အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ကော 3:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို​သူ​ပြုလုပ်​သော​အရာ​သည် ထင်ရှား​လာ​လိမ့်မည်။ အကြောင်းမူကား ထို​နေ့ရက်​သည် ၎င်း​ကို​ထင်ရှား​စေ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် ထို​နေ့ရက်​သည် မီး​အားဖြင့်​ပေါ်ထွန်း​လာ​၍ လူ​တစ်ဦးစီ​ပြုလုပ်​သော​အရာ​သည် မည်ကဲ့သို့​ပြုလုပ်​ထား​သည်​ကို မီး​သည်​စစ်ဆေး​လိမ့်မည်။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​သူ​တစ်​ယောက်​စီ​၏​တည်​ဆောက်​မှု​အ​ရည် အ​သွေး​သည် ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​ရာ​နေ့ ၌​သိ​သာ​ထင်​ရှား​လိမ့်​မည်။ ထို​နေ့​၌​မီး​လျှံ သည်​လူ​တိုင်း​၏​အ​လုပ်​ကို​ထင်​ပေါ်​စေ​လိမ့်​မည်။ ထို​မီး​သည်​လူ​အ​သီး​သီး​တို့​၏​အ​လုပ် အ​ရည်​အ​သွေး​ကို​စစ်​ဆေး​ပေး​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

အ သီး အ သီး၏ အ လုပ် သည် ပေါ် ရ လ တ္တံ့။ အ သီး အ သီး ၏ အ လုပ် ကို မည် သည့် အ ရည် ဖြစ် ကြောင်း နေ့ တော် မီး စံ ချ သည့် အ လျောက် မီး၌ ထင် ရှား မည့် နေ့ ရက် တော် သည် ဖော် ပြ လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

အ​သီး​အ​သီး​လုပ်​သော အ​လုပ်​သည် ထင်​ရှား​လိမ့်​မည်။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဖော်​ပြ​ချိန်​နေ့​ရက်​သည် မီး​အား​ဖြင့် ထင်​ရှား​စေ​လိမ့်​မည်။ လူ​တိုင်း​လုပ်​သော​အ​လုပ်​သည် အ​ဘယ်​သို့​သော အ​လုပ်​ဖြစ်​သည်​ကို မီး​သည် စစ်​ကြော​စုံ​စမ်း​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို​သူ​အသီးသီးတို့​၏ လုပ်ဆောင်မှု​သည် ပေါ်​လာ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တရားစီရင်ရာ​နေ့​၌ ထို​သူတို့​၏ လုပ်ဆောင်မှု​ကို မီး​သည် ဖော်ပြမည်​ဖြစ်သောကြောင့်​ပင်။ ထို​မီး​သည် လူ​အသီးသီးတို့​၏ လုပ်ဆောင်မှု​အရည်အသွေး​ရှိမရှိ​ကို စစ်ဆေး​လိမ့်မည်။

အခန်းကိုကြည့်ပါ။



၁ ကော 3:13
28 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် တရားမျှတမှု​ကို မျဉ်းကြိုး​ဖြစ်​စေ​မည်​။ ဖြောင့်မတ်​ခြင်း​ကို မှန်ထုပ်​ဖြစ်စေ​မည်​။ မိုးသီး​သည် လိမ်လည်မှု​တို့​ခိုလှုံ​ရာ​အရပ်​ကို ဖယ်ရှား​မည်​။ ရေ​သည် ပုန်းခို​ရာ​အရပ်​ကို​လွှမ်းမိုး​မည်​။


ပညတ်တရား​၊ သက်သေခံ​တော်မူ​ချက်​တို့​ကို​သာ မေးမြန်း​သင့်​သည်​မ​ဟုတ်​လော​။ ဤ​စကား​နှင့်အညီ မ​ပြောဆို​ကြ​လျှင် သူ​တို့​ထဲ၌ အရုဏ်အလင်း​မ​ရောက်​သေး​။


အိပ်မက်​နိမိတ်​ရ​သော​ပရောဖက်​သည် သူ့​အိပ်မက်​ကို ဟော​ပါစေ​။ နှုတ်ကပတ်တော်​ကို​ရ​သော​သူ​သည် နှုတ်ကပတ်တော်​ကို သစ္စာရှိ​စွာ​ဟော​ပါစေ​။ အဖျင်း​နှင့်​စပါး မည်သို့​ဆိုင်​သနည်း​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


