အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုသို့ရှင်ဘုရင်စီရင်လိုက်သောအမှုကို ကြားသိရသောအခါ ရှင်ဘုရင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ဉာဏ်ပညာတည်နေသောကြောင့်သာ ဤသို့စီရင်နိုင်ကြောင်းကို သိကြသောကြောင့် ရှင်ဘုရင်ကို ကြောက်ရွံ့ရိုသေကြလေ၏။
ဧသတာ 1:19 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ အရှင်မင်းကြီးစိတ်တော်နှင့်တွေ့လျှင် မိဖုရားဝါရှတိသည် အာရွှေရုမင်းကြီးရှေ့တော်သို့မည်သည့်အခါမျှ အခစားမဝင်ရဟု ရာဇအမိန့်ထုတ်ပြန်တော်မူပါ။ သူ့အရိုက်အရာကို သူ့ထက်သာသောအခြားသူတစ်ယောက်အား အရှင်မင်းကြီးလွှဲပေးတော်မူပါ။ ဤအမိန့်ကိုပယ်ဖျက်၍မရအောင် ပါးရှားပြည်နှင့်မေဒိပြည်တို့၏ဥပဒေတွင် ရေးမှတ်စေတော်မူပါ။ Common Language Bible အရှင်မင်းကြီးသဘောတူတော်မူပါလျှင် ဝါရှတိမိဖုရားအားနောင်အဘယ်အခါ ၌မျှ ရှေ့တော်သို့ဝင်ခွင့်မပြုကြောင်းရာဇ အမိန့်ကြေငြာချက်ကိုထုတ်ပြန်တော်မူ ပါ။ ထိုအမိန့်တော်ကိုနောင်အဘယ်အခါ ၌မျှမပြောင်းမလဲနိုင်စိမ့်သောငှာ ပေရသိ၊ မေဒိဋ္ဌမ္မသတ်များတွင်ထည့်သွင်းရေးမှတ် ၍ထားတော်မူပါ။ ထိုနောက်မိဖုရား၏ ရာထူးကို သူ့ထက်သာသည့်အမျိုးသမီး တစ်ဦးအားချီးမြှင့်တော်မူပါ။- Garrad Bible သို့ ဖြစ်၍၊ ဘု ရင် မင်း သ ဘော တော် ရှိ ပါ လျှင်၊ ဝါ ရှ တိ သည် အာ ရွှေ ရု မင်း ထံ နောက် တစ် ဖန် မ ဝင် ရ ဟု အ မိန့် ထုတ် ဆင့်၍၊ မ ပ မ ပျောက် နိုင် သော၊ ပေ ရ သိ၊ မေ ဒိ လူ မျိုး ဓ မ္မ သတ် တွင် တင် သွင်း လျက်၊ သူ့ ထက် မြတ် သော မိန်း မ ကို၊ မိ ဖု ရား မြှောက် တော် မူ ပါ။ Judson Bible ဝါရှတိသည် အရှင်မင်းကြီး အာရွှေရုထံတော်သို့ နောက်တစ်ဖန် မဝင်စေခြင်းငှာ အလိုတော်ရှိလျှင် မဝင်စေနှင့်ဟု မိန့်တော်မူပါ။ မပြောင်းလဲနိုင်သော အမိန့်တော်ရှိစေခြင်းငှာ ပေရသိ၊ မေဒိဓမ္မသတ်၌သွင်း၍ ရေးစေတော်မူပါ။ ဝါရှတိထက် ကောင်းသော မိန်းမကိုလည်း မိဖုရားအရာ၌ ချီးမြှောက်တော်မူပါ။ |
အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုသို့ရှင်ဘုရင်စီရင်လိုက်သောအမှုကို ကြားသိရသောအခါ ရှင်ဘုရင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ဉာဏ်ပညာတည်နေသောကြောင့်သာ ဤသို့စီရင်နိုင်ကြောင်းကို သိကြသောကြောင့် ရှင်ဘုရင်ကို ကြောက်ရွံ့ရိုသေကြလေ၏။
