Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​သ​တာ 9:18 - Common Language Bible

18 ရှု​ရှန်​မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​တို့​မူ​ကား ဆယ့်​သုံး​ရက်​နှင့်​ဆယ့်​လေး​ရက်​တွင်​ရန်​သူ များ​ကို​သတ်​ဖြတ်​၍ ဆယ့်​ငါး​ရက်​နေ့​တွင် ရပ်​နား​ကာ​ထို​နေ့​၌​ရွှင်​လန်း​သော​စား သောက်​ပွဲ​ကို​ကျင်း​ပ​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ရှု ရှန် မြို့ တော် ရှိ ယု ဒ လူ မျိုး တို့ မှာ၊ ဆယ့် သုံး ရက်၊ ဆယ့် လေး ရက် များ၌ စု ရုံး သ ဖြင့်၊ ငါး ရက် မှ ငြိမ် ဝပ် စွာ နေ၍၊ ရွှင် လန်း သော စား သောက် ပွဲ ကို ကျင်းပ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ရှု​ရှန်​မြို့၌​ရှိ​သော ယု​ဒ​လူ​များ​မူ​ကား၊ တစ်​ဆယ်​သုံး​ရက်​နေ့​နှင့် တစ်​ဆယ်​လေး​ရက်​နေ့​တွင်း စု​ဝေး​ကြ၏။ တစ်​ဆယ်​ငါး​ရက် မြောက်​သော​အ​ခါ ငြိမ်​ဝပ်​စွာ​နေ၍ ပွဲ​ခံ​ရာ​နေ့၊ ပျော်​မွေ့​ရာ​နေ့​ဖြစ်​စေ​ခြင်း​ငှာ စောင့်​ရှောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ရှုရှန်​မြို့​ရှိ​ဂျူး​လူမျိုး​တို့​မူကား တစ်ဆယ့်​သုံး​ရက်​၊ တစ်ဆယ့်​လေး​ရက်​တို့​တွင် စုရုံး​ကြ​ပြီး တစ်ဆယ့်​ငါး​ရက်​နေ့​တွင် အနားယူ​ကြ​၏​။ ထို​နေ့​ကို ပျော်ရွှင်​စွာ​ပွဲခံရာ​နေ့​အဖြစ် သတ်မှတ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 9:18
7 ပူးပေါင်းရင်းမြစ်များ  

ထို​အ​မိန့်​စာ​များ​တွင်​မင်း​ကြီး​သည်​ယု​ဒ အ​မျိုး​သား​တို့​အား မိ​မိ​တို့​၏​အ​သက် ဘေး​ကို​ကာ​ကွယ်​ရန်​အ​တွက်​စု​ရုံး​ခွင့်​ပြု တော်​မူ​ကြောင်း​ပါ​ရှိ​လေ​သည်။ မည်​သည့် ပြည်​နယ်​၌​မ​ဆို​ယု​ဒ​ယောကျာ်း​နှင့်​ဇ​နီး သား​သ​မီး​များ​ကို​လက်​နက်​စွဲ​ကိုင်​တိုက် ခိုက်​လာ​သော​အ​ဘယ်​လူ​မျိုး​ကို​မ​ဆို ပြန်​လည်​တိုက်​ခိုက်​နိုင်​ခွင့်​ရှိ​ကြ​၏။ သူ တို့​အား​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ် ပြီး​လျှင်​သူ​တို့​၏​ပစ္စည်း​များ​ကို​လု​ယူ နိုင်​လေ​သည်။-


အာ​ဒါ​လ​ဆယ့်​သုံး​ရက်​နေ့​ကျ​ရောက်​လာ​၏။ ထို​နေ့​ရက်​သည်​ဘု​ရင့်​ကြေ​ညာ​ချက်​စ​တင် အ​တည်​ဖြစ်​သည့်​နေ့၊ မိ​မိ​တို့​လက်​တွင်း​သို့ ယု​ဒ​အ​မျိုး​သား​များ​ရောက်​ရှိ​လာ​ရန်​အ တွက်​ရန်​သူ​တို့​စောင့်​မျှော်​နေ​သော​နေ့​ဖြစ်​၏။ သို့​ရာ​တွင်​သူ​တို့​မျှော်​လင့်​သည့်​အ​တိုင်း မ​ဖြစ်​ဘဲ​ယု​ဒ​အ​မျိုး​သား​တို့​က​သူ တို့​အား​အ​နိုင်​ရ​ကြ​လေ​သည်။-


ထို​နေ့​၌​ရှု​ရှန်​မြို့​တွင်​အ​သတ်​ခံ​ရ​သည့် လူ​ဦး​ရေ​ကို မင်း​ကြီး​အား​သံ​တော်​ဦး တင်​ကြ​၏။-


ဧ​သ​တာ​က``အ​ရှင်​မင်း​ကြီး​သ​ဘော​တူ တော်​မူ​ပါ​လျှင်​ယ​နေ့​ရှု​ရှန်​မြို့​တွင်​ယု​ဒ အ​မျိုး​သား​များ​ပြု​ခဲ့​သည့်​အ​တိုင်း​နက် ဖြန်​ခါ​၌​လည်း​ပြု​ခွင့်​ပေး​တော်​မူ​ပါ။ ထို နောက်​ဟာ​မန်​၏​သား​တစ်​ကျိပ်​၏​အ​လောင်း များ​ကို​လည်​ဆွဲ​တိုင်​တွင်​ဆွဲ​ထား​စေ​တော် မူ​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။-


အာ​ဒါ​လ​တစ်​ဆယ့်​လေး​ရက်​နေ့​၌​ရှု​ရှန် မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​များ​သည်​စု​ရုံး​၍ လူ​ပေါင်း​သုံး​ရာ​ကို​ထပ်​မံ​သတ်​ဖြတ်​ကြ လေ​သည်။ သို့​ရာ​တွင်​ဤ​တစ်​ကြိမ်​၌​လည်း သူ​တို့​သည်​လု​ယက်​မှု​ကို​မ​ပြု​ကြ။


အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​မြို့​တိုင်း​၌ ယု​ဒ​အ​မျိုး​သား​များ​သည် ဘေး​အန္တ​ရာယ် ပြု​မည့်​သူ​တို့​ကို​တိုက်​ခိုက်​ရန်​မိ​မိ​တို့​ရပ် ကွက်​များ​တွင်​စု​ရုံး​လျက်​နေ​ကြ​၏။ အ​ရပ် ရပ်​ရှိ​လူ​တို့​သည်​သူ​တို့​အား​ကြောက်​လန့် ကြ​၏။ အ​ဘယ်​သူ​မျှ​သူ​တို့​ကို​ခု​ခံ တိုက်​ခိုက်​နိုင်​စွမ်း​မ​ရှိ​ချေ။-


နှစ်​တိုင်း​အာ​ဒါ​လ​ဆယ့်​သုံး​ရက်​နှင့်​ဆယ့် လေး​ရက်​နေ့​ကို ပျော်​ရွှင်​ရာ​နေ့​များ​အ​ဖြစ် ကျင်း​ပ​ရန်​အ​မှာ​စာ​များ​ရေး​သား​ပေး ပို့​လိုက်​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