အတင်းအဖျင်းလိုက်ပြောသောသူသည် လျှို့ဝှက်ချက်ကို ပေါက်ကြားစေတတ်၏။ သို့ဖြစ်၍ နှုတ်ဖွာသောသူနှင့် ရောနှောဆက်ဆံခြင်းမပြုနှင့်။
၁ ကော 2:4 - မြန်မာ့စံမီသမ္မာကျမ်း ငါ၏စကားနှင့် ငါ၏ဟောပြောချက်တို့သည်လည်း ဆွဲဆောင်မှုရှိသည့် ဉာဏ်ပညာစကားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်နှင့် တန်ခိုးတော်တို့၏သက်သေအထောက်အထားအားဖြင့်ဖြစ်၏။ Common Language Bible ဟောပြောသွန်သင်ရာ၌လူတို့၏ဉာဏ်ပညာ နှင့်ယှဉ်သောစကားများကိုအသုံးမပြုဘဲ ဘုရားသခင်၏ဝိညာဉ်တော်တန်ခိုးပါရှိ သည့်စကားများကိုသာအသုံးပြု၏။- Garrad Bible လူ့ ပ ညာ၌ မ တည်။ ဘု ရား သ ခင်၏ တန် ခိုး တော်၌ တည် စေ ခြင်း ငှာ ဉာဏ် ပ ညာ ယှဉ် သော သွေး ဆောင် ခြင်း စ ကား ဖြင့် မ ဟုတ်။ တန် ခိုး ကြီး စွာ ဝိ ညာဉ် တော် သက် သေ ပေး တော် မူ သည့် အ လျောက် ကြော် ငြာ ဟော ပြော ခဲ့ ၏။ Judson Bible သင်တို့၏ယုံကြည်ခြင်းသည် လူပညာအားဖြင့် မတည်၊ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် တည်စေခြင်းငှာ၊ ငါ့စကား၊ ငါ့ဒေသနာသည် လူပညာနှင့်ယှဉ်သော ဖြားယောင်းသောစကားနှင့်တကွ ရှိသည်မဟုတ်။ ဝိညာဉ်တော်၏နိမိတ်လက္ခဏာ တန်ခိုးတော်နှင့်တကွ ရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်၏သတင်းစကားနှင့် ကျွန်ုပ်၏ ဟောပြောချက်တို့မှာ အလွန်ရိုးစင်း၏။ ကျွန်ုပ်သည် ဖြားယောင်းသော ပညာစကားတို့ဖြင့် မပြောဆိုဘဲ သန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုးတော်တို့၏ သက်သေအထောက်အထားအားဖြင့်သာ ပြောဆို၏။ |
အတင်းအဖျင်းလိုက်ပြောသောသူသည် လျှို့ဝှက်ချက်ကို ပေါက်ကြားစေတတ်၏။ သို့ဖြစ်၍ နှုတ်ဖွာသောသူနှင့် ရောနှောဆက်ဆံခြင်းမပြုနှင့်။
ထိုမိန်းမသည် ဆွဲဆောင်သောစကားများစွာတို့ဖြင့် သူ့ကိုမြှူဆွယ်၍ မိမိနှုတ်ခမ်းမှ ချိုသာသောစကားဖြင့် သူ့ကိုသွေးဆောင်လေရာ
အကြောင်းမူကား လူအများတို့က “ပတ်ပတ်လည်၌ ကြောက်လန့်စရာရှိ၏။ သတင်းပို့ကြစို့။ ငါတို့သတင်းပို့ကြစို့”ဟူ၍ တီးတိုးပြောသံကိုသာ ငါကြားရ၏။ အကျွန်ုပ်၏မိတ်ဆွေရင်းချာအပေါင်းတို့လည်း အကျွန်ုပ်ပြိုလဲသည်ကို စောင့်ကြည့်၍ “သူ့ကို လှည့်စား၍ ရကောင်းရနိုင်လိမ့်မည်။ သူ့ကို အနိုင်ယူမည်။ လက်တုံ့ပြန်မည်”ဟု ဆိုကြ၏။
သူတို့သည် မဟုတ်မမှန်သောနိမိတ်ကို မြင်ကြ၏။ ဂမ္ဘီရအတတ်ဖြင့် လိမ်ညာပြောဆိုတတ်ကြ၏။ ထာဝရဘုရားမစေလွှတ်ဘဲ ထာဝရဘုရား မိန့်မှာတော်မူသည်ဟု ဆိုလျက် ဆိုသည့်အတိုင်းလည်း ပြည့်စုံမည်ဟူ၍ မျှော်လင့်တတ်ကြ၏။
