လူမူကား သေသွားပြီးလျှင် ဆွေးမြည့်သွား၏။ အသက်ချုပ်ငြိမ်းပြီးလျှင် အဘယ်မှာရှိနိုင်တော့မည်နည်း။
၁ ကော 15:43 - မြန်မာ့စံမီသမ္မာကျမ်း အသရေမရှိသောအရာအဖြစ် စိုက်ပျိုးခြင်းခံရ၍ ဘုန်းအသရေနှင့်ပြည့်စုံသောအရာအဖြစ် ထမြောက်စေခြင်းကိုခံရ၏။ အားနည်းသောအရာအဖြစ် စိုက်ပျိုးခြင်းခံရ၍ ခွန်အားနှင့်ပြည့်စုံသောအရာအဖြစ် ထမြောက်စေခြင်းကိုခံရ၏။ Common Language Bible မြှုပ်နှံခြင်းခံရသောအခါအသရေပျက်၍ စွမ်းအားမရှိ။ ရှင်ပြန်ထမြောက်သောအခါ၌ အသရေနှင့်ပြည့်စုံလိမ့်မည်။- Garrad Bible ယုတ် ညံ့ သော အ ဖြစ် စိုက် ရာ ဘုန်း ကြီး သော အ ဖြစ် ရှင် ပြန် ခြင်း၊ အား နည်း သော အ ဖြစ် စိုက် ရာ တန် ခိုး ကြီး သော အ ဖြစ် ရှင် ပြန် ခြင်း၊ Judson Bible စိုက်သောအခါ ဂုဏ်အသရေပျက်၏။ ထမြောက်သောအခါ ဂုဏ်အသရေနှင့် ပြည့်စုံ၏။ စိုက်သောအခါ အစွမ်းမရှိ။ ထမြောက်သောအခါ အစွမ်းနှင့် ပြည့်စုံ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း စိုက်ပျိုးသောအခါ ဂုဏ်အသရေပျက်၍ ထမြောက်သောအခါ ဂုဏ်သရေရှိလိမ့်မည်။ စိုက်ပျိုးသောအခါ အားနည်း၍ ထမြောက်သောအခါ အားကြီးလိမ့်မည်။ |
လူမူကား သေသွားပြီးလျှင် ဆွေးမြည့်သွား၏။ အသက်ချုပ်ငြိမ်းပြီးလျှင် အဘယ်မှာရှိနိုင်တော့မည်နည်း။
ကိုယ်တော်သည် အကျွန်ုပ်၏ခွန်အားကို ဘဝလမ်းခရီးထဲ၌ပင် လျော့နည်းစေပြီး အကျွန်ုပ်၏နေ့ရက်တို့ကို တိုတောင်းစေတော်မူ၏။
ထိုကာလတွင် သင့်လူမျိုးကို စောင့်ရှောက်ပေးသော အထွတ်အမြတ်မင်းမိက္ခေလ ပေါ်လာလိမ့်မည်။ လူမျိုးတစ်မျိုးဖြစ်ပေါ်လာချိန်မှစ၍ ထိုကာလအထိ တစ်ခါမျှမဖြစ်ဖူးသောဆင်းရဲဒုက္ခကာလသည် ရောက်လာလိမ့်မည်။ သို့သော် ထိုနေ့ရက်တွင် စာစောင်ထဲ၌ စာရင်းဝင်သော သင့်လူမျိုးအားလုံး လွတ်မြောက်ခွင့်ရလိမ့်မည်။
ထိုအခါ ဖြောင့်မတ်သောသူတို့သည် သူတို့အဖ၏နိုင်ငံတော်၌ နေကဲ့သို့ ထွန်းလင်းကြလိမ့်မည်။ နားရှိသောသူသည် ကြားပါစေ။
ယေရှုက“ငါ့ကိုနတ်ဆိုးပူးနေသည်မဟုတ်။ ငါသည် ငါ့ခမည်းတော်ကိုရိုသေ၏။ သင်တို့မူကား ငါ့ကိုမထီလေးစားပြုကြ၏။
ဘုရားသခင်သည် သခင်ဘုရားကို ထမြောက်စေတော်မူသည်ဖြစ်၍ ငါတို့ကိုလည်း မိမိ၏တန်ခိုးတော်အားဖြင့် ထမြောက်စေတော်မူလိမ့်မည်။
အကြောင်းမူကား ကိုယ်တော်သည် အားနည်းခြင်းထဲတွင် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံခဲ့ရသော်လည်း ဘုရားသခင်၏တန်ခိုးတော်အားဖြင့် အသက်ရှင်တော်မူ၏။ ထိုနည်းတူ ငါတို့သည်လည်း ကိုယ်တော်၌ အားနည်းကြသော်လည်း သင်တို့ရှေ့၌ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။
ထို့ပြင် ကိုယ်တော်ကိုလည်းကောင်း၊ ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းတန်ခိုးကိုလည်းကောင်း၊ ကိုယ်တော်၏ဒုက္ခဝေဒနာကိုမျှဝေခံယူခြင်းကိုလည်းကောင်း သိရှိ၍ ကိုယ်တော်၏အသေခံခြင်း၌ တစ်သဏ္ဌာန်တည်းဖြစ်ခြင်းအခွင့်ကိုရရှိကာ
သင်တို့၏အသက်ဖြစ်သောခရစ်တော်ထင်ရှားတော်မူသောအခါ သင်တို့သည်လည်း ကိုယ်တော်နှင့်အတူ ဘုန်းအသရေ၌ထင်ရှားကြလိမ့်မည်။