သည်လည်း အသက်ချမ်းသာရာရလိမ့်မည်”ဟု မိန့်ဆို၏။
၁ ကော 4:14 - မြန်မာ့စံမီသမ္မာကျမ်း ဤအရာများကို ငါရေးလိုက်ခြင်းမှာ သင်တို့အား အရှက်ရစေရန်မဟုတ်ဘဲ ငါ၏ချစ်သားသမီးများအဖြစ် သတိပေးဆုံးမရန်သာဖြစ်၏။ Common Language Bible ဤသို့ရေးရခြင်းအကြောင်းမှာသင်တို့အား အရှက်ခွဲလို၍မဟုတ်။ ငါချစ်သောသားသမီး များအနေဖြင့်သင်တို့အားသွန်သင်လို၍ ဖြစ်၏။- Garrad Bible ငါ သည် ဤ သို့ ရေး လိုက် သည် မှာ သင် တို့ ကို ရှက် စေ ခြင့် ငှာ မ ဟုတ်။ ငါ့ ချစ် သား များ အ ဖြစ် ပဲ့ ပြင် ခြင်း ငှာ တည်း။ Judson Bible သင်တို့သည် ရှက်စေခြင်းငှာ ဤသို့ငါရေးသည် မဟုတ်။ သင်တို့ကို ချစ်သားကဲ့သို့မှတ်၍ သတိပေး၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအကြောင်းအရာများကို ရေးသားရသည်မှာ သင်တို့ကို အရှက်ရစေရန်မဟုတ်ပါ။ ကျွန်ုပ်ချစ်ခင်ရသော သားသမီးများကဲ့သို့ သဘောထား၍ သင်တို့ကို သတိပေးဆုံးမရန်သာဖြစ်၏။ |
အကယ်၍ ဖြောင့်မတ်သောသူအား အပြစ်မပြုရန် သင်သတိပေးသဖြင့် သူသည် အပြစ်မပြုဘဲနေလျှင် ထိုသို့သတိပေးသည်ကို ခံယူသောကြောင့် သူသည် မုချအသက်ရှင်မည်။ သင်သည်လည်း အသက်ချမ်းသာရာရလိမ့်မည်”ဟု မိန့်ဆို၏။
ထို့ကြောင့် ငါသည် သင်တို့တစ်ဦးစီကို သုံးနှစ်ပတ်လုံး နေ့ညမပြတ် မျက်ရည်ဖြင့် သတိပေးဆုံးမခဲ့သည်ကို အောက်မေ့လျက် သတိဝီရိယရှိကြလော့။
အမြင်မှန်ရကြလော့။ အပြစ်ကိုမပြုကြနှင့်။ အကြောင်းမူကား အချို့သောသူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အသိဉာဏ်ကင်းမဲ့ကြ၏။ သင်တို့ကိုအရှက်ရစေရန် ဤသို့ငါပြော၏။
အကြောင်းမူကား ခရစ်တော်၌ သင်တို့ကိုအုပ်ထိန်းသူ တစ်သောင်းရှိသော်လည်း ဖခင်မူကား များစွာမရှိ။ ကောင်းမြတ်သောသတင်းအားဖြင့် ခရစ်တော်ယေရှု၌ သင်တို့ကိုမွေးဖွားပေးခဲ့သူမှာ ငါပင်ဖြစ်၏။
ဤအကြောင်းကြောင့် သခင်ဘုရား၌သစ္စာရှိသော ငါ၏ချစ်သား တိမောသေကို သင်တို့ထံသို့ ငါစေလွှတ်၏။ သူသည် အရပ်ရပ်တို့၌ အသင်းတော်တိုင်းတွင် ငါသွန်သင်သည့်အတိုင်း ခရစ်တော်ယေရှု၌ ငါလိုက်လျှောက်သောလမ်းတို့ကို သင်တို့အား သတိရစေလိမ့်မည်။
သင်တို့ကိုအရှက်ရစေရန် ဤသို့ ငါဆို၏။ သင်တို့အထဲတွင် မိမိ၏ညီအစ်ကိုအချင်းချင်းကြား စီရင်ဆုံးဖြတ်ပေးနိုင်မည့် ပညာရှိတစ်စုံတစ်ဦးမျှမရှိသလော။
