အဖြူရောင်၊ အပြာရောင်ချည်ချောကန့်လန့်ကာတို့ကို ခရမ်းရောင်ချည်ချောကြိုးတို့ဖြင့် ချည်၍ငွေကွင်းတပ်ထားသောစကျင်ကျောက်တိုင်၌ ချည်ဆွဲထား၏။ ကျောက်နီ၊ စကျင်ကျောက်၊ ကျောက်ဖြူ၊ ကျောက်နက်တို့ခင်းထားသောတလင်းပြင်ပေါ်တွင် ရွှေညောင်စောင်း၊ ငွေညောင်စောင်းများ ခင်းကျင်းထား၏။
ဥယျာဉ်တော်ဝင်းတွင်ငွေကွင်းတပ်ထား သည့်ကျောက်ဖြူတိုင်များ၌ ပိတ်ချောအဖြူ အပြာကန့်လန့်ကာများကိုမရမ်းစေ့ရောင် ပိတ်ကြိုးများဖြင့်ချည်၍တန်ဆာဆင်ထား ၏။ ကျောက်ဖြူ၊ ကျောက်သလင်း၊ ကနုကမာ၊ စိမ်းပြာကျောက်များနှင့်အကွက်ဖော်၍ခင်း ထားသည့်ဥယျာဉ်တော်ဝင်းအတွင်း၌ ရွှေ နှင့်ငွေတို့ဖြင့်ပြီးသောညောင်စောင်းများ ကိုလည်းထားရှိလေသည်။-
ငွေကွင်းတပ်သော ကျောက်ဖြူတိုင်တို့၌ မောင်းသော ပိတ်ချောကြိုးဖြင့် ဆွဲကာသော ပိတ်ချောကုလားကာ အဖြူအစိမ်းအပြာ တို့နှင့်လည်းကောင်း၊ ခင်းသောကျောက်ပြား အနီအပြာအဖြူအနက်တို့ အပေါ်မှာထားသော ရွှေငွေ အနေအထိုင်တို့နှင့်လည်းကောင်း ဥယျာဉ်တော်သည် ပြည့်စုံ၏။
ရှင်ဘုရင်သည် နန်းတော်ဥယျာဉ်မှ စပျစ်ဝိုင်သောက်ရာနေရာသို့ ပြန်ဝင်လာ၍ ဧသတာလျောင်းရာညောင်စောင်းတွင် ဟာမန်ပျပ်ဝပ်နေသည်ကို မြင်လျှင် ရှင်ဘုရင်က “ငါ့မျက်စိရှေ့ နန်းတွင်းမှာပင် မိဖုရားကို ကိုယ်ထိလက်ရောက်စော်ကားမည်လော”ဟု ရှင်ဘုရင်နှုတ်မှ ဆိုလိုက်သည်နှင့် မင်းမှုထမ်းတို့သည် ဟာမန်၏မျက်နှာကို ဖုံးအုပ်လိုက်ကြ၏။
မော်ဒကဲသည် အပြာရောင်နှင့်အဖြူရောင်ချည်ချောထည် မင်းအဝတ်တန်ဆာဝတ်ဆင်၍ ရွှေသရဖူကြီးကိုဆောင်းလျက်၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုခြုံလျက် ဘုရင့်ထံမှထွက်လာသောအခါ ရှုရှန်နန်းတော်တစ်ခုလုံး ဝမ်းမြောက်စွာ ကြွေးကြော်ကြလေ၏။
ထို့ပြင် သင်သည် ကိန်းဝပ်တော်မူရာတဲတော်ကို ရွက်ထည်ဆယ်ထည်ဖြင့် လုပ်ရမည်။ ထိုရွက်ထည်တို့သည် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြစ်ရမည်။ ထိုပိတ်ချောထည်ပေါ်တွင် ခေရုဗိမ်ရုပ်များကို လက်ရာမြောက်စွာ ပုံဖော်ထားရမည်။
တင့်တယ်သောညောင်စောင်းပေါ်တွင်ထိုင်လျက်၊ ငါ့အားပူဇော်ရမည့် နံ့သာပေါင်းနှင့်ဆီကို စားပွဲတွင်တင်ထား၏။
ယဇ်ပလ္လင်ရှိသမျှတို့၏အနီးတွင် အပေါင်ခံအဝတ်များကို ခင်း၍ လဲလျောင်းနေတတ်ကြ၏။ ဒဏ်ကြေးကောက်သောငွေများဖြင့် စပျစ်ဝိုင်ဝယ်၍ သူတို့ဘုရားဝတ်ကျောင်းတွင် သောက်တတ်ကြ၏။
တစ်ဖန် ထာဝရဘုရားက “သိုးထိန်းသည် ခြင်္သေ့ခံတွင်းမှ ခြေနှစ်ချောင်း၊ နားရွက်တစ်ပိုင်းကိုသာ နုတ်ယူနိုင်သကဲ့သို့ ရှမာရိမြို့ခုတင်စွန်း၊ ဒမတ်စကပ်ညောင်စောင်းတွင်ထိုင်သော အစ္စရေးအမျိုးသားတို့သာ ကယ်နုတ်ခြင်းခံရလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်တို့သည် ဆင်စွယ်ခုတင်တွင် အိပ်လျက်၊ ညောင်စောင်းပေါ်တွင် လဲလျောင်းလျက်၊ သိုးအုပ်ထဲမှသိုးသငယ်များနှင့် တင်းကုပ်ထဲမှနွားသငယ်များကို သတ်စားလျက်၊
ရှောလုမင်းကြီးက “ငါမစားပါ”ဟု ငြင်းဆန်သော်လည်း သူ၏အစေအပါးတို့နှင့်ထိုမိန်းမက တိုက်တွန်းသဖြင့် သူသည် သူတို့၏စကားကိုနားထောင်၍ မြေပေါ်မှထကာ ခုတင်ပေါ်တွင် ထိုင်လေ၏။