Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​သ​တာ 1:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ယနေ့​လည်း မိဖုရား​၏​အပြုအမူ​ကို​ကြားသိ​ကြ​သော ပါးရှား​ပြည်​နှင့် မေဒိ​ပြည်​မှ​အကြီးအကဲ​ကတော်​တို့​သည် အရှင်မင်းကြီး​ခန့်ထား​သော​အကြီးအကဲ​အပေါင်း​တို့​ကို ထို​အတိုင်း ပြောဆို​ဆက်ဆံ​ကြ​ပါ​လိမ့်မည်​။ သို့ဖြစ်၍ မထီလေးစားပြု​ခြင်း​နှင့် အမျက်ထွက်​ခြင်း​တို့ များပြား​လာ​ပါ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 မိ​ဖု​ရား​၏​အ​ပြု​အ​မူ​ကို​ကြား​သိ​ရ သည့်​ပေ​ရ​သိ​နှင့် မေ​ဒိ​မှူး​မတ်​က​တော်​တို့ သည်​နေ​မ​ဝင်​မီ​မှူး​မတ်​တို့​အား ထို​အ​ကြောင်း ကို​ပြော​ကြား​ကြ​ပါ​လိမ့်​မည်။ အ​မျိုး​သ​မီး များ​သည်​မိ​မိ​တို့​ခင်​ပွန်း​တို့​အား​မ​ထီ မဲ့​မြင်​ပြု​၍ အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ၏​ဇ​နီး​တို့​အား​ဒေါ​သ​အ​မျက်​ထွက်​ကြ လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ယ နေ့ တွင် ပင်၊ ပေ ရ သိ၊ မေ ဒိ မှူး မတ် က တော် တို့ သည်၊ မိ ဖု ရား ပြု သော ဤ အ မှု ကို ကြား သိ လျှင်၊ မှူး တော် မတ် တော် အ ပေါင်း တို့ အား ထို သို့ ပြန် ပြော ကြ သ ဖြင့်၊ မ ထီ လေး စား ပြု ခြင်း၊ ဒေါ သ အ မျက် ထွက် ခြင်း များ ပြား ပါ လိမ့် တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 မိ​ဖု​ရား​ပြု​သော ဤ​အ​မှု​ကို ပေ​ရ​သိ၊ မေ​ဒိ မင်း​က​တော်​တို့​သည် ကြား​သိ​ကြ​လျှင်၊ မှူး​တော်​မတ်​တော် အ​ပေါင်း​တို့​အား ထို​နည်း​တူ ပြန်​ပြော​သ​ဖြင့်၊ အား​မ​နာ တတ်​သော​စိတ်၊ ဒေါ​သ​စိတ် တိုး​ပွား​စ​ရာ​အ​ကြောင်း ရှိ​ပါ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 1:18
4 ပူးပေါင်းရင်းမြစ်များ  

ရှောလမုန်​မင်းကြီး​တွင် ဘုရင့်သမီး​တော်​ဖြစ်​သော​မိဖုရား​အပါး​ခုနစ်​ရာ​၊ မောင်းမ​သုံး​ရာ​ရှိ​၏​။ ထို​မိဖုရား​တို့​ကပင် သူ​၏​စိတ်နှလုံး​ကို လွဲသွား​စေ​ခဲ့​ကြ​၏​။


မိဖုရား​၏​အပြုအမူ​ကို မိန်းမ​အပေါင်း​တို့​ကြားသိ​လျှင် ‘အာရွှေရု​မင်းကြီး​သည် မိဖုရား​ဝါရှတိ​ကို ရှေ့မှောက်​သို့ အခစားဝင်​စေ​သည်​ကို​ပင် သူ​မ​ဝင်’​ဟု ပြောဆို​ကြ​ပြီး ကိုယ့်​ခင်ပွန်း​ကို မထီမဲ့မြင်ပြု​ကြ​လိမ့်မည်​။


သို့ဖြစ်၍ အရှင်မင်းကြီး​စိတ်​တော်​နှင့်​တွေ့​လျှင် မိဖုရား​ဝါရှတိ​သည် အာရွှေရု​မင်းကြီး​ရှေ့​တော်​သို့​မည်သည့်​အခါ​မျှ အခစား​မ​ဝင်​ရ​ဟု ရာဇ​အမိန့်​ထုတ်ပြန်​တော်မူ​ပါ​။ သူ့​အရိုက်အရာ​ကို သူ့​ထက်​သာ​သော​အခြားသူ​တစ်​ယောက်​အား အရှင်မင်းကြီး​လွှဲပေး​တော်မူ​ပါ​။ ဤ​အမိန့်​ကို​ပယ်ဖျက်​၍​မ​ရ​အောင် ပါးရှား​ပြည်​နှင့်​မေဒိ​ပြည်​တို့​၏​ဥပဒေ​တွင် ရေးမှတ်​စေ​တော်မူ​ပါ​။


ဉာဏ်ပညာ​ရှိ​သော​နန်းတွင်းသူ​တို့​က သူ့​အား​ပြန်လျှောက်​သကဲ့သို့ သူ​ကိုယ်တိုင်​လည်း ဤသို့ တွေး​မိ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