ရှုရှန်မြို့ရှိဂျူးလူမျိုးတို့မူကား တစ်ဆယ့်သုံးရက်၊ တစ်ဆယ့်လေးရက်တို့တွင် စုရုံးကြပြီး တစ်ဆယ့်ငါးရက်နေ့တွင် အနားယူကြ၏။ ထိုနေ့ကို ပျော်ရွှင်စွာပွဲခံရာနေ့အဖြစ် သတ်မှတ်လေ၏။
ရှုရှန်မြို့ရှိယုဒအမျိုးသားတို့မူကား ဆယ့်သုံးရက်နှင့်ဆယ့်လေးရက်တွင်ရန်သူ များကိုသတ်ဖြတ်၍ ဆယ့်ငါးရက်နေ့တွင် ရပ်နားကာထိုနေ့၌ရွှင်လန်းသောစား သောက်ပွဲကိုကျင်းပကြလေသည်။-
ရှု ရှန် မြို့ တော် ရှိ ယု ဒ လူ မျိုး တို့ မှာ၊ ဆယ့် သုံး ရက်၊ ဆယ့် လေး ရက် များ၌ စု ရုံး သ ဖြင့်၊ ငါး ရက် မှ ငြိမ် ဝပ် စွာ နေ၍၊ ရွှင် လန်း သော စား သောက် ပွဲ ကို ကျင်းပ ကြ၏။
ရှုရှန်မြို့၌ရှိသော ယုဒလူများမူကား၊ တစ်ဆယ်သုံးရက်နေ့နှင့် တစ်ဆယ်လေးရက်နေ့တွင်း စုဝေးကြ၏။ တစ်ဆယ်ငါးရက် မြောက်သောအခါ ငြိမ်ဝပ်စွာနေ၍ ပွဲခံရာနေ့၊ ပျော်မွေ့ရာနေ့ဖြစ်စေခြင်းငှာ စောင့်ရှောက်ကြ၏။
ထိုစာတွင် ရှင်ဘုရင်က မြို့ရွာအသီးသီးရှိ ဂျူးလူမျိုးတို့သည် စုရုံး၍ ကိုယ့်အသက်ကိုကာကွယ်ရန်နှင့် ဂျူးလူမျိုးတို့ကိုရန်ပြုသည့် မည်သည့်လူမျိုး၊ မည်သည့်ဒေသမှစစ်သည်တို့ကိုမဆို သူတို့နှင့် သူတို့၏မိန်းမများ၊ သူတို့၏ကလေးများပါမကျန် လွတ်လမ်းမရှိ သုတ်သင်ပယ်ရှင်းပစ်၍ သူတို့၏ဥစ္စာပစ္စည်းများကိုလည်း သိမ်းယူရန် ခွင့်ပြု၏။
ဤသို့ဖြင့် ဘုရင့်စာနှင့် ဘုရင့်အမိန့်အတိုင်းလုပ်ဆောင်ရန် အာဒါလဟုခေါ်သော တစ်ဆယ့်နှစ်လ၊ တစ်ဆယ့်သုံးရက်နေ့ရောက်လာ၏။ ထိုနေ့တွင် ရန်သူတို့က ဂျူးလူမျိုးတို့ကို အနိုင်ယူစိုးမိုးတော့မည်ဟု ထင်ထားသော်လည်း မထင်မှတ်ဘဲ အခြေအနေမှာပြောင်းပြန်ဖြစ်သွား၍ ဂျူးလူမျိုးတို့သည် သူတို့ကိုမုန်းသောရန်သူတို့အား အနိုင်ယူစိုးမိုးသွားလေ၏။
ထိုနေ့၌ ရှုရှန်နန်းတော်တွင် အသတ်ခံရသောသူများ၏စာရင်းကို ရှင်ဘုရင်ထံတင်ပြကြ၏။
ဧသတာကလည်း “အရှင်မင်းကြီးစိတ်တော်နှင့်တွေ့လျှင် ယနေ့အမိန့်စာအတိုင်း ရှုရှန်မြို့ရှိဂျူးလူမျိုးတို့ ပြုသကဲ့သို့ နက်ဖြန်နေ့၌လည်း ပြုခွင့်ပေးတော်မူပါ။ ဟာမန်၏သားဆယ်ယောက်တို့ကိုလည်း သစ်တိုင်၌ ဆွဲထားခွင့်ပြုတော်မူပါ”ဟု လျှောက်တင်၏။
အာဒါလ၊ တစ်ဆယ့်လေးရက်နေ့တွင် ရှုရှန်မြို့ရှိဂျူးလူမျိုးတို့ စုရုံးပြီး ရှုရှန်မြို့သားသုံးရာကို သုတ်သင်ပစ်၏။ သို့သော် သူတို့၏ဥစ္စာပစ္စည်းကို မသိမ်းယူကြပေ။
အာရွှေရုမင်းကြီး၏နယ်မြေဒေသအသီးသီးရှိ ဂျူးလူမျိုးတို့သည် မိမိတို့အား လုပ်ကြံသတ်ဖြတ်မည့်သူတို့ကို ပြန်လည်တိုက်ခိုက်ရန် မိမိတို့၏မြို့ရွာတို့တွင် စုရုံးကြ၏။ လူအပေါင်းတို့သည် ဂျူးလူမျိုးတို့ကိုကြောက်ရွံ့ကြသဖြင့် မည်သူမျှ သူတို့ကို မတိုက်ခိုက်ဝံ့ကြပေ။
ထိုစာတွင် နှစ်စဉ်နှစ်တိုင်း အာဒါလ၊ တစ်ဆယ့်လေးရက်နေ့နှင့် တစ်ဆယ့်ငါးရက်နေ့တွင် ပွဲတော်ကျင်းပရန် ပြဋ္ဌာန်းထား၏။