ဇေရုဗဗေလ၊ ယေရွှာ၊ နေဟမိ၊ စရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နှင့်အတူလိုက်ပါလာသော အစ္စရေးအမျိုးသားတို့၏အရေအတွက်ကား
ဧသတာ 5:13 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဘုရင့်နန်းတော်တံခါးတွင် ဂျူးလူမျိုးမော်ဒကဲထိုင်နေသည်ကို ငါမြင်နေရသရွေ့ ဤအရာအားလုံးသည် ငါ့အတွက် ဘာမျှအကျိုးမရှိ”ဟု ဆိုလေ၏။ Common Language Bible သို့ရာတွင်နန်းတော်တံခါးဝတွင်ယုဒအမျိုး သားမော်ဒကဲထိုင်လျက်နေသည်ကို ငါတွေ့မြင် နေရသမျှကာလပတ်လုံး ယခုဖော်ပြသမျှ တို့သည်ငါ့အတွက်အဘယ်ကျေးဇူးရှိသနည်း'' ဟုဆို၏။ Garrad Bible သို့ ရာ တွင်၊ နန်း တော် တံ ခါး ဝ၌၊ ယု ဒ လူ မျိုး မော် ဒ ကဲ နေ ထိုင် ခွင့် ရ သ မျှ ကာ လ ပတ် လုံး၊ ဖော် ပြ ခဲ့ သည့် အ ရာ မ လောက် သေး ပါ ဟု ဆို ရာ၊ Judson Bible သို့ရာတွင်၊ ယုဒလူမော်ဒကဲသည် နန်းတော်တံခါးဝမှာ ထိုင်လျက်ရှိသည်ကို ငါမြင်ရသည် ကာလပတ်လုံး၊ ယခုဖော်ပြသမျှတို့သည် ငါ၌ကျေးဇူးမရှိဟု ဆို၏။ |
ဇေရုဗဗေလ၊ ယေရွှာ၊ နေဟမိ၊ စရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နှင့်အတူလိုက်ပါလာသော အစ္စရေးအမျိုးသားတို့၏အရေအတွက်ကား
ထိုနေ့၌ ဟာမန်သည် စိတ်နှလုံးဝမ်းမြောက်ရွှင်မြူးလျက် ပြန်လာ၏။ သို့သော် ဘုရင့်နန်းတော်တံခါးသို့ရောက်လျှင် မော်ဒကဲသည် မတ်တတ်မရပ်၊ သူ့အား မကြောက်ရွံ့ မရိုသေသည်ကို မြင်သောအခါ ဟာမန်သည် မော်ဒကဲအား ပြင်းစွာအမျက်ထွက်လေ၏။
ဆိုးယုတ်သောသူသည် ဝေဒနာများကိုသာ တစ်သက်လုံးခံစားရတတ်၏။ ကြမ်းကြုတ်သောသူတို့အဖို့လည်း ဝေဒနာနှစ်ကာလများ သိုထားလျက်ရှိ၏။
သင်အမျက်ထွက်၍ သင့်ကိုယ်သင် ဆွဲဆုတ်ပစ်လျှင်ပင် ထို့အတွက် မြေကြီး ဆိတ်သုဉ်းသွားရမည်လော။ ကျောက်ဆောင်လည်း နေရာမှရွေ့ပေးရမည်လော။
ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူအပေါ် မကောင်းကြံစည်ကာ သူ့ကိုကြည့်လျက် အံကြိတ်တတ်၏။
နေအောက်တွင်ပြုသမျှသောအမှုအားလုံးကို ငါမြင်၏။ ကြည့်ရှုလော့။ အားလုံးသည် အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
အချည်းနှီး၊ အချည်းနှီးဟု ဒေသနာဆရာဆို၏။ အချည်းနှီး၊ အချည်းနှီး၊ ခပ်သိမ်းသောအရာတို့သည် အချည်းနှီးဖြစ်ကြ၏။