သို့သော် ငါသည် ဤအခွင့်တစ်စုံတစ်ခုကိုမျှ မသုံးခဲ့ချေ။ ငါ့အား ထိုသို့ပြုစေလို၍ ဤအရာများကို ငါရေးသည်မဟုတ်။ အကြောင်းမူကား ငါ၏ဂုဏ်ယူဝါကြွားစရာအကြောင်းကို သူတစ်ပါးက အချည်းနှီးဖြစ်စေသည်ထက် ငါသေသော် သာ၍ကောင်း၏။
အဘယ်ကြောင့်နည်း။ ငါသည် သင်တို့ကိုမချစ်သောကြောင့်လော။ ငါချစ်ကြောင်း ဘုရားသခင်သိတော်မူ၏။
ငါတို့သည် သင်တို့ရှေ့၌ မိမိတို့ကိုယ်ကို ကာကွယ်ပြောဆိုနေကြသည်ဟု တစ်ချိန်လုံး သင်တို့ထင်မှတ်နေကြသလော။ ငါတို့သည် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်ကိုအမှီပြု၍ ပြောဆိုနေကြ၏။ ချစ်ရသောသူတို့၊ အရာအားလုံးသည် သင်တို့၏တည်ဆောက်စရာအတွက်ဖြစ်၏။
သင်တို့အား အပြစ်တင်လို၍ ဤသို့ ငါပြောသည်မဟုတ်။ အကြောင်းမူကား ယခင်က ငါပြောခဲ့သည့်အတိုင်း သင်တို့သည် ငါတို့၏စိတ်နှလုံးထဲ၌ သေအတူရှင်မကွာရှိနေကြ၏။
ငါတို့သည် လူတိုင်းကို ခရစ်တော်၌စုံလင်ရင့်ကျက်သောသူအဖြစ် ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ဉာဏ်ပညာရှိသမျှတို့ဖြင့် လူတိုင်းကို သွန်သင်လျက် ထိုသခင်အကြောင်းကို ဟောပြောကြ၏။
သင်တို့သိကြသည့်အတိုင်း ဖခင်သည် မိမိသားသမီးများအပေါ်ပြုသကဲ့သို့ ငါတို့သည် သင်တို့အပေါ်ပြုမူလျက်
ညီအစ်ကိုတို့၊ သင်တို့အား ငါတို့တိုက်တွန်းနှိုးဆော်သည်ကား စည်းမဲ့ကမ်းမဲ့နေသောသူတို့ကို သတိပေးဆုံးမကြလော့။ စိတ်အားငယ်သောသူတို့ကို နှစ်သိမ့်ကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ လူအပေါင်းတို့အပေါ် စိတ်ရှည်သည်းခံကြလော့။
တစ်စုံတစ်ယောက်သည် ဤစာအားဖြင့် ငါတို့မှာကြားသောစကားကိုနားမထောင်လျှင် ထိုသူအား အရှက်ရစေရန် သူ့ကိုမှတ်ထားလျက် သူနှင့်အပေါင်းအဖော်မပြုကြနှင့်။
ငါ့သားသမီးတို့၊ သင်တို့သည် အပြစ်မပြုကြစေရန် ဤအရာများကို သင်တို့ထံ ငါရေးလိုက်၏။ တစ်စုံတစ်ယောက်သည် အပြစ်ပြုမိခဲ့လျှင် ခမည်းတော်ထံ၌ ကူညီဖြေရှင်းပေးသူတည်းဟူသော ဖြောင့်မတ်သည့်အရှင်ယေရှုခရစ်တော်သည် ငါတို့အတွက်ရှိ၏။
ငါ့သားသမီးတို့သည် သမ္မာတရား၌အသက်ရှင်လျှောက်လှမ်းနေကြောင်းကို ကြားရသည်ထက် ဝမ်းမြောက်စရာကောင်းသောအရာသည် ငါ၌မရှိ။