ထိုအခါ ရှင်ဘုရင်က “သင်မည်သို့ပြုလိုသနည်း”ဟု ငါ့အား မေးတော်မူလျှင် ငါသည် ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ ဆုတောင်း၏။
ဧသတာ 5:6 - မြန်မာ့စံမီသမ္မာကျမ်း စပျစ်ဝိုင်သောက်ချိန်တွင် ရှင်ဘုရင်က ဧသတာအား “သင်ဘာအလိုရှိသနည်း။ သင့်အားငါပေးမည်။ သင်ဘာတောင်းဆိုလိုသနည်း။ နိုင်ငံတော်တစ်ဝက်ကိုပင် သင့်အား ငါပေးမည်”ဟု ဆို၏။ Common Language Bible မင်းကြီးသည်စပျစ်ရည်သောက်လျက်နေစဉ် ဧသတာအား``သင်တောင်းလိုသောဆုကိုငါ့ အားပြောကြားလော့။ သင့်အားငါပေးမည်။ ငါ၏အင်ပါယာနိုင်ငံတော်တစ်ဝက်ကိုပင် တောင်းခံလျှင်ငါပေးမည်'' ဟုမိန့်တော်မူ၏။ Garrad Bible စ ပျစ် ရည် ပွဲ တော် သုံး စဉ် ဘု ရင် မင်း က၊ မည် သို့ တောင်း လျှောက် လို သ နည်း။ ငါ ပေး မည်။ မည် သည် ကို လို သ နည်း။ နိုင် ငံ တော် တစ် ဝက် တိုင် အောင် ငါ ပေး မည် ဟု၊ ဧ သ တာ အား မိန့် ဆို လျှင်၊ Judson Bible တစ်ဖန် စပျစ်ရည်သောက်ပွဲခံစဉ်၊ ရှင်ဘုရင်က၊ သင်သည် အဘယ်သို့ အလိုရှိသနည်း။ အလိုရှိသည်အတိုင်း ငါပေးမည်။ အဘယ်ဆုကို တောင်းချင်သနည်း။ တောင်းသမျှကို နိုင်ငံတော်တစ်ဝက်တိုင်အောင် ငါပေးမည်ဟု ဧသတာအားမိန့်တော်မူလျှင်၊ |
ထိုအခါ ရှင်ဘုရင်က “သင်မည်သို့ပြုလိုသနည်း”ဟု ငါ့အား မေးတော်မူလျှင် ငါသည် ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ ဆုတောင်း၏။
ထိုအခါ ရှင်ဘုရင်က “မိဖုရားဧသတာ၊ သင်ဘာအလိုရှိသနည်း။ သင်ဘာတောင်းဆိုလိုသနည်း။ သင်တောင်းဆိုသမျှ နိုင်ငံတော်တစ်ဝက်အထိ သင့်ကို ငါပေးမည်”ဟု မိန့်ဆိုလေ၏။
ဒုတိယနေ့ စပျစ်ဝိုင်သောက်ချိန်တွင်လည်း ရှင်ဘုရင်က မိဖုရားဧသတာအား “မိဖုရားဧသတာ၊ သင်ဘာအလိုရှိသနည်း။ သင့်ကို ငါပေးမည်။ သင်ဘာတောင်းဆိုလိုသနည်း။ သင်တောင်းသမျှ နိုင်ငံတော်တစ်ဝက်အထိ သင့်ကို ငါပေးမည်”ဟု မိန့်ဆို၏။
ထိုအခါ ရှင်ဘုရင်က မိဖုရားဧသတာအား “ဂျူးလူမျိုးတို့သည် ရှုရှန်နန်းတော်တွင် လူငါးရာနှင့် ဟာမန်၏သားဆယ်ယောက်တို့ကို သတ်ဖြတ်ဖျက်ဆီးကြပြီ။ ကျန်ဘုရင့်နယ်မြေများတွင်လည်း မည်သို့ပြုကြပြီနည်း။ ယခု သင်မည်သည်ကိုအလိုရှိသေးသနည်း။ သင့်အား ငါပေးမည်။ သင်မည်သည့်အရာတောင်းဆိုလိုသေးသနည်း။ သင်တောင်းဆိုသည်ကို ငါပေးမည်”ဟု မိန့်ဆို၏။
တစ်ဖန် “ငါ့ကိုသင်တောင်းသမျှ ငါ့နိုင်ငံတစ်ဝက်တိုင်အောင် သင့်အား ငါပေးမည်”ဟု တိုင်တည်ပြောဆိုလေ၏။