Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​သ​တာ 6:4 - Common Language Bible

4 မင်း​ကြီး​က​လည်း``နန်း​တော်​တွင်း​၌​ငါ​၏ မှူး​မတ်​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သ​လော'' ဟု မေး​တော်​မူ​၏။ ထို​အ​ချိန်​၌​ဟာ​မန်​သည်​နန်း​တော်​တွင်း​သို့ ဝင်​ရောက်​လာ​၏။ သူ​သည်​မိ​မိ​စိုက်​ထူ​ခဲ့​သည့် လည်​ဆွဲ​တိုင်​တွင် မော်​ဒ​ကဲ​အား​ကွပ်​မျက်​ရန် မင်း​ကြီး​ထံ​ခွင့်​ပန်​မည်​အ​ကြံ​နှင့်​ရောက်​ရှိ လာ​ခြင်း​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 နန်း မြို့ ရိုး အ တွင်း၊ မည် သူ ရှိ သ နည်း ဟု ဘု ရင် မင်း မေး လေ၏။ ထို အ ခါ၊ ဟာ မန် သည်၊ စိုက် ပြီး လည် ဆွဲ တိုင်၌ မော် ဒ ကဲ ကို ဆွဲ ထား ရ မည့် အ ကြောင်း သံ တော် ဦး တင် ရန်၊ အ ပြင် နန်း မြို့ ရိုး အ တွင်း ဝင် လာ ခိုက် ဖြစ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ရှင်​ဘု​ရင်​က​လည်း၊ တံ​တိုင်း​တွင်း၌ အ​ဘယ်​သူ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ဟာ​မန်​သည် မိ​မိ​လုပ်​နှင့်​သော လည်​ဆွဲ​ချ​တိုင်၌ မော်​ဒ​ကဲ​ကို လည်​ဆွဲ​ချ​ရ​မည်​အ​ကြောင်း၊ နန်း​တော်​ပြင် တံ​တိုင်း​တွင်း​သို့ ဝင်​မိ​သည်​ဖြစ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထိုအခါ ရှင်ဘုရင်​က “​နန်းတော်​ဝင်း​ထဲတွင် မည်သူ​ရှိ​သနည်း​”​ဟု မေး​၏​။ ထို​အချိန်​တွင် ဟာမန်​သည် သူ​လုပ်​ထား​သော​သစ်တိုင်​တွင် မော်ဒကဲ​ကို​ချိတ်ဆွဲ​မည့်​အကြောင်း ရှင်ဘုရင်​ထံ​ခွင့်ပန်​ရန် ဘုရင့်​နန်းတော်​ဝင်း​အပြင်ဘက်​တွင် ရောက်​နေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 6:4
12 ပူးပေါင်းရင်းမြစ်များ  

``ယောကျာ်း​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ​မင်း​ကြီး ခေါ်​တော်​မ​မူ​ဘဲ​နန်း​တော်​အ​တွင်း​တံ​တိုင်း၊ မင်း​ကြီး​ထံ​တော်​သို့​ဝင်​မိ​သူ​သည်​သေ​ဒဏ် ခံ​ရ​မည်​ဖြစ်​ပါ​၏။ ဤ​ကား​တ​ရား​ဥ​ပ​ဒေ အ​ရ​ဖြစ်​သ​ဖြင့်​ဘု​ရင့်​အ​ကြံ​ပေး​အ​မတ် များ​မှ​စ​၍ ပြည်​နယ်​အ​သီး​သီး​ရှိ​လူ​အ ပေါင်း​တို့​သိ​ကြ​ပါ​သည်။ ထို​ဥ​ပ​ဒေ​ကို ရှောင်​ကွင်း​နိုင်​ရန်​လမ်း​တစ်​လမ်း​သာ​ရှိ​ပါ သည်။ အ​ကယ်​၍​မင်း​ကြီး​က​ရာ​ဇ​လှံ​တံ တော်​ကို​ကမ်း​တော်​မူ​လျှင် ဝင်​မိ​သူ​အ​သက် ချမ်း​သာ​ရာ​ရ​ပါ​၏။ သို့​ရာ​တွင်​ကျွန်​မ အား​မင်း​ကြီး​ခေါ်​ယူ​တော်​မ​မူ​သည်​မှာ တစ်​လ​ရှိ​ပါ​ပြီ'' ဟု​ပြန်​ကြား​လေ​သည်။


