ဧသတာ 6:13 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဟာမန်သည် မိမိဇနီးဇေရက်နှင့် မိမိမိတ်ဆွေအပေါင်းတို့အား ဖြစ်ပျက်ခဲ့သမျှတို့ကို ပြောပြရာ သူ့ဇနီးဇေရက်နှင့် သူ့ကို အကြံပေးသူတို့က “ယခု သင်သည် မော်ဒကဲကို စတင်ပြီးရှုံးနိမ့်လေပြီ။ သူသည် ဂျူးလူမျိုးမှန်လျှင် သူ့ကို သင်အနိုင်ရလိမ့်မည်မဟုတ်။ သူ့ကို သင်မုချရှုံးလိမ့်မည်”ဟု ပြန်ပြောကြ၏။ Common Language Bible မိမိဇနီးနှင့်မိတ်ဆွေများအား မိမိကြုံတွေ့ ခဲ့ရသည့်အဖြစ်အပျက်အလုံးစုံကိုပြောပြ လေသည်။ ထိုအခါဇနီးဖြစ်သူနှင့်မိတ်ဆွေ ပညာရှိတို့က``ကိုယ်တော်သည်မော်ဒကဲကို ရှုံးစပြုလေပြီ။ သူသည်ယုဒအမျိုးသား မှန်လျှင်ကိုယ်တော်သည်သူ့ကိုမနိုင်။ သူသည် ကိုယ်တော်ကိုမုချအနိုင်ရလိမ့်မည်'' ဟု ပြောကြားကြ၏။ Garrad Bible မ ယား ဇေ ရက် နှင့် အ ဆွေ ခင် ပွန်း အ ပေါင်း တို့ ထံ ဖြစ် ပျက် သ မျှ ကို ဖော် ပြ သော်၊ မ ယား ဇေ ရက် နှင့် ပ ညာ ရှိ အ ဆွေ တို့ က၊ သင် နှိမ့် ချ စ ပြု ခဲ့ ရ သော မော် ဒ ကဲ သည်၊ ယု ဒ လူ မျိုး မှန် လျှင်၊ သင် နိုင် မည် မ ဟုတ်။ မု ချ အ နိမ့် ခံ ရ မည် ဟု ပြန် ပြော ကြ၏။ Judson Bible မိမိ၌ဖြစ်လေသမျှကို မယားဇေရက်နှင့် အဆွေခင်ပွန်းရှိသမျှတို့အား ကြားပြောလေ၏။ မယားဇေရက်နှင့် ဟာမန်၏အဆွေ ပညာရှိတို့ကလည်း၊ ကိုယ်တော်ရှုံးစရှိသော မော်ဒကဲသည်၊ ယုဒအမျိုးမှန်လျှင်၊ ကိုယ်တော်သည် သူ့ကိုမနိုင်။ သူ့ရှေ့မှာ ဧကန်အမှန်ရှုံးရမည်ဟု ပြန်ပြောကြ၏။ |
သုံးရက်အတွင်းတွင် ဖာရောမင်းကြီးသည် သင့်ကိုခေါင်းနှင့်ကိုယ်တခြားစီဖြစ်စေပြီး သင့်ကိုယ်ကို သစ်တိုင်၌ချိတ်ဆွဲထားလိမ့်မည်။ ငှက်တို့သည် သင့်အသားကိုစားကြလိမ့်မည်”ဟု ဆိုလေ၏။
နံနက်ရောက်သောအခါ ဖာရောမင်းကြီးသည် စိတ်မငြိမ်မသက်ဖြစ်လေ၏။ ထို့ကြောင့် လူလွှတ်၍ အီဂျစ်ပြည်ရှိ နတ်ဝိဇ္ဇာဆရာအပေါင်းတို့နှင့် ပညာရှိအပေါင်းတို့ကိုခေါ်ပြီးလျှင် မိမိ၏အိပ်မက်ကို သူတို့အား ပြောပြလေ၏။ သို့သော် ဖာရောမင်းကြီးအတွက် ထိုအိပ်မက်တို့၏အနက်ကိုဖွင့်ပြနိုင်သောသူတစ်ယောက်မျှမရှိ။
ဆင်းရဲဒုက္ခနှင့် ပူပင်သောကတို့သည် သူ့ကိုခြောက်လှန့်လျက်ရှိ၏။ စစ်တိုက်ရန် အသင့်ရှိနေသောရှင်ဘုရင်ကဲ့သို့ သူ့ကို အနိုင်ယူလျက်ရှိ၏။
“ဤသို့သော အကြောင်းအရာကို ငါများစွာကြားဖူးခဲ့ပြီ။ ငါ့ကို နှစ်သိမ့်ပေးသောသင်တို့အားလုံးကို ငါစိတ်ပျက်လှ၏။
“ငါဘိသိက်ပေးထားသောသူတို့ကို မထိကြနှင့်။ ငါ၏ပရောဖက်တို့ကိုလည်း အန္တရာယ်မပြုကြနှင့်”ဟု မိန့်တော်မူ၏။
အပြစ်တင်စရာမရှိအောင်လျှောက်လှမ်းသောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ ကွေ့ကောက်သောလမ်းသို့လိုက်သောသူမူကား ရုတ်တရက်လဲကျလိမ့်မည်။
ရှင်ဘုရင်သည် ထိုစကားကြောင့် အမျက်ဒေါသပြင်းစွာထွက်၍ ဘေဘီလုံပညာရှိအားလုံးကို ကွပ်မျက်ရန် အမိန့်ပေးလိုက်လေ၏။
မည်သူသည် ပညာရှိသနည်း၊ သူသည် ထိုအရာတို့ကို နားလည်ပါစေ။ မည်သူသည် ပိုင်းခြားသိမြင်နိုင်သနည်း၊ သူသည် ထိုအရာတို့ကို သိနားလည်ပါစေ။ ထာဝရဘုရား၏နည်းလမ်းတော်သည် ဖြောင့်မတ်သည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ထိုလမ်းတော်၌ လိုက်လျှောက်ကြလိမ့်မည်။ မတရားသောသူတို့မူကား ထိုလမ်းတော်တွင် ခလုတ်တိုက်လဲကျကြလိမ့်မည်။
ထာဝရဘုရားသည် သန့်ရှင်းရာပြည်၌ မိမိ၏ဝေစုအဖြစ် ယုဒပြည်ကို သိမ်းယူလိမ့်မည်။ ဂျေရုဆလင်မြို့ကိုလည်း ပြန်လည်ရွေးချယ်တော်မူလိမ့်မည်။
သူသည် လဲလျောင်းလျက် နေ၏။ ခြင်္သေ့ထီးကဲ့သို့၊ ခြင်္သေ့မကဲ့သို့ အိပ်လျက် နေ၏။ သူ့ကို မည်သူနှိုးဝံ့သနည်း။ သင့်ကို ကောင်းချီးပေးသောသူသည် ကောင်းချီးခံစားရမည်။ သင့်ကို ကျိန်ဆဲသောသူသည် ကျိန်ဆဲခြင်း ခံရမည်’ ”ဟု ဆို၏။
ကိုယ်တော်သည် သူ့ကို တောကန္တာရအရပ်၊ လေထန်သောကန္တာရလွင်တီးခေါင်အရပ်၌တွေ့သောအခါ သူ့ကိုကာကွယ်စောင်မလျက် မျက်စိသူငယ်အိမ်ကဲ့သို့စောင့်ရှောက်တော်မူခဲ့၏။