ပျက်စီးခြင်း၏ရှေ့ပြေးသည် မာနကြီးခြင်းဖြစ်၏။ ပြိုလဲခြင်း၏ရှေ့ပြေးကား ဘဝင်မြင့်ခြင်းဖြစ်၏။
၁ ကော 10:12 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ရပ်နေသည်ဟုထင်မှတ်သောသူသည် မလဲစေရန် သတိပြုစေ။ Common Language Bible မိမိခိုင်မြဲစွာရပ်တည်လျက်နေသည်ဟုထင် သောသူသည်မယိုင်မလဲစေရန်သတိပြု ရ၏။- Garrad Bible တည် ကြည် သည် ဟု ကိုယ် ကို ထင် မှတ် သူ သည် မ လဲ မ ပြို ရန် ဂ ရု ပြု စေ။ Judson Bible ထိုကြောင့် အကြင်သူသည် မိမိတည်ကြည်လျက်နေသည်ဟု မိမိထင်မှတ်၏။ ထိုသူသည် မလဲခြင်းငှာ သတိပြုစေ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် မိမိကိုယ်ကိုယ် ခိုင်ခံ့စွာ ရပ်နေသည်ဟု ထင်လျှင် မလဲကျစေရန် သတိပြုပါ။ |
ပျက်စီးခြင်း၏ရှေ့ပြေးသည် မာနကြီးခြင်းဖြစ်၏။ ပြိုလဲခြင်း၏ရှေ့ပြေးကား ဘဝင်မြင့်ခြင်းဖြစ်၏။
ဩတ္တပ္ပစိတ်အစဉ်အမြဲရှိသောသူသည် မင်္ဂလာရှိ၏။ မိမိ၏စိတ်နှလုံးကိုမာကျောစေသောသူမူကား ဒုက္ခတွင်းထဲသို့ကျရောက်လိမ့်မည်။
သို့ဖြစ်၍ သင်တို့မည်ကဲ့သို့ကြားရသည်ကို သတိပြုကြလော့။ အကြောင်းမှာ ရှိသောသူအား ထပ်၍ပေးဦးမည်။ မရှိသောသူထံမှမူကား သူ၌ရှိသည်ဟု ထင်ရသောအရာကိုပင် သိမ်းယူလိမ့်မည်”ဟု မိန့်တော်မူ၏။
မှန်ပေ၏။ သူတို့သည် မယုံကြည်မှုကြောင့် ခုတ်ဖြတ်ခြင်းခံရပြီး သင်မူကား ယုံကြည်ခြင်းကြောင့်တည်နေ၏။ ထောင်လွှားသောသဘောမရှိဘဲ ကြောက်ရွံ့ခြင်းရှိလော့။
မည်သူမဆို တစ်စုံတစ်ရာကိုသိပြီဟုထင်မှတ်လျှင် ထိုသူသည် သိသင့်သည့်အတိုင်းပင် မသိသေး။
ခရစ်တော်၏တရား၌အခြေမပြုဘဲ လောက၏အခြေခံတရားနှင့် လူတို့၏ဓလေ့ထုံးတမ်း၌အခြေပြုသော အတွေးအခေါ်ပညာနှင့် အနှစ်သာရကင်းမဲ့သောလှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကိုမလွှမ်းမိုးမသိမ်းသွင်းစေရန် သတိပြုကြလော့။
ထို့ကြောင့် ချစ်ရသောသူတို့၊ ဤအရာတို့ကို သင်တို့သိထားနှင့်ပြီဖြစ်၍ စောင့်စည်းမှုမရှိသောသူတို့၏မှားယွင်းခြင်းသို့ လိုက်ပါသွားလျက် မိမိတို့၏တည်ကြည်မှုကို မဆုံးရှုံးစေရန် မိမိကိုယ်ကိုစောင့်ထိန်းကြလော့။