မိမိ၏ဒုတိယရထားကို စီးစေ၏။ ရှေ့တော်ပြေးတို့ကိုလည်း “ဒူးထောက်ကြလော့”ဟု ဟစ်အော်စေ၏။ ဤသို့ဖြင့် အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးရန် ယောသပ်အားခန့်ထားလေ၏။
ဧသတာ 3:2 - မြန်မာ့စံမီသမ္မာကျမ်း ဘုရင့်နန်းတော်တံခါးရှိ မင်းမှုထမ်းအပေါင်းတို့သည် ဘုရင့်အမိန့်တော်အတိုင်း ဟာမန်ကိုညွတ်တွားခယကြ၏။ သို့သော် မော်ဒကဲသည် ဟာမန်ကိုမညွတ်တွား မခယပေ။ Common Language Bible မင်းကြီးသည်ဟာမန်အားဦးညွတ်ရှိခိုး ၍အရိုအသေပေးကြရန် အမှုတော်ထမ်း အရာရှိအပေါင်းတို့အားအမိန့်ထုတ်ပြန် တော်မူသည့်အတိုင်းလိုက်နာကြလေသည်။- Garrad Bible အ မိန့် တော် အ တိုင်း၊ နန်း တော် တံ ခါး သို့ ဝင် ရောက် သော ကျေး ကျွန် သင်း ပင်း အ ပေါင်း တို့ သည်၊ ဟာ မန် ရှေ့ ဦး ညွှတ် ရှိ ခိုး ရ ကြ၏။ Judson Bible နန်းတော်တံခါးသို့ရောက်သော ရှင်ဘုရင်၏ ကျွန်အပေါင်းတို့သည်၊ အမိန့်တော်ရှိသည်အတိုင်း ဟာမန်ကို ဦးချရှိခိုးကြ၏။ မော်ဒကဲမူကား ဦးမချ၊ ရှိမခိုး။ |
မိမိ၏ဒုတိယရထားကို စီးစေ၏။ ရှေ့တော်ပြေးတို့ကိုလည်း “ဒူးထောက်ကြလော့”ဟု ဟစ်အော်စေ၏။ ဤသို့ဖြင့် အီဂျစ်ပြည်တစ်ပြည်လုံးကိုအုပ်စိုးရန် ယောသပ်အားခန့်ထားလေ၏။
အပျိုကညာများကို ဒုတိယအသုတ်ခေါ်ဆောင်လာချိန်တွင် မော်ဒကဲသည် ဘုရင့်နန်းတော်တံခါးတွင် ထိုင်လျက်နေ၏။
မော်ဒကဲသည် ဘုရင့်နန်းတော်တံခါးတွင် ထိုင်လျက်နေသောကာလတွင် ဘုရင့်အမှုထမ်းနှစ်ဦးဖြစ်သော တံခါးစောင့်ဗိဂသန်နှင့်တေရက်တို့သည် အာရွှေရုမင်းကြီးကို အမျက်ထွက်၍ လုပ်ကြံရန် အခွင့်ကောင်းရှာနေကြ၏။
ရှုရှန်နန်းတော်တွင် မော်ဒကဲဟုခေါ်သော ဂျူးလူမျိုးတစ်ဦးရှိ၏။ သူသည် ဗင်္ယာမိန်အမျိုး ကိရှ၏မြစ်၊ ရှိမိ၏မြေး၊ ယာဣရ၏သားဖြစ်၏။
ထို့နောက်တွင် အာရွှေရုမင်းကြီးသည် အာဂတ်အမျိုးဟမ္မေဒါသ၏သားဟာမန်ကို ချီးမြှင့်မြှောက်စားလေ၏။ သူ၌ရှိသောမှူးမတ်အပေါင်းတို့ထက် ရာထူးတိုးမြှင့်ပေး၏။
ထို့ကြောင့် ဘုရင့်နန်းတော်တံခါးရှိ မင်းမှုထမ်းတို့က မော်ဒကဲအား “သင်သည် ရှင်ဘုရင်၏အမိန့်ကို အဘယ်ကြောင့် မနာခံသနည်း”ဟု မေးကြ၏။
