Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​သ​တာ 9:17 - Common Language Bible

17 ထို​နေ့​ကား​အာ​ဒါ​လ​ဆယ့်​သုံး​ရက်​နေ့ ဖြစ်​သ​တည်း။ ဆယ့်​လေး​ရက်​နေ့​၌​သူ​တို့ သည်​သတ်​ဖြတ်​မှု​ကို​မ​ပြု​ကြ​တော့​ဘဲ ရွှင်​လန်း​သော​စား​သောက်​ပွဲ​ကို​ကျင်း​ပ ကြ​ကုန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ထို​လ တစ်​ဆယ်​လေး​ရက်​နေ့​တွင် ငြိမ်​ဝပ်​စွာ​နေ၍ ပွဲ​ခံ​ရာ​နေ့၊ ပျော်​မွေ့​ရာ​နေ့​ဖြစ်​စေ​ခြင်း​ငှာ စောင့်​ရှောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ထို​နေ့​သည် အာဒါ​လ​၊ တစ်ဆယ့်​သုံး​ရက်​နေ့ ဖြစ်​၏​။ တစ်ဆယ့်​လေး​ရက်​နေ့​တွင် အနားယူ​ကြ​၏​။ ထို​နေ့​ကို ပျော်ရွှင်​စွာ​ပွဲခံရာ​နေ့​အဖြစ် သတ်မှတ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 9:17
5 ပူးပေါင်းရင်းမြစ်များ  

ပ​ထ​မ​လ၊ ဆယ့်​သုံး​ရက်​နေ့​၌​ဟာ​မန်​သည် မင်း​ကြီး​၏​အ​တွင်း​ဝန်​များ​ကို​ခေါ်​၍ အ​မိန့် ကြေ​ငြာ​ချက်​ရေး​သား​ရန်​နှုတ်​တိုက်​ချ​၍ ပေး​လေ​သည်။ ထို​နောက်​ထို​အ​မိန့်​ကို​အင် ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရှိ​လူ​အ​မျိုး မျိုး​တို့​၏​ဘာ​သာ​စ​ကား​သို့​ပြန်​ဆို​ရေး သား​စေ​၍​အုပ်​ချုပ်​သူ​များ၊ ဘု​ရင်​ခံ​များ နှင့်​မင်း​အရာ​ရှိ​ထံ​သို့​ပေး​ပို့​၏။ ထို​အ​မိန့် တော်​ကို​ဇေ​ရဇ်​မင်း​၏​နာ​မည်​နှင့်​ထုတ် ပြန်​ကာ ဘု​ရင့်​တံ​ဆိပ်​တော်​ခတ်​နှိပ်​ထား လေ​သည်။-


ဤ​သို့​ဖြစ်​ပျက်​သည်​မှာ​သိ​ဝန်​ခေါ်​တ​တိ​ယ လ၊ နှစ်​ဆယ့်​သုံး​ရက်​နေ့​၌​ဖြစ်​၏။ မော်​ဒ​ကဲ သည်​မင်း​ကြီး​၏​အ​တွင်း​ဝန်​များ​ကို​ခေါ် ယူ​ကာ​ယု​ဒ​အ​မျိုး​သား​တို့​ထံ​သို့​လည်း ကောင်း၊ အိန္ဒိ​ယ​ပြည်​မှ​အဲ​သ​ရော​ပိ​ပြည် တိုင်​အောင်​တစ်​ရာ့​နှစ်​ဆယ့်​ခု​နစ်​ပြည်​နယ် ရှိ​ဘု​ရင်​ခံ​များ၊ အုပ်​ချုပ်​ရေး​မှူး​များ နှင့်​မင်း​အ​ရာ​ရှိ​များ​ထံ​သို့​အ​မှာ​စာ များ​ရေး​သား​ရန်​နှုတ်​တိုက်​ချ​ပေး​လေ သည်။ ထို​စာ​များ​ကို​ပြည်​နယ်​အ​သီး​သီး တွင်​အ​သုံး​ပြု​သည့်​ဘာ​သာ​စ​ကား များ​ဖြင့်​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး​သား တို့​အ​တွက်​ယု​ဒ​ဘာ​သာ​ဖြင့်​လည်း ကောင်း​ရေး​သား​ထား​သ​တည်း။-


အာ​ဒါ​လ​ဆယ့်​သုံး​ရက်​နေ့​ကျ​ရောက်​လာ​၏။ ထို​နေ့​ရက်​သည်​ဘု​ရင့်​ကြေ​ညာ​ချက်​စ​တင် အ​တည်​ဖြစ်​သည့်​နေ့၊ မိ​မိ​တို့​လက်​တွင်း​သို့ ယု​ဒ​အ​မျိုး​သား​များ​ရောက်​ရှိ​လာ​ရန်​အ တွက်​ရန်​သူ​တို့​စောင့်​မျှော်​နေ​သော​နေ့​ဖြစ်​၏။ သို့​ရာ​တွင်​သူ​တို့​မျှော်​လင့်​သည့်​အ​တိုင်း မ​ဖြစ်​ဘဲ​ယု​ဒ​အ​မျိုး​သား​တို့​က​သူ တို့​အား​အ​နိုင်​ရ​ကြ​လေ​သည်။-


ရှု​ရှန်​မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​တို့​မူ​ကား ဆယ့်​သုံး​ရက်​နှင့်​ဆယ့်​လေး​ရက်​တွင်​ရန်​သူ များ​ကို​သတ်​ဖြတ်​၍ ဆယ့်​ငါး​ရက်​နေ့​တွင် ရပ်​နား​ကာ​ထို​နေ့​၌​ရွှင်​လန်း​သော​စား သောက်​ပွဲ​ကို​ကျင်း​ပ​ကြ​လေ​သည်။-


နှစ်​တိုင်း​အာ​ဒါ​လ​ဆယ့်​သုံး​ရက်​နှင့်​ဆယ့် လေး​ရက်​နေ့​ကို ပျော်​ရွှင်​ရာ​နေ့​များ​အ​ဖြစ် ကျင်း​ပ​ရန်​အ​မှာ​စာ​များ​ရေး​သား​ပေး ပို့​လိုက်​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