ဧသတာ 1:6 - Common Language Bible6 ဥယျာဉ်တော်ဝင်းတွင်ငွေကွင်းတပ်ထား သည့်ကျောက်ဖြူတိုင်များ၌ ပိတ်ချောအဖြူ အပြာကန့်လန့်ကာများကိုမရမ်းစေ့ရောင် ပိတ်ကြိုးများဖြင့်ချည်၍တန်ဆာဆင်ထား ၏။ ကျောက်ဖြူ၊ ကျောက်သလင်း၊ ကနုကမာ၊ စိမ်းပြာကျောက်များနှင့်အကွက်ဖော်၍ခင်း ထားသည့်ဥယျာဉ်တော်ဝင်းအတွင်း၌ ရွှေ နှင့်ငွေတို့ဖြင့်ပြီးသောညောင်စောင်းများ ကိုလည်းထားရှိလေသည်။- အခန်းကိုကြည့်ပါ။Judson Bible6 ငွေကွင်းတပ်သော ကျောက်ဖြူတိုင်တို့၌ မောင်းသော ပိတ်ချောကြိုးဖြင့် ဆွဲကာသော ပိတ်ချောကုလားကာ အဖြူအစိမ်းအပြာ တို့နှင့်လည်းကောင်း၊ ခင်းသောကျောက်ပြား အနီအပြာအဖြူအနက်တို့ အပေါ်မှာထားသော ရွှေငွေ အနေအထိုင်တို့နှင့်လည်းကောင်း ဥယျာဉ်တော်သည် ပြည့်စုံ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 အဖြူရောင်၊ အပြာရောင်ချည်ချောကန့်လန့်ကာတို့ကို ခရမ်းရောင်ချည်ချောကြိုးတို့ဖြင့် ချည်၍ငွေကွင်းတပ်ထားသောစကျင်ကျောက်တိုင်၌ ချည်ဆွဲထား၏။ ကျောက်နီ၊ စကျင်ကျောက်၊ ကျောက်ဖြူ၊ ကျောက်နက်တို့ခင်းထားသောတလင်းပြင်ပေါ်တွင် ရွှေညောင်စောင်း၊ ငွေညောင်စောင်းများ ခင်းကျင်းထား၏။ အခန်းကိုကြည့်ပါ။ |
သူသည်ဧသတာ၏သလွန်ထက်သို့လှဲချ ကာအသနားခံမည်အပြုတွင်မင်းကြီး သည် ဥယျာဉ်တော်မှပြန်လည်ရောက်ရှိကာ ညစာခန်းမဆောင်သို့ဝင်လာလေသည်။ ဟာမန်၏အမူအရာကိုမြင်သောအခါ မင်းကြီးက``ဤသူသည်မိဖုရားအားနန်း တော်အတွင်းငါ့ရှေ့မှောက်၌ပင်မတရား ပြုကျင့်မည်လော'' ဟုဟစ်အော်မိန့်မြွက် တော်မူ၏။ ယင်းသို့မင်းကြီးမိန့်မြွက်လိုက်သည့်အခါ မိန်းမစိုးတို့သည်ဟာမန်၏မျက်နှာကို ဖုံးအုပ်ကြလေသည်။
မော်ဒကဲသည်မင်းမြောက်တန်ဆာတည်းဟူ သောဝတ်လဲအဖြူနှင့်အပြာကိုလည်းကောင်း၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုလည်းကောင်း ဝတ်ဆင်ကာခန့်ညားသည်ရွှေသရဖူကို ဆောင်း၍ နန်းတော်မှထွက်ခွာသွားလေသည်။ ထိုအခါရှုရှန်မြို့တစ်မြို့လုံးသည်သြဘာ သံများ၊ ရွှင်လန်းဝမ်းမြောက်စွာကြွေးကြော် သံများနှင့်ဆူညံသွား၏။-
ထာဝရဘုရားက``သိုးထိန်းသည်ခြင်္သေ့ စာဖြစ်သွားသောသိုးတစ်ကောင်၏ခြေနှစ် ချောင်း သို့မဟုတ်နားရွက်တစ်ဖက်စသော အပိုင်းအစများကိုသာကောက်ယူနိုင် သကဲ့သို့ ရှမာရိပြည်ဒမာသက်မြို့ရှိ ကုတင်မွေ့ယာတို့ပေါ်၌ စည်းစိမ်ယစ်မူး နေသူတို့အနက်လူအနည်းငယ်သာ လျှင်ကျန်ရစ်ပေမည်။-