“​ငါ့​နှုတ်ထွက်စကား​သည် မီး​ကဲ့သို့​လည်းကောင်း​၊ ကျောက်​ကို​ထုခွဲ​သော​တူ​ကဲ့သို့​လည်းကောင်း ဖြစ်​သည်​မ​ဟုတ်​လော​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ငါ​သည် ထို​သုံးပုံတစ်ပုံ​ကို မီး​ထဲသို့​ထည့်​၍ ငွေ​ကို​သန့်စင်​သကဲ့သို့ သန့်စင်​မည်​။ ရွှေ​ကို​စစ်​သကဲ့သို့ စစ်​မည်​။ သူ​တို့​သည် ငါ့​နာမ​ကို​ခေါ်​သောအခါ ငါ​ထူး​မည်​။ ‘သူ​တို့​သည် ငါ့​လူမျိုး​တော်​ဖြစ်​ကြ​၏’​ဟု ငါ​ဆို​မည်​။ သူ​တို့​က​လည်း ‘ထာဝရဘုရား​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏’​ဟူ၍ လျှောက်ဆို​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “ငါ​တရားစီရင်​သော​နေ့​၌ ထို​သူ​တို့​သည် ငါ​ပိုင်​တော်မူ​ရာ​ဘဏ္ဍာ​တော် ဖြစ်​ကြ​လိမ့်မည်​။ ဖခင်​၏​အမှု​ကို ဆောင်​သော​သား​အား ဖခင်​က ကရုဏာထား​သကဲ့သို့ သူ​တို့​ကို ငါ​ကရုဏာ​ထား​မည်”​ဟု မိန့်​တော်မူ​၏​။


ကိုယ်တော် ကြွလာ​မည့်​နေ့​တွင် မည်သူ​သည် ခံရပ်​နိုင်​မည်နည်း​။ ကိုယ်တော်​ပေါ်ထွန်း​တော်မူ​သောအခါ မည်သူ​သည် ရပ်တည်​နိုင်​မည်နည်း​။ ကိုယ်တော်​သည် ငွေ​ကို​ချွတ်​သော​မီး​၊ အဝတ်ဖွတ်​သော​ဆပ်ပြာ နှင့်​တူ​၏​။


သင်​တို့​အား ငါ​အမှန်​ဆို​မည်။ တရား​စီရင်​တော်မူ​ရာ​နေ့​၌ သောဒုံ​နှင့်​ဂေါမောရ​မြို့​တို့​သည် ထို​မြို့​ထက် ခံသာ​ကြ​လိမ့်မည်။


အကြောင်းမူကား လူ့သား​သည် မိမိ​၏​ကောင်းကင်တမန်​များ​နှင့်အတူ မိမိ​ခမည်းတော်​၏​ဘုန်း​အသရေ​ကို​ဆောင်​လျက် ကြွလာ​လိမ့်မည်။ ထိုအခါ လူ​အသီးသီး​တို့​အား သူ​တို့​၏​လုပ်ဆောင်မှု​နှင့်အညီ အကျိုး​အပြစ်​ကို​ပေး​တော်မူ​လိမ့်မည်။


ဤသည်ကား များစွာ​သော​သူ​တို့​၏​စိတ်နှလုံး​တွေးတော​ကြံစည်​မှု​များ​သည် ထင်ရှား​လာ​မည့်​အကြောင်း​တည်း။ သင်​၏​နှလုံး​ကို​လည်း သန်လျက်​သည်​ထိုးဖောက်​လိမ့်မည်”​ဟု ဆို​လေ​၏။


ဤ​အမှုအရာ​များ​သည် ငါ​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​အရ လူ​တို့​၏​လျှို့ဝှက်​သော​အကျင့်အကြံ​တို့​ကို ခရစ်တော်​ယေရှု​အားဖြင့် ဘုရားသခင်​စစ်ဆေး​စီရင်​တော်မူ​သော​နေ့​၌ ဖြစ်​လိမ့်မည်။


