အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ကော 15:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ညီအစ်ကို​တို့၊ သင်​တို့​အား ငါ​ဟောပြော​ခဲ့​၍ သင်​တို့​လက်ခံ​ခဲ့​သည်​သာမက ၎င်း​အပေါ်၌ သင်​တို့​ရပ်တည်​ခဲ့​သည့် ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​အား တစ်ဖန် ငါ​သိ​စေ​အပ်​ပါ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​ဟော​ပြော​သည့် သ​တင်း​ကောင်း​ကို​ပြန်​လည်​သ​တိ​ရ​စေ​လို​၏။ ထို​သ​တင်း​ကောင်း​ကို​သင်​တို့​ခံ​ယူ​ကာ​ယင်း အ​ပေါ်​၌ သင်​တို့​၏​ယုံ​ကြည်​ခြင်း​ခိုင်​မြဲ​စွာ အ​မြစ်​စွဲ​လျက်​ရှိ​ပေ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

၄င်း ပြင် ညီ အစ် ကို တို့၊ ငါ ကြား ပြော ခဲ့ သည့် အ တိုင်း သင် တို့ နာ ယူ လျက် တည် နေ ကြ ရာ သ တင်း တော် အ မှတ် မဲ့ ယုံ ကြည် ကြ သည် မ ဟုတ် ဘဲ ငါ ကြား ပြော ခဲ့ သော ဒေ သ နာ ကို စွဲ မြဲ ကြ သည် မှန် လျင် သင် တို့ အား ကယ် တင် ရာ ကယ် တင် ကြောင်း ဖြစ် သော သ တင်း တော် မြတ် ကို ငါ ဖော် ပြ ဦး မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ညီ​အစ်​ကို​တို့၊ ငါ​သည်​သင်​တို့​အား ဟော​ပြော​ဖူး​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် ခံ​ယူ၍ မှီ​ဝဲ​ဆည်း​ကပ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​အား တစ်​ဖန်​ငါ​ကြား​လိုက်၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ညီအစ်ကို​မောင်နှမတို့… ယခင်က ကျွန်ုပ်​ဟောပြောခဲ့သော သတင်းကောင်း​ကို သင်တို့​အား ပြန်​၍ သတိရ​စေလို၏။ သင်တို့​သည် ထို​သတင်းကောင်း​ကို ခံယူခဲ့​ပြီး ထို​အပေါ်​၌ မှီခို​အားထားခဲ့ကြ၏။

အခန်းကိုကြည့်ပါ။



၁ ကော 15:1
22 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကို​ငြင်းပယ်​၍ ငါ့​စကား​တို့​ကို​လက်​မ​ခံ​သော​သူ​အား ပြစ်ဒဏ်​စီရင်​သော​သူ​ရှိ​၏။ ငါ​ဟောပြော​ခဲ့​သည့်​တရား​စကား​က​ပင် နောက်ဆုံး​သော​နေ့​၌ ထို​သူ​ကို​ပြစ်ဒဏ်​စီရင်​လိမ့်မည်။


လူမျိုးခြား​တို့​သည်​လည်း ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို လက်ခံ​ကြ​ကြောင်း တမန်တော်​တို့​နှင့် ယုဒ​ပြည်​တစ်လျှောက်​တွင်​ရှိ​သော​ညီအစ်ကို​တို့​သည် ကြားသိ​ကြ​၏။


ထိုအခါ ပေတရု​၏​စကား​ကို​လက်ခံ​သော​သူ​တို့​သည် ဗတ္တိဇံ​ခံ​ကြ​သဖြင့် ထို​နေ့​၌ လူ​ပေါင်း​သုံးထောင်​ခန့်မျှ​တိုးပွား​လာ​၏။


မှန်​ပေ​၏။ သူ​တို့​သည် မ​ယုံကြည်​မှု​ကြောင့် ခုတ်ဖြတ်​ခြင်း​ခံရ​ပြီး သင်​မူကား ယုံကြည်​ခြင်း​ကြောင့်​တည်​နေ​၏။ ထောင်လွှား​သော​သဘော​မ​ရှိ​ဘဲ ကြောက်ရွံ့​ခြင်း​ရှိ​လော့။


ဤ​အမှုအရာ​များ​သည် ငါ​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​အရ လူ​တို့​၏​လျှို့ဝှက်​သော​အကျင့်အကြံ​တို့​ကို ခရစ်တော်​ယေရှု​အားဖြင့် ဘုရားသခင်​စစ်ဆေး​စီရင်​တော်မူ​သော​နေ့​၌ ဖြစ်​လိမ့်မည်။


ယခု ငါတို့​ရပ်တည်​နေ​သော ဤ​ကျေးဇူး​တော်​ထဲသို့ ယုံကြည်​ခြင်း​ကြောင့် ခရစ်တော်​အားဖြင့် တိုးဝင်​ခွင့်​ကို​လည်း ငါ​တို့​ရရှိ​ကြ​သည်​ဖြစ်၍ ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​နှင့်ဆိုင်သော​မျှော်လင့်​ခြင်း​၌ ဂုဏ်ယူ​ဝမ်းမြောက်​ကြ​၏။


