သင်တို့စကားကိုနားထောင်သောသူသည် ငါ့စကားကိုနားထောင်၏။ သင်တို့ကိုငြင်းပယ်သောသူသည် ငါ့ကိုငြင်းပယ်၏။ ငါ့ကိုငြင်းပယ်သောသူသည် ငါ့အားစေလွှတ်တော်မူသောအရှင်ကိုငြင်းပယ်၏”ဟု မိန့်တော်မူ၏။
၁ ကော 16:11 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် မည်သူမျှ သူ့ကိုမထီမဲ့မြင်မပြုစေနှင့်။ ငါသည် ညီအစ်ကိုများနှင့်အတူ သူရောက်လာမည်ကို စောင့်နေသည်ဖြစ်၍ သူသည် ငါ့ထံသို့ပြန်လာနိုင်ရန် သူ့ကို ငြိမ်းချမ်းစွာပို့ဆောင်ကြလော့။ Common Language Bible သူ့ကိုအဘယ်သူမျှမလေးမစားမပြုစေနှင့်။ ငါသည်ခရစ်ယာန်ညီအစ်ကိုများနှင့်အတူသူ့ ကိုစောင့်မျှော်လျက်ရှိသဖြင့် သူ့အားငါ့ထံသို့ ချောမောစွာပြန်လည်ရောက်ရှိစေရန်ကူညီ ကြလော့။ Judson Bible ထိုကြောင့် အဘယ်သူမျှ သူ့ကို မထီမဲ့မြင်မပြုစေနှင့်။ သူသည် ငါ့ထံသို့ငြိမ်ဝပ်စွာ ပြန်ရမည်အကြောင်း ပို့ဆောင်ခြင်း ကျေးဇူးကို ပြုကြလော့။ သူသည် အခြားသော ညီအစ်ကိုတို့နှင့်အတူ လာလိမ့်မည်ဟု ငါမျှော်လင့်လျက်နေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မည်သူမျှ သူ့ကို မထီမဲ့မြင်မပြုစေနှင့်။ သူသည် ကျွန်ုပ်ထံသို့ စိတ်ချမ်းသာစွာ ပြန်လာနိုင်ရန် သင်တို့ကူညီပေးကြလော့။ ကျွန်ုပ်သည်လည်း သူ့ကို ယုံကြည်သူများနှင့်အတူ ရောက်လာမည်ကို စောင့်နေလျက်ရှိ၏။ |
သင်တို့စကားကိုနားထောင်သောသူသည် ငါ့စကားကိုနားထောင်၏။ သင်တို့ကိုငြင်းပယ်သောသူသည် ငါ့ကိုငြင်းပယ်၏။ ငါ့ကိုငြင်းပယ်သောသူသည် ငါ့အားစေလွှတ်တော်မူသောအရှင်ကိုငြင်းပယ်၏”ဟု မိန့်တော်မူ၏။
ဤသို့ဖြင့် သူတို့သည် အသင်းတော်၏ပို့ဆောင်ခြင်းအားဖြင့် ဖိုနီးရှားနယ်နှင့်ရှမာရိနယ်တို့ကိုဖြတ်သွားရင်း လူမျိုးခြားတို့၏ပြောင်းလဲမှုအကြောင်းကို အကုန်အစင်ပြောပြကာ ညီအစ်ကိုအပေါင်းတို့ကို အလွန်ဝမ်းမြောက်စေကြ၏။
ထို့နောက် အချိန်အတန်ကြာနေပြီးမှ ညီအစ်ကိုတို့သည် သူတို့ကို ငြိမ်းချမ်းစွာပြန်လွှတ်သဖြင့် သူတို့သည် မိမိတို့ကိုစေလွှတ်သောသူတို့ထံသို့ ပြန်သွားကြ၏။
တိမောသေရောက်လာလျှင် သူသည် စိုးရိမ်ခြင်းမရှိဘဲ သင်တို့နှင့်အတူနေထိုင်နိုင်ရန် ဂရုစိုက်ကြလော့။ အကြောင်းမူကား သူသည် ငါကဲ့သို့ပင် သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်နေ၏။
ငါသည် သင်တို့နှင့်အတူ ဆောင်းကာလအတွင်း နေကောင်းနေဖြစ်လိမ့်မည်။ သို့ပြုလျှင် မည်သည့်နေရာသို့ ငါသွားသည်ဖြစ်စေ သင်တို့သည် ငါ့ကိုပို့ဆောင်ပေးနိုင်ကြလိမ့်မည်။
သင်တို့နေရာကိုဖြတ်လျက် မာကေဒေါနိပြည်သို့ သွားပြီးနောက် တစ်ဖန် မာကေဒေါနိပြည်မှ သင်တို့ထံသို့ပြန်လာ၍ သင်တို့၏ပို့ဆောင်ပေးခြင်းအားဖြင့် ယုဒပြည်သို့သွားမည်ဟု စီစဉ်ထား၏။
ထို့ကြောင့် ဤညွှန်ကြားချက်ကို ငြင်းပယ်သောသူသည် လူကိုမဟုတ်ဘဲ သင်တို့အား မိမိ၏သန့်ရှင်းသောဝိညာဉ်တော်ကိုပေးတော်မူသောဘုရားသခင်ကို ငြင်းပယ်၏။
သင်၏အသက်အရွယ်နုပျိုခြင်းကို မည်သူမျှမထီမဲ့မြင်မပြုစေနှင့်။ အပြောအဆို၌လည်းကောင်း၊ အသက်ရှင်နေထိုင်မှု၌လည်းကောင်း၊ ချစ်ခြင်းမေတ္တာ၌လည်းကောင်း၊ ယုံကြည်ခြင်း၌လည်းကောင်း၊ ဖြူစင်သန့်ရှင်းခြင်း၌လည်းကောင်း ယုံကြည်သောသူတို့အတွက် စံနမူနာဖြစ်လော့။
သင်သည် ဤအရာများကို အမိန့်အာဏာအပြည့်အဝဖြင့်ဟောပြောလျက် တိုက်တွန်းနှိုးဆော်ကာ အပြစ်ကိုဖော်ပြလော့။ မည်သူမျှ သင့်ကို မထီမဲ့မြင်မပြုစေနှင့်။
ထိုသူတို့သည် သင်၏ချစ်ခြင်းမေတ္တာအကြောင်းကို အသင်းတော်ရှေ့၌ သက်သေခံကြ၏။ သင်သည် ထိုသူတို့ကို ဘုရားသခင်၏အလိုတော်နှင့်အညီ ဆက်လက်ပို့ဆောင်ပေးလျှင် ကောင်းသောအမှုပြုခြင်းဖြစ်လိမ့်မည်။