သို့သော် သင်​၏​မာကျော​ခက်ထန်​မှု​နှင့်​နောင်တ​မ​ရ​သော​စိတ်နှလုံး​တို့​ကြောင့် သင်​သည် အမျက်​တော်​နေ့​တည်းဟူသော ဘုရားသခင်​၏​ဖြောင့်မတ်​သည့် တရား​စီရင်​ခြင်း​ထင်ရှား​ရာ​နေ့​အတွက် အမျက်​တော်​ကို မိမိ​အဖို့​သိုမှီး​လျက်​ရှိ​၏။


ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နေ့ရက်​တွင် သင်​တို့​၌​အပြစ်တင်​စရာ​မ​ရှိ​မည့်​အကြောင်း ကိုယ်တော်​သည် သင်​တို့​ကို အဆုံး​တိုင်အောင် ခိုင်ခံ့​မြဲမြံ​စေ​တော်မူ​လိမ့်မည်။


တစ်စုံတစ်ဦး​သည် ထို​အုတ်မြစ်​ပေါ်တွင် ရွှေ၊ ငွေ၊ ကျောက်မျက်​ရတနာ၊ သစ်သား၊ မြက်​ခြောက်၊ ကောက်ရိုး​တို့​ဖြင့် တည်ဆောက်​လျှင်


သို့ဖြစ်၍ သခင်​ဘုရား​ကြွလာ​တော်​မ​မူ​မီ မည်သည့်​အရာ​ကို​မျှ အချိန်​မ​တန်​ဘဲ မ​စီရင်​ကြ​နှင့်။ ထို​သခင်​သည် အမှောင်​ထဲ၌ ကွယ်ဝှက်​ထား​သော​အရာ​များ​ကို အလင်း​သို့​ယူဆောင်​လာ​ပြီး စိတ်နှလုံး​အကြံအစည်​များ​ကို ထင်ရှား​စေ​တော်မူ​လိမ့်မည်။ ထိုအခါ လူ​အသီးသီး​တို့​သည် ဘုရားသခင်​ထံ​တော်​မှ ချီးမွမ်း​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။


ထို​အကြောင်း​ကြောင့် ငါ​သည် ဤ​ဒုက္ခ​ဝေဒနာ​များ​ကို​လည်း ခံစား​နေ​ရ​၏။ သို့သော် ငါ​သည် ရှက်ကြောက်​ခြင်း​မ​ရှိ။ အကြောင်းမူကား ငါ​သည် မိမိ​ယုံကြည်​သော​အရှင်​ကို​သိ​၍ ကိုယ်တော်​ထံ၌ ငါ​အပ်​ထား​သော​အရာ​ကို ထို​နေ့ရက်​တိုင်အောင် ကိုယ်တော်​စောင့်ထိန်း​နိုင်​သည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏။


ထို​နေ့ရက်​၌ သခင်​ဘုရား​ထံ​တော်​မှ ကရုဏာ​တော်​ခံစား​ရ​သော​အခွင့်​ကို သခင်​ဘုရား​သည် သူ့​အား​ပေး​တော်မူ​ပါစေသော။ ဧဖက်​မြို့​၌​ရှိ​စဉ်​က​လည်း သူ​သည် ငါ့​ကို မည်မျှ​လုပ်ကျွေး​ပြုစု​ခဲ့​သည်​ကို သင်​ကောင်းစွာ​သိ​၏။


သူ​တို့​သည် နောက်ထပ်​တိုး​၍ တက်လှမ်း​နိုင်​ကြ​လိမ့်မည်​မ​ဟုတ်။ အကြောင်းမူကား သူ​တို့​၏​မိုက်မဲ​မှု​သည် ထို​သူ​နှစ်​ဦး​တို့​၏​မိုက်မဲ​မှု​ကဲ့သို့ လူ​အပေါင်း​တို့​ရှေ့၌ ပေါ်လွင်​ထင်ရှား​လာ​လိမ့်မည်။


ယခု​အခါ​တွင် ဖြောင့်မတ်​ခြင်း​သရဖူ​သည် ငါ့​အတွက် အသင့်​ရှိ​နေ​၏။ ထို​နေ့​၌ ဖြောင့်မတ်​သည့်​တရား​စီရင်​သူ​ဖြစ်​တော်မူ​သော သခင်​ဘုရား​သည် ထို​သရဖူ​ကို ငါ့​အား​ပေး​တော်မူ​လိမ့်မည်။ ငါ့​ကို​သာ​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​ပေါ်ထွန်း​တော်မူ​ခြင်း​ကို လိုလား​တောင့်တ​သူ​အားလုံး​တို့​ကို​လည်း ပေး​တော်မူ​လိမ့်မည်။


