အကျွန်ုပ်နှင့်အတူ သူငယ်မပါလျှင် အကျွန်ုပ်သည် ဖခင်ထံသို့ မည်သို့ပြန်သွားရပါမည်နည်း။ အကျွန်ုပ်ဖခင်ကြုံတွေ့ရမည့်စိတ်ဒုက္ခကို အကျွန်ုပ်မမြင်လိုပါ”ဟု လျှောက်လေ၏။
ဧသတာ 8:6 - မြန်မာ့စံမီသမ္မာကျမ်း ကျွန်တော်မျိုးမ၏လူမျိုးအပေါ်ကျရောက်မည့်ဘေးဆိုးကို အဘယ်သို့ ကြည့်နေနိုင်ပါမည်နည်း။ ကျွန်တော်မျိုးမ၏ဆွေမျိုးသားချင်းတို့ ဖျက်ဆီးခံရမည်ကို အဘယ်သို့ ကြည့်နေနိုင်ပါမည်နည်း”ဟု လျှောက်တင်လေ၏။ Common Language Bible ကျွန်တော်မ၏အမျိုးသားချင်းများသည် ဤဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့ရလျက် ကျွန်တော်မ၏ဆွေမျိုးအရင်းအချာများ သည်လည်းအသတ်ခံကြရပါမူကျွန်တော် မသည်အဘယ်သို့ရှုစိမ့်နိုင်ပါအံ့နည်း'' ဟုလျှောက်လေ၏။ Garrad Bible ကျွန် မ၏ ဆွေ မျိုး သား ချင်း တို့၌ သင့် လ တ္တံ့ သော ဘေး ကို လည်း ကောင်း၊ ဆွေ မျိုး ညာ တ ကာ တို့ ပျက် စီး အံ့ သော အ မှု ကိုလည်း ကောင်း၊ မည် သို့ ရှု စိတ် နိုင် အံ့ နည်း ဟု တင် လျှောက် ရာ၊ Judson Bible ကျွန်တော်မအမျိုးအပေါ်သို့ ရောက်ရသော ဘေးကိုလည်းကောင်း၊ ကျွန်တော်မအမျိုးသားချင်း ပျက်စီးသော အမှုကိုလည်းကောင်း၊ ကျွန်တော်မသည် ကြည့်ရှုခြင်းငှာ၊ အဘယ်သို့ တတ်နိုင်ပါအံ့နည်းဟု လျှောက်ဆို၏။ |
အကျွန်ုပ်နှင့်အတူ သူငယ်မပါလျှင် အကျွန်ုပ်သည် ဖခင်ထံသို့ မည်သို့ပြန်သွားရပါမည်နည်း။ အကျွန်ုပ်ဖခင်ကြုံတွေ့ရမည့်စိတ်ဒုက္ခကို အကျွန်ုပ်မမြင်လိုပါ”ဟု လျှောက်လေ၏။
မင်းကြီးအား “အရှင်မင်းကြီး သက်တော်ရှည်ပါစေ။ အကျွန်ုပ်ဘိုးဘေးတို့၏သင်္ချိုင်းမြေရှိရာမြို့သည် ပျက်စီး၍ မြို့တံခါးများ မီးလောင်ကျွမ်းသွားသောကြောင့် အကျွန်ုပ် မျက်နှာမညှိုးဘဲ နေနိုင်ပါမည်လော”ဟု ပြန်လျှောက်၏။
ကျွန်တော်မျိုးမနှင့်ကျွန်တော်မျိုးမ၏လူမျိုးတို့သည် လွတ်လမ်းမရှိ သုတ်သင်ပယ်ရှင်းခံရရန် ရောင်းစားခံလိုက်ရပါပြီ။ ကျွန်ယောက်ျား၊ ကျွန်မိန်းမအဖြစ် ရောင်းစားခံရလျှင် ဘာမျှမပြောဘဲနေပါမည်။ ဤဒုက္ခမျှလောက်နှင့်သာဆိုလျှင် အရှင်မင်းကြီးကိုအနှောင့်အယှက်မပေးဘဲ နေပါမည်”ဟု လျှောက်တင်လေ၏။
ဤသို့ဖြင့် ဘုရင့်စာနှင့် ဘုရင့်အမိန့်အတိုင်းလုပ်ဆောင်ရန် အာဒါလဟုခေါ်သော တစ်ဆယ့်နှစ်လ၊ တစ်ဆယ့်သုံးရက်နေ့ရောက်လာ၏။ ထိုနေ့တွင် ရန်သူတို့က ဂျူးလူမျိုးတို့ကို အနိုင်ယူစိုးမိုးတော့မည်ဟု ထင်ထားသော်လည်း မထင်မှတ်ဘဲ အခြေအနေမှာပြောင်းပြန်ဖြစ်သွား၍ ဂျူးလူမျိုးတို့သည် သူတို့ကိုမုန်းသောရန်သူတို့အား အနိုင်ယူစိုးမိုးသွားလေ၏။
ငါ့အူထဲ၊ အသည်းထဲအထိ နာကျင်နေ၏။ ငါ့စိတ် မငြိမ်မသက်ဖြစ်နေ၏။ ငါသည် တိတ်ဆိတ်စွာမနေနိုင်။ တံပိုးမှုတ်သံ၊ စစ်ပွဲကြွေးကြော်သံကို ငါကြားရ၏။
မည်သူသည် ငါ့ခေါင်းကို ရေတွင်းဖြစ်စေမည်နည်း။ မည်သူသည် ငါ့မျက်စိကို မျက်ရည်ထွက်သောစမ်းဖြစ်စေမည်နည်း။ သို့ဖြစ်လျှင် အသတ်ခံရသောငါ့လူမျိုးသမီးပျိုအတွက် ငါသည် နေ့ညမပြတ်ငိုကြွေးနိုင်လိမ့်မည်။
ညီအစ်ကိုတို့၊ ငါ့စိတ်နှလုံး၏လိုအင်ဆန္ဒနှင့် အစ္စရေးလူမျိုးတို့အတွက် ဘုရားသခင်ထံ ငါဆုတောင်းသောအရာမှာ သူတို့ကယ်တင်ခြင်းရရှိရန်ဖြစ်၏။