ယနေ့လည်း မိဖုရား၏အပြုအမူကိုကြားသိကြသော ပါးရှားပြည်နှင့် မေဒိပြည်မှအကြီးအကဲကတော်တို့သည် အရှင်မင်းကြီးခန့်ထားသောအကြီးအကဲအပေါင်းတို့ကို ထိုအတိုင်း ပြောဆိုဆက်ဆံကြပါလိမ့်မည်။ သို့ဖြစ်၍ မထီလေးစားပြုခြင်းနှင့် အမျက်ထွက်ခြင်းတို့ များပြားလာပါလိမ့်မည်။
ထိုစကားကို ရှင်ဘုရင်နှင့်မှူးမတ်တို့ သဘောကျနှစ်သက်သဖြင့် ရှင်ဘုရင်သည် မမုကန်ပြောသည့်အတိုင်း ပြု၏။
ထို့နောက်တွင် အာရွှေရုမင်းကြီးသည် အမျက်ပြေ၍ ဝါရှတိကိုသတိရလေ၏။ ဝါရှတိပြုမူခဲ့ပုံနှင့် သူ့အပေါ် အပြစ်ဒဏ်ချခဲ့ပုံတို့ကိုလည်း သတိရလေ၏။
အရှင်မင်းကြီးအလိုတော်ရှိလျှင် သူတို့ကိုဖျက်ဆီးပစ်ရန် အမိန့်စာထုတ်တော်မူပါ။ အကျွန်ုပ်သည်လည်း အရှင်မင်းကြီး၏ဘဏ္ဍာတိုက်ထဲသို့သွင်းရန် ငွေတာလန်တစ်သောင်းကို ဤအမှုဆောင်ရွက်သူတို့၏လက်သို့ အပ်ပါမည်”ဟု လျှောက်လေ၏။
“အရှင်မင်းကြီးစိတ်တော်နှင့်တွေ့၍ ကျွန်တော်မျိုးမကို မျက်နှာသာပေးမည်ဆိုလျှင်လည်းကောင်း၊ ဤအမှုလျောက်ပတ်သည်ဟုထင်၍ ကျွန်တော်မျိုးမကို အရှင်မင်းကြီးစိတ်တော်နှင့်တွေ့လျှင်လည်းကောင်း အရှင်မင်းကြီးပိုင်နယ်မြေဒေသအသီးသီးရှိဂျူးလူမျိုးတို့ကို သုတ်သင်ပယ်ရှင်းမည်ဟု အာဂတ်လူမျိုး၊ ဟမ္မေဒါသ၏သားဟာမန် မကောင်းကြံစည်၍ ရေးသားသည့်အမိန့်စာကို ပြန်လည်ရုပ်သိမ်းမည့်အကြောင်း အမိန့်ထုတ်ပြန်တော်မူပါ။
ဘုရင့်နာမည်နှင့် ရေးသားထား၍ ဘုရင့်တံဆိပ်တုံးလက်စွပ်နှင့် ခတ်နှိပ်ထားသောစာကိုမူ အဘယ်သူမျှပြန်လည်ရုပ်သိမ်းခွင့်မရှိသည်ဖြစ်၍ သင်တို့ကောင်းမည်ထင်သည့်အတိုင်း ဂျူးလူမျိုးတို့နှင့်ပတ်သက်သောအမိန့်စာကို ဘုရင့်နာမည်နှင့် ရေးသား၍ ဘုရင့်တံဆိပ်တုံးလက်စွပ်နှင့် ခတ်နှိပ်ကြလော့”ဟု မိန့်ဆို၏။
ထို့နောက် ကျောက်တုံးတစ်တုံးသယ်လာကြပြီး တွင်းဝကို ပိတ်ထားကြ၏။ ဒံယေလနှင့်ပတ်သက်၍ ချမှတ်ထားသည့်အရာ အပြောင်းအလဲမဖြစ်စေရန် ရှင်ဘုရင်သည် မိမိတံဆိပ်တုံးနှင့် မှူးမတ်တို့တံဆိပ်တုံးကို တွင်းဝတွင် ခတ်နှိပ်ထားလေ၏။
ထိုအခါ ရှမွေလက “ယနေ့ ထာဝရဘုရားသည် သင့်လက်ထဲရှိ အစ္စရေးနိုင်ငံတော်ကို ရုပ်သိမ်းပြီး သင့်ထက်ကောင်းသောသင့်အိမ်နီးချင်းအား ပေးအပ်တော်မူပြီ။