ဧသတာ 6:4 - မြန်မာ့စံမီသမ္မာကျမ်း
ထိုအခါ ရှင်ဘုရင်က “နန်းတော်ဝင်းထဲတွင် မည်သူရှိသနည်း”ဟု မေး၏။ ထိုအချိန်တွင် ဟာမန်သည် သူလုပ်ထားသောသစ်တိုင်တွင် မော်ဒကဲကိုချိတ်ဆွဲမည့်အကြောင်း ရှင်ဘုရင်ထံခွင့်ပန်ရန် ဘုရင့်နန်းတော်ဝင်းအပြင်ဘက်တွင် ရောက်နေ၏။
အခန်းကိုကြည့်ပါ။
မင်းကြီးကလည်း``နန်းတော်တွင်း၌ငါ၏ မှူးမတ်တစ်စုံတစ်ယောက်ရှိပါသလော'' ဟု မေးတော်မူ၏။ ထိုအချိန်၌ဟာမန်သည်နန်းတော်တွင်းသို့ ဝင်ရောက်လာ၏။ သူသည်မိမိစိုက်ထူခဲ့သည့် လည်ဆွဲတိုင်တွင် မော်ဒကဲအားကွပ်မျက်ရန် မင်းကြီးထံခွင့်ပန်မည်အကြံနှင့်ရောက်ရှိ လာခြင်းဖြစ်၏။-
အခန်းကိုကြည့်ပါ။
နန်း မြို့ ရိုး အ တွင်း၊ မည် သူ ရှိ သ နည်း ဟု ဘု ရင် မင်း မေး လေ၏။ ထို အ ခါ၊ ဟာ မန် သည်၊ စိုက် ပြီး လည် ဆွဲ တိုင်၌ မော် ဒ ကဲ ကို ဆွဲ ထား ရ မည့် အ ကြောင်း သံ တော် ဦး တင် ရန်၊ အ ပြင် နန်း မြို့ ရိုး အ တွင်း ဝင် လာ ခိုက် ဖြစ်၍၊
အခန်းကိုကြည့်ပါ။
ရှင်ဘုရင်ကလည်း၊ တံတိုင်းတွင်း၌ အဘယ်သူရှိသနည်းဟု မေးတော်မူလျှင်၊ ဟာမန်သည် မိမိလုပ်နှင့်သော လည်ဆွဲချတိုင်၌ မော်ဒကဲကို လည်ဆွဲချရမည်အကြောင်း၊ နန်းတော်ပြင် တံတိုင်းတွင်းသို့ ဝင်မိသည်ဖြစ်၍၊
အခန်းကိုကြည့်ပါ။