သုံးရက်အတွင်းတွင် ဖာရောမင်းကြီးသည် သင့်ကိုခေါင်းနှင့်ကိုယ်တခြားစီဖြစ်စေပြီး သင့်ကိုယ်ကို သစ်တိုင်၌ချိတ်ဆွဲထားလိမ့်မည်။ ငှက်တို့သည် သင့်အသားကိုစားကြလိမ့်မည်”ဟု ဆိုလေ၏။
ဧသတာ 2:23 - မြန်မာ့စံမီသမ္မာကျမ်း ထိုအကြောင်းကိုစုံစမ်းတွေ့ရှိသောအခါ ထိုသူနှစ်ဦးကို သစ်တိုင်၌ချိတ်ဆွဲထား၏။ ထိုအကြောင်းကို ရှင်ဘုရင်ရှေ့မှောက်၌ ရာဇဝင်ချုပ်မှတ်တမ်းစာလိပ်ထဲတွင် မှတ်တမ်းတင်ထားလေ၏။ Common Language Bible ထိုအမှုကိုစုံစမ်းစစ်ဆေးသောအခါ မော်ဒကဲပေးသည့်သတင်းမှန်ကန်ကြောင်း တွေ့ရှိရသဖြင့် ထိုသူနှစ်ယောက်စလုံးပင် လည်ဆွဲတိုင်၌ကွပ်မျက်ခြင်းကိုခံရကြ လေသည်။ မင်းကြီးသည်ဤအမှုကိုအင် ပါယာနိုင်ငံတော်မှတ်တမ်းများတွင်ရေး မှတ်ထားစေတော်မူ၏။ Garrad Bible ထို သူ နှစ် ယောက် တို့ ကို လည် ဆွဲ တိုင်၌ ဆွဲ ထား၍၊ နေ့ စဉ် မှတ် စာ တန်း တွင်၊ ဘု ရင် မင်း ရှေ့ တင် သွင်း ကြ သ တည်း။ Judson Bible ထိုအမှုကို စစ်ကြော၍ အမှန်သိသောအခါ၊ ထိုသူနှစ်ယောက်တို့ကို သစ်ပင်၌ လည်ဆွဲချပြီးမှ၊ ရှင်ဘုရင်ရှေ့၊ နန်းတော်မှတ်စာ၌ ရေးမှတ်သတည်း။ |
သုံးရက်အတွင်းတွင် ဖာရောမင်းကြီးသည် သင့်ကိုခေါင်းနှင့်ကိုယ်တခြားစီဖြစ်စေပြီး သင့်ကိုယ်ကို သစ်တိုင်၌ချိတ်ဆွဲထားလိမ့်မည်။ ငှက်တို့သည် သင့်အသားကိုစားကြလိမ့်မည်”ဟု ဆိုလေ၏။
စားတော်ဝန်ကိုမူကား သစ်တိုင်၌ချိတ်ဆွဲထားလေ၏။ သူတို့အား ယောသပ်အနက်ဖွင့်ပြပေးခဲ့သည့်အတိုင်းဖြစ်လေ၏။
အရှင်မင်းကြီး၊ ဘိုးဘေးတော်တို့ထားခဲ့သောမှတ်တမ်းလွှာများကို ရှာဖွေစိစစ်ကြည့်ပါ။ ဤမြို့သည် ပုန်ကန်တတ်သောမြို့၊ ဘုရင်များနှင့် တိုင်းပြည်၏အကျိုးကို ဆုတ်ယုတ်စေသောမြို့၊ ရှေးယခင်ကပင် ဆူပူအုံကြွမှုဖြစ်စေတတ်သောမြို့ဖြစ်သောကြောင့် ဖျက်ဆီးခံခဲ့ရကြောင်းကို မှတ်တမ်းလွှာများတွင် တွေ့ရှိရပါလိမ့်မည်။
ဘုရင်၏စွမ်းဆောင်ရည်နှင့် တန်ခိုးသြဇာကြီးမားပုံ၊ ရှင်ဘုရင်ချီးမြှောက်သဖြင့် မော်ဒကဲဘုန်းတန်ခိုးကြီးမားပုံတို့ကို မေဒိနှင့်ပါးရှားရှင်ဘုရင်တို့၏ရာဇဝင်မှတ်တမ်းစာလိပ်၌ မှတ်တမ်းတင်ထား၏။
ထိုအခါ သူ့ဇနီးဇေရက်နှင့် သူ့မိတ်ဆွေအပေါင်းတို့က “အတောင်ငါးဆယ်မြင့်သောသစ်တိုင်တစ်ခုကိုပြုလုပ်စေပြီး မော်ဒကဲကို ထိုသစ်တိုင်ပေါ်တွင်ဆွဲထားမည့်အကြောင်း မနက်ဖြန်မနက်တွင် ရှင်ဘုရင်ထံ အခွင့်တောင်းပါ။ ပြီးမှ ရှင်ဘုရင်နှင့်အတူ စားသောက်ပွဲသို့ ဝမ်းမြောက်စွာသွားပါ”ဟု အကြံပေးကြ၏။ ဟာမန်သည်လည်း ထိုအကြံကိုနှစ်သက်သဖြင့် သစ်တိုင်ကိုပြုလုပ်စေ၏။
ထိုညတွင် ရှင်ဘုရင်သည် အိပ်မပျော်သဖြင့် ရာဇဝင်မှတ်တမ်းစာလိပ်ကို ယူလာရန် အမိန့်ပေး၏။ သူတို့သည်လည်းယူလာ၍ ဘုရင့်ရှေ့မှောက်၌ ဖတ်ပြကြ၏။
ထို့ကြောင့် မော်ဒကဲအတွက် စိုက်ထူထားသောသစ်တိုင်ပေါ်တွင် ဟာမန်ကို ချိတ်ဆွဲကြ၏။ ရှင်ဘုရင်သည်လည်း အမျက်ပြေလေ၏။
ထိုအချိန်တွင် ထာဝရဘုရားကို ကြောက်ရွံ့ရိုသေသောသူတို့အချင်းချင်းပြောဆိုသောစကားကို ထာဝရဘုရားနားထောင်၍ ကြားတော်မူ၏။ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေပြီး နာမတော်ကို ကြည်ညိုလေးစားသောသူတို့နှင့်ပတ်သက်၍ ရှေ့တော်၌ အောက်မေ့စရာမှတ်တမ်းစာလိပ်တွင် ရေးမှတ်ထား၏။
အာဣဘုရင်ကို နေဝင်ချိန်တိုင်အောင် သစ်ပင်ပေါ်တွင် ချိတ်ဆွဲထား၏။ နေဝင်သောအခါ ယောရှုအမိန့်အတိုင်း လူတို့သည် အလောင်းကို သစ်ပင်မှချ၍ မြို့တံခါးဝတွင်ပစ်ထားပြီးလျှင် အလောင်းပေါ်တွင် ကျောက်ပုံကြီးပုံထား၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင် ရှိ၏။