ယောဘဝတ္တု။ 15:20 - မြန်မာ့စံမီသမ္မာကျမ်း20 ဆိုးယုတ်သောသူသည် ဝေဒနာများကိုသာ တစ်သက်လုံးခံစားရတတ်၏။ ကြမ်းကြုတ်သောသူတို့အဖို့လည်း ဝေဒနာနှစ်ကာလများ သိုထားလျက်ရှိ၏။ အခန်းကိုကြည့်ပါ။Common Language Bible20 ဆိုးသောသူသည် တသက်လုံး ဒုက္ခဆင်းရဲကို ခံရ၏။ ညှဉ်းဆဲဘတ်သော သူသည် မိမိအသက်အပိုင်း အခြားကို မသိရ။ အခန်းကိုကြည့်ပါ။Garrad Bible20 ဆိုး သွမ်း ကြမ်း ကြုတ် သော သူ သည်၊ ဝင် စား ရ သော အ သက် တာ နှစ် ကာ လ ပတ် လုံး၊ နာ ကျင် ခြင်း ဝေ ဒ နာ ကို ခံ ရ၍၊ အခန်းကိုကြည့်ပါ။Judson Bible20 ဆိုးသောသူသည် တစ်သက်လုံး ဒုက္ခဆင်းရဲကိုခံရ၏။ ညှဉ်းဆဲတတ်သောသူသည် မိမိအသက်အပိုင်းအခြားကို မသိရ။ အခန်းကိုကြည့်ပါ။ |
အားလုံးသည် တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရသည်ဟူသောဤအချက်သည် နေအောက်တွင်ပြုသမျှသောအမှုထဲမှ မကောင်းသောအမှုဖြစ်၏။ လူသားတို့၏စိတ်နှလုံးသည်လည်း မကောင်းမှုနှင့်ပြည့်နှက်လျက်ရှိ၍ သူတို့အသက်ရှင်စဉ် သူတို့၏စိတ်နှလုံးထဲ၌ ရူးသွပ်ခြင်းရှိ၏။ ထို့နောက်တွင် သူတို့သည် သေဆုံးကြရ၏။
ယနေ့ ကိုယ်တော်သည် အကျွန်ုပ်ကို မြေပြင်ပေါ်မှ နှင်ထုတ်တော်မူသဖြင့် အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်မှပုန်းရှောင်လျက် ကမ္ဘာမြေကြီးပေါ်တွင် အတည်တကျနေစရာမရှိ၊ လှည့်လည်သွားလာသူဖြစ်ရပါမည်။ အကျွန်ုပ်ကိုတွေ့သမျှသောသူတို့သည် အကျွန်ုပ်ကိုသတ်ပါလိမ့်မည်”ဟု ထာဝရဘုရားအား လျှောက်လေ၏။