ဧ​သ​တာ​သည်​မိ​မိ​အ​စာ​ရှောင်​၍ သုံး​ရက်​မြောက် သော​နေ့​၌​မိ​ဖု​ရား​၏​အ​ဝတ်​တန်​ဆာ​ကို​ဝတ် ဆင်​ကာ ရာ​ဇ​ပလ္လင်​တည်​ရာ​ခန်း​မ​ဆောင်​၏​ရှေ့ ၌​ရှိ​သော​နန်း​တော်​အ​တွင်း​တံ​တိုင်း​သို့​သွား ၍​ရပ်​နေ​လေ​သည်။ မင်း​ကြီး​သည်​အ​ဝင်​ဝ ဘက်​သို့​လှည့်​၍​ထိုင်​လျက်​နေ​၏။-


ထို့​အ​ခါ​သူ​၏​ဇ​နီး​နှင့်​မိတ်​ဆွေ​အ​ပေါင်း တို့​က​သူ့​အား``ခု​နစ်​ဆယ့်​ငါး​ပေ​မြင့်​သည့် လည်​ဆွဲ​တိုင်​ကို​စိုက်​ထူ​စေ​ပါ​လော့။ မော်​ဒ​ကဲ အား​ထို​လည်​ဆွဲ​တိုင်​တွင်​တင်​၍​သတ်​ရန် နက် ဖြန်​နံ​နက်​၌​မင်း​ကြီး​အား​လျှောက်​ထား​ပါ လော့။ ထို​နောက်​ပျော်​ရွှင်​စွာ​ည​စာ​စား​ပွဲ​သို့ သွား​နိုင်​ပါ​လိမ့်​မည်'' ဟု​အ​ကြံ​ပေး​ကြ​၏။ ဟာ​မန်​သည်​ထို​အ​ကြံ​ကို​နှစ်​သက်​သ​ဖြင့် လည်​ဆွဲ​တိုင်​ကို​စိုက်​ထူ​စေ​၏။


မင်း​ကြီး​က``ဤ​အ​မှု​အ​တွက်​မော်​ဒ​ကဲ​အား ငါ​တို့​အ​ဘယ်​သို့​ဂုဏ်​ပြု​ချီး​မြှင့်​ကာ​ဆု တော်​လာဘ်​တော်​များ​ပေး​ခဲ့​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ နန်း​တွင်း​အ​စေ​ခံ​များ​က``ထို​သူ​၏​အ​တွက် အ​ဘယ်​သို့​မျှ​မ​ပြု​ရ​သေး​ပါ'' ဟု​ပြန် လည်​လျှောက်​ထား​ကြ​၏။


ထို​အ​ခါ​နန်း​တွင်း​အ​စေ​ခံ​များ​က``ဟာ​မန် ရှိ​ပါ​သည်။ သူ​သည်​ရှေ့​တော်​သို့​ဝင်​ရန်​စောင့် နေ​ပါ​သည်'' ဟု​လျှောက်​ကြ​၏။ မင်း​ကြီး​က``သူ့​အား​ဝင်​စေ'' ဟု​မိန့်​တော်​မူ​၏။


ထို​နောက်​မိန်း​မ​စိုး​ဟာ​ဗော​န​က``ဟာ​မန် သည်​အ​ရှင်​မင်း​ကြီး​၏​အ​သက်​ကို​ကယ် ဆယ်​သူ​မော်​ဒ​ကဲ​အား​သတ်​ရန် မိ​မိ​၏ အိမ်​၌​လည်​ဆွဲ​စိုက်​ထူ​ထား​ပါ​သည်။ ထို လည်​ဆွဲ​တိုင်​သည်​ခု​နစ်​ဆယ့်​ငါး​ပေ​မြင့် ပါ​၏'' ဟု​လျှောက်​လေ​၏။ မင်း​ကြီး​က``ဟာ​မန်​ကို​ထို​တိုင်​၌​ဆွဲ​ထား ကွပ်​မျက်​စေ'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။


ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင်ခြင်း ကို အချည်းနှီးဖြစ်စေတော်မူ၏။


ကောင်း​ကင်​ဘုံ​ရှိ​ပလ္လင်​တော်​ပေါ်​မှာ​ထာ​ဝ​ရ ဘု​ရား​သည် ပြုံး​ရယ်​တော်​မူ​လျက် ထို​သူ​တို့​၏​အ​ကြံ​အ​စည်​ကို​ပြက်​ရယ်​ပြု တော်​မူ​၏။


ကိုယ်​တော်​သည်​ထို​သူ​တို့​အား​သေ​ဘေး​မှ ကယ်​တော်​မူ​၏။ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ရာ​ကာ​လ​များ​၌ သူ​တို့​အား​အ​သက်​ရှင်​နိုင်​ခွင့်​ကို​ပေး​တော် မူ​၏။


ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