ငါသည် သူ၏အဖဖြစ်မည်။ သူသည်လည်း ငါ့သားဖြစ်မည်။ သူအမှားပြုမိလျှင် သူ့ကို လူသုံးကြိမ်လုံးနှင့် ဆုံးမမည်။ လူတို့ ရိုက်တတ်သကဲ့သို့ သူ့ကို ရိုက်မည်။
၁ ကော 11:32 - မြန်မာ့စံမီသမ္မာကျမ်း စီရင်ခြင်းခံရလျှင်လည်း လောကီသားတို့နှင့်အတူ ပြစ်ဒဏ်စီရင်ခြင်းမခံရမည့်အကြောင်း သခင်ဘုရား၏ဆုံးမတော်မူခြင်းကိုခံရကြ၏။ Common Language Bible သို့ရာတွင်ငါတို့အားဤသို့ထာဝရဘုရား သခင်စီရင်တော်မူခြင်းမှာ ငါတို့အားလောကီ သားတို့နှင့်အတူအပြစ်ဒဏ်မခံရစေရန် ဆုံးမတော်မူခြင်းဖြစ်သည်။ Garrad Bible သို့ ရာ တွင် ငါ တို့ သည် တ ရား စီ ရင် ခံ ရ ကြ သည့် ကာ လ ဤ လော က သား တို့ နှင့် အ တူ အ ပြစ် စီ ရင် မ ခံ ရ စေ ရန် အ ရှင် ဘု ရား ဆုံး မ တော် မူ ရာ ခံ ရ ခြင်း မျှ ဖြစ်၏။ Judson Bible စစ်ကြောစီရင်တော်မူခြင်းကို ခံရကြသောအခါ၊ လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုံးမတော်မူခြင်းကို ခံရကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့ကို သခင်ဘုရား တရားစီရင်တော်မူခြင်းမှာလည်း ကျွန်ုပ်တို့အား ဤလောကီသားတို့နှင့်အတူ ပြစ်ဒဏ်မခံရစေရန် ဆုံးမတော်မူခြင်းဖြစ်၏။ |
ငါသည် သူ၏အဖဖြစ်မည်။ သူသည်လည်း ငါ့သားဖြစ်မည်။ သူအမှားပြုမိလျှင် သူ့ကို လူသုံးကြိမ်လုံးနှင့် ဆုံးမမည်။ လူတို့ ရိုက်တတ်သကဲ့သို့ သူ့ကို ရိုက်မည်။
ထာဝရဘုရားသည် ငါ့ကိုပြင်းထန်စွာပဲ့ပြင်သော်လည်း သေခြင်းလက်သို့ ငါ့ကိုအပ်တော်မမူခဲ့ပေ။
သင်တို့သည် အဘယ်ကြောင့် ထပ်၍အရိုက်ခံလိုသေးသနည်း။ အဘယ်ကြောင့် ထပ်၍ပုန်ကန်ကြသနည်း။ ဦးခေါင်းတစ်ခုလုံး အနာဖြစ်ပြီ။ စိတ်နှလုံးလည်း ညှိုးနွမ်းကုန်ပြီ။
သင်က သူတို့အား ‘ဤလူမျိုးသည် သူတို့၏ဘုရားသခင် ထာဝရဘုရား၏စကားကို နားမထောင်ကြ။ ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သစ္စာပျက်သောလူမျိုး၊ ဟုတ်မှန်ရာကိုမပြောသောလူမျိုးဖြစ်လေပြီ။
ထိုမြို့သည် အသံတော်ကို နားမထောင်၊ ဆုံးမပဲ့ပြင်ခြင်းကို မခံယူ၊ ထာဝရဘုရားကို မကိုးစား၊ ဘုရားသခင်ထံ မဆည်းကပ်သောမြို့ဖြစ်၏။
ပညတ်တရားဆိုထားသမျှတို့သည် ပညတ်တရားအောက်၌ရှိသောသူများအတွက်ဆိုထားကြောင်း ငါတို့သိကြ၏။ ဤသည်ကား နှုတ်ရှိသမျှသည် ပိတ်ထားခြင်းခံရ၍ လောကီသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်ခြင်းလက်အောက်သို့ ကျရောက်ကြရန်ဖြစ်၏။
ထို့ပြင် ဆုကျေးဇူးသည် တစ်ယောက်သောသူက အပြစ်ပြုသောကြောင့် ဖြစ်လာသည့်အရာကဲ့သို့မဟုတ်ပေ။ အကြောင်းမူကား ကျူးလွန်သောအပြစ်တစ်ခုကြောင့်ဖြစ်လာသည့် တရားစီရင်ခြင်းသည် ပြစ်ဒဏ်စီရင်ခြင်းသို့ရောက်စေ၏။ သို့သော် ကျူးလွန်သောအပြစ်များစွာကြောင့်ဖြစ်လာသည့် ဆုကျေးဇူးမူကား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းသို့ရောက်စေ၏။
ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာရှိသနည်း။ ဤလောကရှိ ဝေဖန်ရေးသမားကား အဘယ်မှာရှိသနည်း။ ဘုရားသခင်သည် လောကီဉာဏ်ပညာကို မိုက်မဲစေတော်မူသည်မဟုတ်လော။
အကြောင်းမူကား ဘုရားသခင်၏ဉာဏ်ပညာအရ ဤလောကသည် မိမိ၏ဉာဏ်ပညာအားဖြင့် ဘုရားသခင်ကိုမသိခဲ့သောကြောင့် ဘုရားသခင်သည် ဟောပြောခြင်းအမှု၏မိုက်မဲသောအရာအားဖြင့် ယုံကြည်သောသူတို့ကိုကယ်တင်ရန် အလိုရှိတော်မူ၏။
ဤအကြောင်းကြောင့် သင်တို့တွင် အားနည်းသောသူနှင့်မကျန်းမာသောသူ များစွာရှိ၍ အိပ်ပျော်သောသူလည်း အများအပြားရှိကြ၏။
သို့သော် ငါတို့သည် မိမိတို့ကိုယ်ကိုပိုင်းခြား၍သိလျှင် စီရင်ခြင်းခံရမည်မဟုတ်။
ထို့ကြောင့် ငါ့ညီအစ်ကိုတို့၊ သင်တို့သည် စားသောက်ရန်စုဝေးကြသောအခါ တစ်ဦးကိုတစ်ဦးစောင့်ဆိုင်းကြလော့။
ဖခင်သည် သားကိုဆုံးမသကဲ့သို့ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုဆုံးမတော်မူကြောင်း သင်၏စိတ်နှလုံးထဲ၌ သိမှတ်ရမည်။
ထိုသူတို့တွင် ဟုမေနဲနှင့်အလက်ဇန္ဒြားတို့ပါဝင်ကြ၏။ သူတို့သည် ဘုရားသခင်ကို စော်ကားပြောဆိုခြင်းမပြုမည့်အကြောင်း ဆုံးမခြင်းကိုခံရကြရန် သူတို့ကို စာတန်လက်သို့ ငါအပ်လိုက်၏။
ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြသည်ကိုလည်းကောင်း၊ ကမ္ဘာလောကတစ်ခုလုံးသည် မာရ်နတ်လက်အောက်၌ရှိသည်ကိုလည်းကောင်း ငါတို့သိကြ၏။
ငါသည် ငါချစ်သမျှသောသူတို့၏အပြစ်ကိုဖော်ပြ၍ ဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိ၍ နောင်တရလော့။