သတိ​ဝီရိယ​ရှိ​ကြ​လော့။ ယုံကြည်​ခြင်း​၌ ခိုင်မြဲ​စွာ​ရပ်တည်​ကြ​လော့။ ရဲစွမ်းသတ္တိ​ရှိ​ကြ​လော့။ ကြံ့ခိုင်​သန်စွမ်း​ကြ​လော့။


ငါ​သည် စိုက်ပျိုး​၏။ အာပေါလု​သည် ရေ​လောင်း​၏။ သို့သော် ကြီးထွား​စေ​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။


အကြောင်းမူကား ခရစ်တော်​၌ သင်​တို့​ကို​အုပ်ထိန်း​သူ တစ်သောင်း​ရှိ​သော်လည်း ဖခင်​မူကား များစွာ​မ​ရှိ။ ကောင်းမြတ်​သော​သတင်း​အားဖြင့် ခရစ်တော်​ယေရှု​၌ သင်​တို့​ကို​မွေးဖွား​ပေး​ခဲ့​သူ​မှာ ငါ​ပင်​ဖြစ်​၏။


ငါ​တို့​သည် သင်​တို့​၏​ယုံကြည်​ခြင်း​ကို ချုပ်ကိုင်​ထား​ကြ​သည်​မ​ဟုတ်။ သင်​တို့​၏​ဝမ်းမြောက်​ခြင်း​အတွက် သင်တို့​နှင့်အတူ​လုပ်ဆောင်​သော​သူ​များ​သာ​ဖြစ်​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ယုံကြည်​ခြင်း​ဖြင့် ရပ်တည်​ကြ​ပြီ​ဖြစ်​၏။


သင်​တို့​သည်​လည်း များစွာ​သော​ဆင်းရဲ​ဒုက္ခ​ထဲ၌ သန့်ရှင်း​သော​ဝိညာဉ်​တော်​ထံမှ​ရရှိ​သော​ဝမ်းမြောက်​ခြင်း​ဖြင့် နှုတ်ကပတ်တော်​ကို​လက်ခံ​၍ ငါ​တို့​နှင့်​သခင်​ဘုရား​ကို အတုယူ​သူ​များ​ဖြစ်​ကြ​၏။


သင်​တို့​သည် ငါ​တို့​ထံမှ​ကြားနာ​သော ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို လက်ခံ​ကြ​သောအခါ လူ​တို့​၏​စကား​အဖြစ်​မ​ဟုတ်​ဘဲ ၎င်း​၏​စစ်မှန်​သည့်​အဖြစ်​အတိုင်း တစ်နည်း​ဆိုသော် ယုံကြည်​သော​သင်​တို့​အထဲ​၌ သက်ဝင်​လှုပ်ရှား​နေ​သော ဘုရားသခင်​၏​နှုတ်ကပတ်​တရား​အဖြစ် လက်ခံ​ကြ​သောကြောင့် ငါ​တို့​သည် ဘုရားသခင်​ကို အမြဲမပြတ်​ကျေးဇူးတင်​ကြ​၏။


နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ သင်​တို့​သည် ဘုရားသခင်​ကို​နှစ်သက်​စေ​ရန် မည်ကဲ့သို့​အသက်ရှင်​လျှောက်လှမ်း​ရ​မည်​ကို ငါ​တို့​ထံမှ​နည်းခံ​ကြ​ပြီး ထို​အတိုင်း​အသက်ရှင်​လျှောက်လှမ်း​ကြ​သည့်​နည်းတူ ပို၍​ပြည့်စုံ​စွာ ကြိုးစား​အားထုတ်​ကြ​ရန် သင်​တို့​အား သခင်​ယေရှု​၏​နာမ​တော်​၌ ငါ​တို့​တိုက်တွန်း​နှိုးဆော်​လျက် တောင်းပန်​ကြ​၏။


ညီအစ်ကို​တို့၊ ငါ​တို့​ထံမှ​ခံယူ​ရရှိ​သည့်​ဓလေ့​ထုံးတမ်း​နှင့်အညီ မ​လိုက်လျှောက်​ဘဲ စည်းမဲ့ကမ်းမဲ့ အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သော ညီအစ်ကို​အားလုံး​ကို ရှောင်ကြဉ်​ကြ​ရန် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​အားဖြင့် သင်​တို့​ကို ငါ​တို့​ညွှန်ကြား​ကြ​၏။


ငါ​သည် သစ္စာရှိ​သော​ညီအစ်ကို​အဖြစ် ငါ​သတ်မှတ်​သော သိလွာနု​မှတစ်ဆင့် စာ​အနည်းငယ်​ရေး​လိုက်​ခြင်း​အားဖြင့် သင်​တို့​ကို​တိုက်တွန်း​နှိုးဆော်​ကာ ဤ​အရာ​သည် ဘုရားသခင်​၏​စစ်မှန်​သော​ကျေးဇူး​တော်​ဖြစ်​ကြောင်း သက်သေခံ​၏။ သင်​တို့​သည် ဤ​ကျေးဇူး​တော်​၌ ရပ်တည်​ကြ​လော့။