အချို့​သော​သူ​တို့​ပြုလေ့​ရှိ​သကဲ့သို့ အတူတကွ​စည်းဝေး​ခြင်း​အမှု​ကို မ​ပစ်ပယ်​ဘဲ အချင်းချင်း​တိုက်တွန်း​နှိုးဆော်​၍ နေ့ရက်​တော်​နီးကပ်​လာ​သည်​ကို​တွေ့မြင်​ရ​သည်​နှင့်အမျှ ပို၍​ထိုသို့​ပြု​ကြ​ကုန်စို့။


ဤသည်ကား မီး​ဖြင့်​စစ်ဆေး​ခြင်း​ခံရ​ပြီ​ဖြစ်​သော်လည်း ပျက်စီး​တတ်​သည့်​ရွှေ​ထက် များစွာ​အဖိုးတန်​သော သင်​တို့​၏​ယုံကြည်​ခြင်း​ကို စစ်ကြော​စုံစမ်း​ခြင်း​သည် ယေရှု​ခရစ်တော်​ပေါ်ထွန်း​တော်မူ​သော​အချိန်​၌ ချီးမွမ်း​ခြင်း၊ ဘုန်း​အသရေ​နှင့် ဂုဏ်သရေ​အဖြစ်​သို့​ရောက်​မည့်​အကြောင်း​တည်း။


ချစ်​ရ​သော​သူ​တို့၊ သင်​တို့​ကို စမ်းသပ်​စစ်ဆေး​ရန် သင်​တို့​ထံ​ကျရောက်​လာ​သည့်​ဒုက္ခ​မီး​ကို သင်​တို့​၌ ထူးဆန်း​သော​အရာ​ဖြစ်ပျက်​လာ​သကဲ့သို့ အံ့ဩ​ခြင်း​မ​ရှိ​ဘဲ


သို့ရာတွင် ထာဝရ​ဘုရား​၏​နေ့ရက်​သည် သူခိုး​လာ​သကဲ့သို့​ရောက်လာ​လိမ့်မည်။ ထို​နေ့ရက်​၌ ကောင်းကင်​သည် ကျယ်လောင်​သော​အသံ​ဖြင့် ကွယ်ပျောက်​သွား​၍ လောကဓာတ်​တို့​သည် ပြင်းထန်​သော​အပူ​ရှိန်​ဖြင့် ပျက်သုဉ်း​သွား​လိမ့်မည်။ မြေကြီး​မှစ၍ ၎င်း​ပေါ်၌​ပြုလုပ်​သော​အရာ​တို့​သည်​လည်း လောင်ကျွမ်း​လိမ့်မည်။


ယခု​ရှိ​သော ကောင်းကင်​နှင့်​မြေကြီး​မူကား ထို​နှုတ်ကပတ်တော်​အားဖြင့် မီး​အတွက်​သိုမှီး​ထား​ခြင်း​ခံရ​၍ ဘုရား​တရား​မဲ့​သော​သူ​တို့​၏​ပျက်စီး​ခြင်း​နှင့် တရား​စီရင်​ခြင်း​နေ့ရက်​တိုင်အောင် ထိန်းသိမ်း​ထား​ခြင်း​ခံရ​လျက်​ရှိ​၏။


တစ်ဖန် သေလွန်​သော​သူ​အကြီး​အငယ်​တို့​သည် ပလ္လင်​တော်​ရှေ့​၌​ရပ်​နေ​ကြ​သည်​ကို ငါ​မြင်​ရ​၏။ စာစောင်​များ​ကို​ဖွင့်​ထား​၍ အသက်​စာစောင်​တည်းဟူသော အခြား​သော​စာစောင်​ကို​လည်း​ဖွင့်​ထား​၏။ သေလွန်​သော​သူ​တို့​သည် ထို​စာစောင်​များ​တွင်​ရေး​ထား​သည့်​အတိုင်း မိမိ​တို့​ပြု​သော​အမှု​များ​နှင့်အညီ တရား​စီရင်​ခြင်း​ကို​ခံရ​ကြ​၏။