အကြောင်းမူကား ငါသည် တွန့်ဆုတ်ခြင်းမရှိဘဲ ဘုရားသခင်၏အကြံအစည်တော်ကို သင်တို့အား အကုန်အစင်ဖော်ပြခဲ့ပြီ။
ထိုအခါ အဂြိပ္ပမင်းကြီးက “သင်သည် တိုတောင်းသောအချိန်အတွင်း၌ ငါ့ကိုခရစ်ယာန်ဖြစ်အောင် စည်းရုံးနေပါတကား”ဟု ပေါလုအား ဆိုလေ၏။
သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် မျှော်လင့်ခြင်းနှင့်ကြွယ်ဝမည့်အကြောင်း မျှော်လင့်ခြင်း၏အရှင်ဘုရားသခင်သည် ယုံကြည်ခြင်းမှလာသော ဝမ်းမြောက်ခြင်းနှင့်ငြိမ်သက်ခြင်းအလုံးစုံတို့ဖြင့် သင်တို့ကိုပြည့်စုံစေတော်မူပါစေသော။
နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများ၏တန်ခိုးအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ်တော်တန်ခိုးအားဖြင့်လည်းကောင်း ပြုတော်မူသောအမှုအရာတို့မှအပ ငါသည် မည်သည့်အရာကိုမျှ အရဲစွန့်၍မပြောလိုပေ။ ဤသို့ဖြင့် ငါသည် ဂျေရုဆလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်သွားကာ ခရစ်တော်၏ကောင်းမြတ်သောသတင်းကို စုံလင်စွာဟောပြောခဲ့၏။
အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့၏သခင်ခရစ်တော်ကို အစေမခံဘဲ မိမိတို့၏ဝမ်းဗိုက်ကိုသာ အစေခံ၍ ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားတို့ဖြင့် ရိုးစင်းသောသူတို့၏စိတ်နှလုံးကို လှည့်ဖြားတတ်ကြ၏။
အကြောင်းမူကား ဗတ္တိဇံပေးစေရန် ခရစ်တော်သည် ငါ့ကိုစေလွှတ်တော်မူသည်မဟုတ်။ ကောင်းမြတ်သောသတင်းကိုဟောပြောစေရန် စေလွှတ်တော်မူ၏။ ထိုသို့ဟောပြောရာ၌လည်း ခရစ်တော်၏လက်ဝါးကပ်တိုင်တော်ကို အချည်းနှီးမဖြစ်စေရန် နှုတ်အတတ်အားဖြင့်ဟောပြောရန်မဟုတ်။
ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံသို့ရောက်လာစဉ်က ထူးမြတ်သောစကားနှင့် ဉာဏ်ပညာတို့အားဖြင့် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ဟောပြောသည်မဟုတ်။
ဘုရားသခင်ပေးသနားတော်မူသောအရာတို့ကို ငါတို့ဟောပြောသောအခါ လူ့ဉာဏ်ပညာက သင်ကြားပေးသောစကားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်က သင်ကြားပေးသောစကားအားဖြင့် ဟောပြော၍ ဝိညာဉ်ရေးနှင့်ဆိုင်သောအရာတို့ကို ဝိညာဉ်သဘောအားဖြင့် နှိုင်းယှဉ်သုံးသပ်ကြ၏။
ဖြူစင်ခြင်း၌ဖြစ်စေ၊ အသိပညာ၌ဖြစ်စေ၊ စိတ်ရှည်ခြင်း၌ဖြစ်စေ၊ ကျေးဇူးပြုခြင်း၌ဖြစ်စေ၊ သန့်ရှင်းသောဝိညာဉ်တော်၌ဖြစ်စေ၊ ဟန်ဆောင်မှုကင်းသောမေတ္တာ၌ဖြစ်စေ၊
