ဧသတာ 1:19 - Common Language Bible19 အရှင်မင်းကြီးသဘောတူတော်မူပါလျှင် ဝါရှတိမိဖုရားအားနောင်အဘယ်အခါ ၌မျှ ရှေ့တော်သို့ဝင်ခွင့်မပြုကြောင်းရာဇ အမိန့်ကြေငြာချက်ကိုထုတ်ပြန်တော်မူ ပါ။ ထိုအမိန့်တော်ကိုနောင်အဘယ်အခါ ၌မျှမပြောင်းမလဲနိုင်စိမ့်သောငှာ ပေရသိ၊ မေဒိဋ္ဌမ္မသတ်များတွင်ထည့်သွင်းရေးမှတ် ၍ထားတော်မူပါ။ ထိုနောက်မိဖုရား၏ ရာထူးကို သူ့ထက်သာသည့်အမျိုးသမီး တစ်ဦးအားချီးမြှင့်တော်မူပါ။- အခန်းကိုကြည့်ပါ။Garrad Bible19 သို့ ဖြစ်၍၊ ဘု ရင် မင်း သ ဘော တော် ရှိ ပါ လျှင်၊ ဝါ ရှ တိ သည် အာ ရွှေ ရု မင်း ထံ နောက် တစ် ဖန် မ ဝင် ရ ဟု အ မိန့် ထုတ် ဆင့်၍၊ မ ပ မ ပျောက် နိုင် သော၊ ပေ ရ သိ၊ မေ ဒိ လူ မျိုး ဓ မ္မ သတ် တွင် တင် သွင်း လျက်၊ သူ့ ထက် မြတ် သော မိန်း မ ကို၊ မိ ဖု ရား မြှောက် တော် မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible19 ဝါရှတိသည် အရှင်မင်းကြီး အာရွှေရုထံတော်သို့ နောက်တစ်ဖန် မဝင်စေခြင်းငှာ အလိုတော်ရှိလျှင် မဝင်စေနှင့်ဟု မိန့်တော်မူပါ။ မပြောင်းလဲနိုင်သော အမိန့်တော်ရှိစေခြင်းငှာ ပေရသိ၊ မေဒိဓမ္မသတ်၌သွင်း၍ ရေးစေတော်မူပါ။ ဝါရှတိထက် ကောင်းသော မိန်းမကိုလည်း မိဖုရားအရာ၌ ချီးမြှောက်တော်မူပါ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 သို့ဖြစ်၍ အရှင်မင်းကြီးစိတ်တော်နှင့်တွေ့လျှင် မိဖုရားဝါရှတိသည် အာရွှေရုမင်းကြီးရှေ့တော်သို့မည်သည့်အခါမျှ အခစားမဝင်ရဟု ရာဇအမိန့်ထုတ်ပြန်တော်မူပါ။ သူ့အရိုက်အရာကို သူ့ထက်သာသောအခြားသူတစ်ယောက်အား အရှင်မင်းကြီးလွှဲပေးတော်မူပါ။ ဤအမိန့်ကိုပယ်ဖျက်၍မရအောင် ပါးရှားပြည်နှင့်မေဒိပြည်တို့၏ဥပဒေတွင် ရေးမှတ်စေတော်မူပါ။ အခန်းကိုကြည့်ပါ။ |
မိဖုရား၏အပြုအမူကိုကြားသိရ သည့်ပေရသိနှင့် မေဒိမှူးမတ်ကတော်တို့ သည်နေမဝင်မီမှူးမတ်တို့အား ထိုအကြောင်း ကိုပြောကြားကြပါလိမ့်မည်။ အမျိုးသမီး များသည်မိမိတို့ခင်ပွန်းတို့အားမထီ မဲ့မြင်ပြု၍ အမျိုးသားတို့သည်မိမိတို့ ၏ဇနီးတို့အားဒေါသအမျက်ထွက်ကြ လိမ့်မည်။-
``အရှင်မင်းကြီးသဘောတူတော်မူလျှင် လည်းကောင်း၊ ကျွန်တော်မကိုစိတ်တော်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ လျောက်ပတ် သည်ဟုယူဆတော်မူလျှင်လည်းကောင်း အင်ပါယာနိုင်ငံတော်အတွင်းရှိယုဒ အမျိုးသားအပေါင်းတို့အားကွပ်မျက် ရန်အာဂတ် မှဆင်းသက်သူဟမ္မေဒါသ၏သားဟာမန် စီရင်ခဲ့သည့်အမိန့်စာများကိုပယ်ဖျက် သည့်အမိန့်ကြေငြာချက်ကိုထုတ်ပြန် တော်မူပါ။-