ထိုအခါ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း၏ဘုရင်ခံ တာတနဲ၊ ရှေသာဗောဇနဲနှင့် အပေါင်းပါတို့သည်လည်း ဒါရိမင်းကြီး၏အမိန့်တော်အတိုင်း ချက်ချင်းလုပ်ဆောင်လေ၏။
ဧသတာ 6:11 - မြန်မာ့စံမီသမ္မာကျမ်း ဟာမန်သည်လည်း မင်းဝတ်တန်ဆာနှင့်စီးတော်မြင်းကိုယူ၍ မော်ဒကဲအား မင်းဝတ်တန်ဆာကိုဝတ်ဆင်စေပြီး စီးတော်မြင်းကိုစီးစေလျက် မြို့လမ်းမတစ်လျှောက် “ရှင်ဘုရင်ဂုဏ်ပြုလိုသောသူကို ဤသို့ဂုဏ်ပြုရသည်”ဟု ရှေ့မှ ကြွေးကြော်သွားလေ၏။ Common Language Bible ထို့ကြောင့်ဟာမန်သည်အဝတ်တန်ဆာတော် နှင့်မြင်းတော်ကိုယူခဲ့ပြီးလျှင် မော်ဒကဲ အားအဝတ်တန်ဆာတော်ကိုဝတ်ဆင်ပေး ကာမြင်းပေါ်သို့တင်၍``ဘုရင်မင်းမြတ်သည် မိမိဂုဏ်ပြုချီးမြှင့်လိုသူအား အဘယ်သို့ ချီးမြှင့်တော်မူသည်ကိုကြည့်ကြလော့'' ဟု ကြွေးကြော်လျက်မြင်းကိုဆွဲ၍မြို့တွင်း၌ လှည့်လည်ရလေသည်။ Garrad Bible ဟာ မန် သည်၊ မင်း မြောက် တန် ဆာ နှင့် မြင်း တော် ပါ ယူ သွား၍၊ မော် ဒ ကဲ ကို ဆင် ယင် ပြီး လျှင်၊ မြို့ လမ်း မ တော် တစ် လျှောက် စီး စေ ရာ တွင်၊ ဘု ရင် မင်း ချီး မြှင့် လို သော သူ့ အား၊ ထို သို့ ပြု ရ မည့် အ ကြောင်း၊ သူ့ ရှေ့ က ကြော် ငြာ လျက်၊ Judson Bible ထိုအခါ ဟာမန်သည် အဝတ်တန်ဆာတော်နှင့် မြင်းတော်ကိုယူ၍၊ မော်ဒကဲကို ဝတ်ဆင်စေပြီးလျှင်၊ မြင်းတော်ကိုစီးစေသဖြင့်၊ မြို့တော်လမ်းမ၌ ဆောင်သွားလျက် ရှင်ဘုရင်ချီးမြှောက်ခြင်းငှာ အလိုတော်ရှိသောသူ၌ ဤသို့ပြုရသည်ဟု သူ့ရှေ့မှာ ကြွေးကြော်၏။ |
ထိုအခါ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း၏ဘုရင်ခံ တာတနဲ၊ ရှေသာဗောဇနဲနှင့် အပေါင်းပါတို့သည်လည်း ဒါရိမင်းကြီး၏အမိန့်တော်အတိုင်း ချက်ချင်းလုပ်ဆောင်လေ၏။
ထိုအခါ ရှင်ဘုရင်က ဟာမန်အား “သင်ဆိုသည့်အတိုင်း မင်းဝတ်တန်ဆာနှင့်စီးတော်မြင်းကို ယခုချက်ချင်းသွားယူ၍ ဘုရင့်နန်းတော်တံခါး၌ထိုင်နေသောဂျူးလူမျိုးမော်ဒကဲအား ပြုလော့။ သင်ပြောခဲ့သမျှ တစ်ခုမျှ မကျန်စေနှင့်”ဟု မိန့်ဆို၏။
ထို့နောက် မော်ဒကဲသည် ဘုရင့်နန်းတော်တံခါးသို့ ပြန်လာ၏။ ဟာမန်မူကား စိတ်မသာမယာဖြင့် ခေါင်းကိုအုပ်လျက် မိမိအိမ်သို့အလျင်အမြန်ပြန်သွားလေ၏။
မော်ဒကဲသည် အပြာရောင်နှင့်အဖြူရောင်ချည်ချောထည် မင်းအဝတ်တန်ဆာဝတ်ဆင်၍ ရွှေသရဖူကြီးကိုဆောင်းလျက်၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုခြုံလျက် ဘုရင့်ထံမှထွက်လာသောအခါ ရှုရှန်နန်းတော်တစ်ခုလုံး ဝမ်းမြောက်စွာ ကြွေးကြော်ကြလေ၏။
နယ်မြေဒေသအသီးသီးရှိ အကြီးအကဲများ၊ အုပ်ချုပ်ရေးအရာရှိများ၊ ဘုရင်ခံများနှင့် ဘုရင့်အမှုထမ်းအပေါင်းတို့သည် မော်ဒကဲကိုကြောက်ရွံ့ကြသဖြင့် ဂျူးလူမျိုးတို့ကို ကူညီကြ၏။
သဖန်းပင်ကိုထိန်းသိမ်းစောင့်ရှောက်သောသူသည် သဖန်းသီးကိုစားရလိမ့်မည်။ မိမိ၏သခင်ကို စောင့်ရှောက်သောသူသည် ဂုဏ်ပြုချီးမွမ်းခြင်းခံရလိမ့်မည်။
သင့်ကိုနှိပ်စက်ခဲ့သောသူ၏သားတို့သည် သင့်ထံသို့လာ၍ ဦးညွှတ်ကြလိမ့်မည်။ သင့်ကိုမထီလေးစားပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ပျပ်ဝပ်ကြလိမ့်မည်။ သူတို့သည် သင့်ကိုထာဝရဘုရား၏မြို့၊ အစ္စရေးလူမျိုးတို့၏သန့်ရှင်းသောအရှင်၏ဇိအုန်မြို့ဟု ခေါ်ဝေါ်ကြလိမ့်မည်။
ကြည့်ရှုလော့။ မိမိတို့ကိုယ်ကို ဂျူးလူမျိုးဖြစ်သည်ဟုဆိုကြသော်လည်း ဂျူးလူမျိုးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသည့် လိမ်လည်ပြောဆိုသောသူတို့ကို သင်၏ခြေရင်း၌ လာ၍ရှိခိုးစေကာ ငါသည် သင်တို့ကိုချစ်ကြောင်း သူတို့အားသိစေမည်။