အကြောင်းမူကား ယခု ငါသည် လူတို့ထံမှမျက်နှာရရန် ကြိုးစားနေသလော၊ သို့မဟုတ် ဘုရားသခင်ထံမှမျက်နှာရရန် ကြိုးစားနေသလော၊ သို့တည်းမဟုတ် လူတို့ကိုနှစ်သက်စေရန် ကြိုးစားနေသလော။ လူတို့ကိုနှစ်သက်စေရန် ငါကြိုးစားနေသေးလျှင် ငါသည် ခရစ်တော်၏အစေအပါးဖြစ်သည်မဟုတ်။
မည်သူမျှ သင်တို့ကို ဖြားယောင်းသောစကားဖြင့် မလှည့်စားစေရန် ဤသို့ ငါပြောဆို၏။
အကြောင်းမူကား ငါတို့ဟောပြောသည့် ကောင်းမြတ်သောသတင်းသည် စကားအားဖြင့်သာမဟုတ်ဘဲ တန်ခိုးတော်အားဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်လည်းကောင်း၊ ပြည့်ဝသောစိတ်ချမှုအားဖြင့်လည်းကောင်း သင်တို့ထံသို့ရောက်လာ၏။ ငါတို့သည် သင်တို့နှင့်အတူရှိစဉ် သင်တို့အတွက် မည်ကဲ့သို့သောသူဖြစ်ကြသည်ကို သင်တို့သိကြ၏။
ထိုအခါ သူတို့ပြုစုသောအရာတို့သည် မိမိတို့အတွက်မဟုတ်ဘဲ သင်တို့အတွက်ဖြစ်ကြောင်း သူတို့အားဖွင့်ပြတော်မူ၏။ ယခု ထိုအရာတို့သည် ကောင်းကင်ဘုံမှစေလွှတ်ခြင်းခံရသည့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကောင်းမြတ်သောသတင်းကိုဟောပြောသောသူများမှတစ်ဆင့် သင်တို့ထံ ဖော်ပြခြင်းခံရပြီ။ ကောင်းကင်တမန်တို့ပင်လျှင် ထိုအရာတို့ကိုကြည့်ရှုရန် အလွန်အလိုရှိကြ၏။
အကြောင်းမူကား ငါတို့သည် ငါတို့သခင်ယေရှုခရစ်တော်၏တန်ခိုးတော်နှင့် ကြွလာတော်မူခြင်းတို့ကို သင်တို့အားပြောပြသောအခါ ပါးနပ်စွာဖန်တီးထားသောဒဏ္ဍာရီများကို အသုံးပြုသည်မဟုတ်။ ငါတို့သည် ထိုအရှင်၏ကြီးမြတ်သောတန်ခိုးတော်ကို ကိုယ်တိုင်မြင်တွေ့ရသူများဖြစ်ကြ၏။
အကြောင်းမူကား သူတို့သည် အချည်းနှီးချဲ့ထွင်ဝါကြွားပြောဆိုလျက် မှားယွင်းခြင်း၌အသက်ရှင်နေထိုင်သောသူတို့ထဲမှ လွတ်မြောက်ခါစရှိသောသူတို့ကို သွေးသားဇာတိ၏တပ်မက်ခြင်းနှင့်ကာမဂုဏ်လိုက်စားခြင်းတို့ဖြင့် လှည့်ဖြားဆွဲဆောင်ကြ၏။
ခုနစ်ရက်မြောက်သောနေ့၌ ထိုသူတို့က ရှံဆုန်၏မယားအား “စကားထာ၏အဖြေကို သင့်ယောက်ျားအား ချော့မော့မေးမြန်းလော့။ သို့မဟုတ်လျှင် ငါတို့သည် သင်နှင့်အတူ သင့်ဖခင်၏အိမ်သူအိမ်သားတို့ကို မီးရှို့ပစ်မည်။ သင်တို့သည် ငါတို့ပစ္စည်းကိုအပိုင်ယူလိုသောကြောင့် ဤပွဲသို့ ငါတို့ကို ဖိတ်ခေါ်သည်မဟုတ်လော”ဟု ဆိုကြ၏။
ထို့ကြောင့် ဖိလိတ္တိမင်းတို့သည် ဒေလိလထံသို့လာ၍ “ရှံဆုန်၏ကြီးမားသောခွန်အားသည် အဘယ်ကဖြစ်ကြောင်း၊ သူ့ကို မည်သည့်နည်းဖြင့် ဖမ်းဆီးချုပ်နှောင်နှိပ်စက်နိုင်ကြောင်းကို သူ့အား ချော့မော့မေးမြန်းကြည့်လော့။ ငါတို့သည် သင့်အား ငွေစ တစ်ထောင့်တစ်ရာစီ ပေးမည်”ဟု ဆိုကြ၏။