ဟာမန်သည် မိမိအား မော်ဒကဲ မညွတ်တွား မခယကြောင်းကို သိရှိသောအခါ အမျက်ဒေါသပြင်းစွာထွက်လေ၏။
ထိုနေ့၌ ဟာမန်သည် စိတ်နှလုံးဝမ်းမြောက်ရွှင်မြူးလျက် ပြန်လာ၏။ သို့သော် ဘုရင့်နန်းတော်တံခါးသို့ရောက်လျှင် မော်ဒကဲသည် မတ်တတ်မရပ်၊ သူ့အား မကြောက်ရွံ့ မရိုသေသည်ကို မြင်သောအခါ ဟာမန်သည် မော်ဒကဲအား ပြင်းစွာအမျက်ထွက်လေ၏။
ဆိုးယုတ်သောသူကို အယုတ်ဟုမြင်သောသူ၊ ထာဝရဘုရားကိုကြောက်ရွံ့သောသူအား ရိုသေလေးမြတ်သောသူ၊ မိမိအကျိုးထိခိုက်လျှင်ပင် ကျိန်ဆိုထားသောကတိကိုမဖျက်သောသူ၊
ထိုအခါ ထာဝရဘုရားက မောရှေအား “အာမလက်လူမျိုးတို့ကို ကောင်းကင်အောက်တွင် အမှတ်ရစရာမျှမကျန်အောင် ငါဖျောက်ဖျက်ပစ်မည်ဖြစ်၍ ဤအမှုကို အောက်မေ့ဖွယ်အဖြစ် ကျမ်းစာလိပ်၌ ရေးမှတ်ထားပြီး ယောရှုရှေ့၌ ဖတ်ပြလော့”ဟု မိန့်တော်မူ၏။
မောရှေက “လက်တစ်ဖက်သည် ထာဝရဘုရား၏ပလ္လင်တော်အပေါ် ဆန့်ထားလျက်ရှိသည်ဖြစ်၍ ထာဝရဘုရားသည် အာမလက်လူတို့ကို မျိုးဆက်အဆက်ဆက် စစ်တိုက်တော်မူလိမ့်မည်”ဟု ဆို၏။
ဒံယေလကလည်း ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့အား ဘေဘီလုံနယ်မြေတွင် အုပ်ချုပ်ရေးမှူးအဖြစ်ခန့်ထားပေးရန် ဘုရင်ထံတောင်းလျှောက်၏။ ဒံယေလမူကား နန်းတွင်း၌ အမှုထမ်းရလေ၏။
သို့ဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ် အပိုင်ပေးတော်မူသောပြည်၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပတ်ပတ်လည်ရှိ ရန်သူအပေါင်းတို့ဘေးမှ ကင်းဝေးစေတော်မူသောအခါ အာမလက်လူမျိုးတို့နှင့်ဆိုင်သောအမှတ်ရစရာအား မိုးကောင်းကင်အောက်မှ ပျောက်ပျက်စေရမည်ကို မမေ့လျော့နှင့်။
ဤသည်ကား အထက်ကောင်းကင်အရပ်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်၌လည်းကောင်း ရှိရှိသမျှတို့သည် ယေရှု၏နာမတော်၌ ဒူးထောက်၍
ယခု သွား၍ အာမလက်လူမျိုးတို့ကို တိုက်ခိုက်လော့။ သူတို့ပိုင်ဆိုင်သောအရာအားလုံးကို ဖျက်ဆီးပစ်လော့။ မနှမြောနှင့်။ ယောက်ျား၊ မိန်းမ၊ ကလေးမှစ၍ နို့စို့ကလေးသူငယ်များအပါအဝင် နွား၊ သိုး၊ ကုလားအုတ်၊ မြည်းတို့ကို သတ်ဖြတ်လော့’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။