ဧသတာ 1:7 - မြန်မာ့စံမီသမ္မာကျမ်း7 စပျစ်ဝိုင်ကို ရွှေခွက်များဖြင့်တိုက်၏။ ရွှေခွက်များမှာလည်း တစ်ခွက်နှင့်တစ်ခွက်မတူ။ မင်းကြီးသည် တော်ဝင်စပျစ်ဝိုင်ကို ရက်ရက်ရောရော အလျှံပယ်တိုက်၏။ အခန်းကိုကြည့်ပါ။Common Language Bible7 မင်းကြီးသည်စပျစ်ရည်ကိုရွှေဖလားများ နှင့်ထည့်၍တိုက်စေတော်မူ၏။ ထိုဖလားတို့ သည်တစ်ခုနှင့်တစ်ခုဆင်သည်ဟူ၍မရှိ ပေ။ စပျစ်ရည်ကိုရက်ရောစွာတိုက်စေတော် မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible7 အ ထူး ထူး အ ပြား ပြား သော ရွှေ ဖ လား များ နှင့်၊ စ ပျစ် ရည် များ စွာ ကို ဘု ရင် မင်း တည် ခင်း သည့် အ လျောက် သောက် ရ ကြ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible7 ရှင်ဘုရင်စည်းစိမ်နှင့် လျော်စွာ ထူးခြားသောရွှေဖလားတို့နှင့် များစွာသော စပျစ်ရည်ကို သောက်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်ဝန်းလုံးသို့ ပျံ့နှံ့သွားသဖြင့် လူတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ ဝေဒနာခံစားနေရသူများ၊ နတ်ဆိုးပူးသူများ၊ ဝက်ရူးပြန်ရောဂါစွဲသောသူများနှင့် လေဖြတ်သောသူများ စသည့်နာမကျန်းဖြစ်သူအပေါင်းတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ ကိုယ်တော်သည် သူတို့ကို ကျန်းမာစေတော်မူ၏။