၁ ကော 6:14 - မြန်မာ့စံမီသမ္မာကျမ်း14 ဘုရားသခင်သည် သခင်ဘုရားကို ထမြောက်စေတော်မူသည်ဖြစ်၍ ငါတို့ကိုလည်း မိမိ၏တန်ခိုးတော်အားဖြင့် ထမြောက်စေတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible14 ထာဝရဘုရားသည်သခင်ဘုရားကို ရှင်ပြန်ထမြောက်စေတော်မူ၏။ ငါတို့ကို လည်းတန်ခိုးတော်အားဖြင့်ရှင်ပြန်ထမြောက် စေတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible14 အ ရှင် ဘု ရား ကို ရှင် ပြန် ထ မြောက် စေ တော် မူ ခဲ့ သော ဘု ရား သ ခင် သည် တန် ခိုး တော် အား ဖြင့် ငါ တို့ ကို လည်း ရှင် ပြန် ထ မြောက် စေ တော် မူ ဦး မည်။ အခန်းကိုကြည့်ပါ။Judson Bible14 ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် သခင်ဘုရားကို ထမြောက်စေတော်မူသည်ဖြစ်၍၊ ငါတို့ကိုလည်း ထမြောက်စေတော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း14 ဘုရားသခင်သည် သခင်ခရစ်တော်ကို ထမြောက်စေတော်မူသကဲ့သို့ ကျွန်ုပ်တို့ကိုလည်း တန်ခိုးတော်အားဖြင့် သေရာမှ ထမြောက်စေတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုမျှမက ယေရှုကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောဘုရားရှင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူလျှင် ခရစ်တော်ကို သေသောသူတို့ထဲမှထမြောက်စေတော်မူသောဘုရားရှင်သည် သင်တို့အထဲ၌တည်နေသော မိမိ၏ဝိညာဉ်တော်အားဖြင့် သေတတ်သော သင်တို့၏ကိုယ်ခန္ဓာကိုလည်း အသက်ရှင်စေတော်မူလိမ့်မည်။