ဧသတာ 2:23 - Common Language Bible23 ထိုအမှုကိုစုံစမ်းစစ်ဆေးသောအခါ မော်ဒကဲပေးသည့်သတင်းမှန်ကန်ကြောင်း တွေ့ရှိရသဖြင့် ထိုသူနှစ်ယောက်စလုံးပင် လည်ဆွဲတိုင်၌ကွပ်မျက်ခြင်းကိုခံရကြ လေသည်။ မင်းကြီးသည်ဤအမှုကိုအင် ပါယာနိုင်ငံတော်မှတ်တမ်းများတွင်ရေး မှတ်ထားစေတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible23 ထို သူ နှစ် ယောက် တို့ ကို လည် ဆွဲ တိုင်၌ ဆွဲ ထား၍၊ နေ့ စဉ် မှတ် စာ တန်း တွင်၊ ဘု ရင် မင်း ရှေ့ တင် သွင်း ကြ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible23 ထိုအမှုကို စစ်ကြော၍ အမှန်သိသောအခါ၊ ထိုသူနှစ်ယောက်တို့ကို သစ်ပင်၌ လည်ဆွဲချပြီးမှ၊ ရှင်ဘုရင်ရှေ့၊ နန်းတော်မှတ်စာ၌ ရေးမှတ်သတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 ထိုအကြောင်းကိုစုံစမ်းတွေ့ရှိသောအခါ ထိုသူနှစ်ဦးကို သစ်တိုင်၌ချိတ်ဆွဲထား၏။ ထိုအကြောင်းကို ရှင်ဘုရင်ရှေ့မှောက်၌ ရာဇဝင်ချုပ်မှတ်တမ်းစာလိပ်ထဲတွင် မှတ်တမ်းတင်ထားလေ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်အရှင်၏ဘိုးတော်ဘေးတော်များထားရှိခဲ့သည့် မှတ်တမ်းများကိုအမိန့်ထုတ်ဆင့်၍ရှာဖွေကြည့်ရှုစေတော်မူပါက ဤမြို့သည်ပုန်ကန်လေ့ရှိကြောင်းကိုလည်းကောင်း၊ ရှေးကာလမှအစပြု၍ပြည်နယ်များကိုအုပ်စိုးသောဘုရင်များ၊ ဘုရင်ခံများအားဒုက္ခပေးခဲ့ဖူးကြောင်းကိုလည်းကောင်းတွေ့ရှိရပါလိမ့်မည်။ ဤမြို့သားတို့သည်အစဉ်ပင်အုပ်ချုပ်ရခက်သူများဖြစ်ကြပါ၏။ ဤအကြောင်းကြောင့်ဤမြို့သည်ဖျက်ဆီးခြင်းခံခဲ့ရပါသည်။-
ထို့အခါသူ၏ဇနီးနှင့်မိတ်ဆွေအပေါင်း တို့ကသူ့အား``ခုနစ်ဆယ့်ငါးပေမြင့်သည့် လည်ဆွဲတိုင်ကိုစိုက်ထူစေပါလော့။ မော်ဒကဲ အားထိုလည်ဆွဲတိုင်တွင်တင်၍သတ်ရန် နက် ဖြန်နံနက်၌မင်းကြီးအားလျှောက်ထားပါ လော့။ ထိုနောက်ပျော်ရွှင်စွာညစာစားပွဲသို့ သွားနိုင်ပါလိမ့်မည်'' ဟုအကြံပေးကြ၏။ ဟာမန်သည်ထိုအကြံကိုနှစ်သက်သဖြင့် လည်ဆွဲတိုင်ကိုစိုက်ထူစေ၏။
အာဣမင်းကိုလည်းသစ်ပင်တွင်လည်ဆွဲချ၍ သတ်ပြီးလျှင် နေဝင်ချိန်တိုင်အောင်အလောင်း ကိုဆွဲထားလေ၏။ နေဝင်ချိန်၌အလောင်းကို ဖြုတ်ချ၍မြို့တံခါးဝတွင်ပစ်ထားရန် ယောရှုအမိန့်ပေး၏။ ထိုနောက်သူတို့သည် အလောင်းပေါ်တွင်ကျောက်တုံးများကိုပုံ ထားကြသဖြင့် ယနေ့တိုင်ထိုကျောက်ပုံ ကြီးကိုတွေ့မြင်နိုင်လေသည်။