ကျန်ရှိနေသော ရှောလမုန်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာနှင့် သူ၏ဉာဏ်ပညာကြီးပုံတို့ကို ရှောလမုန်မင်းကြီး၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ဧသတာ 10:2 - မြန်မာ့စံမီသမ္မာကျမ်း ဘုရင်၏စွမ်းဆောင်ရည်နှင့် တန်ခိုးသြဇာကြီးမားပုံ၊ ရှင်ဘုရင်ချီးမြှောက်သဖြင့် မော်ဒကဲဘုန်းတန်ခိုးကြီးမားပုံတို့ကို မေဒိနှင့်ပါးရှားရှင်ဘုရင်တို့၏ရာဇဝင်မှတ်တမ်းစာလိပ်၌ မှတ်တမ်းတင်ထား၏။ Common Language Bible မင်းကြီးသည်အဘယ်မျှတန်ခိုးကြီးတော် မူကြောင်းနှင့်ကြီးမြင့်သောရာထူးဖြင့် မော်ဒ ကဲအားအဘယ်သို့ချီးမြှင့်တော်မူကြောင်း ကိုပေရသိနှင့်မေဒိဘုရင်တို့၏တရား ဝင်မှတ်တမ်းများတွင်ရေးသားထားပေ သည်။- Garrad Bible အာ ဏာ တန် ခိုး ဆိုင် ရာ အ မှု အ ရေး များ နှင့်၊ ဘု ရင် မင်း သူ ကောင်း ပြု၍ မော် ဒ ကဲ ဘုန်း ကြီး ခြင်း အ ကြောင်း ပါ၊ မေ ဒိ၊ ပေ ရ သိ ရာ ဇ ဝင် တွင် ရေး ထား လျက် ရှိ၏။ Judson Bible အာဏာတန်ခိုးတော်နှင့် စီရင်သမျှသော အမှုအရာများနှင့်တကွ၊ ချီးမြှောက်တော်မူခြင်းကို ခံရသော မော်ဒကဲ၏ ဘုန်းတန်ခိုး၊ ထင်ရှားသော အခြင်းအရာတို့သည် မေဒိ၊ ပေရသိရာဇဝင်တို့၌ ရေးထားလျက်ရှိ၏။ |
ကျန်ရှိနေသော ရှောလမုန်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာနှင့် သူ၏ဉာဏ်ပညာကြီးပုံတို့ကို ရှောလမုန်မင်းကြီး၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ယေရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ စစ်တိုက်ခဲ့ပုံများ၊ အုပ်ချုပ်ခဲ့ပုံများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော အာဟပ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာဟူသမျှ၊ ဆင်စွယ်နန်းတော်တည်ဆောက်ခဲ့ပုံ၊ မြို့များတည်ခဲ့ပုံတို့ကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ထိုအကြောင်းကိုစုံစမ်းတွေ့ရှိသောအခါ ထိုသူနှစ်ဦးကို သစ်တိုင်၌ချိတ်ဆွဲထား၏။ ထိုအကြောင်းကို ရှင်ဘုရင်ရှေ့မှောက်၌ ရာဇဝင်ချုပ်မှတ်တမ်းစာလိပ်ထဲတွင် မှတ်တမ်းတင်ထားလေ၏။
ထိုညတွင် ရှင်ဘုရင်သည် အိပ်မပျော်သဖြင့် ရာဇဝင်မှတ်တမ်းစာလိပ်ကို ယူလာရန် အမိန့်ပေး၏။ သူတို့သည်လည်းယူလာ၍ ဘုရင့်ရှေ့မှောက်၌ ဖတ်ပြကြ၏။
မော်ဒကဲသည် အပြာရောင်နှင့်အဖြူရောင်ချည်ချောထည် မင်းအဝတ်တန်ဆာဝတ်ဆင်၍ ရွှေသရဖူကြီးကိုဆောင်းလျက်၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုခြုံလျက် ဘုရင့်ထံမှထွက်လာသောအခါ ရှုရှန်နန်းတော်တစ်ခုလုံး ဝမ်းမြောက်စွာ ကြွေးကြော်ကြလေ၏။
ရှင်ဘုရင်သည် ဟာမန်ထံမှ ပြန်သိမ်းယူထားသော တံဆိပ်တုံးလက်စွပ်ကိုချွတ်၍ မော်ဒကဲအား ပေးလေ၏။ ဧသတာသည်လည်း ဟာမန်၏အိမ်ကို မော်ဒကဲအား ကြီးကြပ်ကွပ်ကဲစေ၏။
အကြောင်းမူကား မော်ဒကဲသည် ဘုရင့်နန်းတော်တွင် တန်ခိုးဩဇာကြီးမား၍ သူ၏ဂုဏ်သတင်းသည်လည်း နယ်မြေဒေသတစ်ဝန်းလုံးသို့ ပျံ့နှံ့သဖြင့် မော်ဒကဲ၏တန်ခိုးဩဇာသည်လည်း ပို၍ပို၍ကြီးလာလေ၏။
ကိုယ်တော်သည် ကယ်တင်ခြင်းဒိုင်းလွှားကို အကျွန်ုပ်အားပေးတော်မူ၏။ ကိုယ်တော်၏လက်ယာလက်တော်သည် အကျွန်ုပ်ကိုဖေးမ၍ ကိုယ်တော်၏နူးညံ့သိမ်မွေ့သောသဘောကြောင့် အကျွန်ုပ်သည် ကြီးမြတ်သူဖြစ်လာရပါ၏။
ထို့နောက် ရှင်ဘုရင်သည် ဒံယေလအား ရာထူးတိုးမြှင့်ပေး၍ လက်ဆောင်များစွာကို ပေး၏။ သူ့အား ဘေဘီလုံပညာရှိတို့အထက်၌ ဝန်ကြီးချုပ်အဖြစ် ခန့်ထား၍ ဘေဘီလုံနယ်မြေတစ်ဝန်းလုံးကို အုပ်စိုးစေ၏။