ယောသပ်သည် မိမိစားပွဲမှအစားအစာများကို ညီအစ်ကိုတို့ထံသို့ပေးလိုက်၏။ ဗင်္ယာမိန်ရသောအစားအစာသည် အစ်ကိုအသီးသီးတို့ထက် ငါးဆများ၏။ သူတို့သည် ယောသပ်နှင့်အတူ စားသောက်ပျော်ပါးကြ၏။
ဧသတာ 1:10 - မြန်မာ့စံမီသမ္မာကျမ်း ခုနစ်ရက်မြောက်သောနေ့တွင် အာရွှေရုမင်းကြီးသည် စပျစ်ဝိုင်အရှိန်ကြောင့် စိတ်မြူးလာပြီး မိမိရှေ့တော်၌ခစားသော မိန်းမစိုးခုနစ်ဦးဖြစ်ကြသည့် မဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာနှင့် ကာကက် တို့ကိုခေါ်၍ Common Language Bible ပွဲတော်သတ္တမနေ့ရက်ရောက်သောအခါ မင်း ကြီးသည်စပျစ်ရည်သောက်၍ရွှင်လန်းသော အခါ အပါးတော်မြဲမိန်းမစိုးခုနစ်ယောက် ဖြစ်ကြသောမဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာ၊ ကာကတ်တို့ ကိုခေါ်ယူကာ၊- Garrad Bible ခု နစ် ရက် မြောက် သော နေ့၌ ဘု ရင် မင်း သည်၊ စ ပျစ် ရည် သောက်၍ ရွှင် လန်း သော အ ခါ၊ ရှု ချင် ဖွယ် ကောင်း လှ သော မိ ဖု ရား ဝါ ရှ တိ၏ တင့် တယ် ခြင်း ကို၊ မှူး တော် မတ် တော် တို့ နှင့် ပ ရိတ် သတ် အား ပြ လို သ ဖြင့်၊ မာ လိ က တန် ဆာ ဆင် လျက် ရှေ့ တော် သို့ ဝင် စေ ခြင်း ငှာ၊ အ ပါး တော် အ မြဲ မိန်း မ စိုး မ ဟု မန်၊ ဗိ ဇ သ၊ ဟာ ဗော န၊ ဗိ ဂ သ၊ အ ဗာ ဂ သ၊ ဇေ သာ၊ ကာ ကတ်၊ ခု နစ် ယောက် တို့ ကို အ မိန့် ထုတ် ရာ၊ Judson Bible မိဖုရားဝါရှတိသည် အဆင်းလှသောကြောင့်၊ |
ယောသပ်သည် မိမိစားပွဲမှအစားအစာများကို ညီအစ်ကိုတို့ထံသို့ပေးလိုက်၏။ ဗင်္ယာမိန်ရသောအစားအစာသည် အစ်ကိုအသီးသီးတို့ထက် ငါးဆများ၏။ သူတို့သည် ယောသပ်နှင့်အတူ စားသောက်ပျော်ပါးကြ၏။
ထိုအခါ အဗရှလုံက သူ့ငယ်သားတို့အား “သင်တို့ စောင့်ကြည့်ပါ။ စပျစ်ဝိုင်ကြောင့် အာမနုန် စိတ်မြူးလာသောအခါ ငါက ‘အာမနုန်ကို သတ်လိုက်ပါ’ဟု ဆိုလျှင် သူ့ကိုသတ်လိုက်ပါ။ ငါအမိန့်ပေးသည်မဟုတ်လော။ သင်တို့မကြောက်ကြနှင့်။ အားယူပြီး သတ္တိရှိကြပါ”ဟု မှာထား၏။
မိဖုရားဝါရှတိသည်လည်း အာရွှေရုမင်းကြီး၏တော်ဝင်နန်းတွင်းတွင် မောင်းမမိဿံများအတွက် စားသောက်ပွဲကျင်းပပေး၏။
ဘုရင့်အမိန့်တော်အတိုင်း ခြေမြန်တော်တို့သည် အလျင်အမြန်ထွက်သွားကြ၏။ ထိုအမိန့်စာကို ရှုရှန်နန်းတော်တွင် ထုတ်ပြန်ကြေညာ၏။ ထိုစဉ် ရှင်ဘုရင်နှင့်ဟာမန်တို့သည် ထိုင်၍စားသောက်လျက်နေ၏။ ရှုရှန်မြို့ထဲတွင်မူကား ရုတ်ရုတ်သဲသဲဖြစ်နေ၏။
ထိုအခါ မိန်းမစိုးတစ်ဦးဖြစ်သော ဟာဗောနက ရှင်ဘုရင်အား “အရှင်မင်းကြီးကောင်းကျိုးအတွက် လျှောက်တင်ခဲ့သောမော်ဒကဲကို ချိတ်ဆွဲရန် ဟာမန်ပြုလုပ်ထားသည့် အတောင်ငါးဆယ်မြင့်သောသစ်တိုင်သည် ဟာမန်အိမ်၌စိုက်ထူထားပါသည်”ဟု လျှောက်တင်လျှင် ရှင်ဘုရင်က “ထိုသစ်တိုင်ပေါ်တွင် သူ့ကိုချိတ်ဆွဲထားစေ”ဟု အမိန့်ပေးလေ၏။
စပျစ်ဝိုင်သည် ပြက်ရယ်ပြုစေတတ်၏။ သေရည်သေရက်သည်လည်း ဆူပူသောင်းကျန်းစေတတ်၏။ ၎င်းတို့ကြောင့် လမ်းလွဲသောသူရှိသမျှသည် ဉာဏ်ပညာမရှိ။
အို လေမွေလ၊ စပျစ်ဝိုင်သောက်ခြင်းသည် ရှင်ဘုရင်တို့နှင့်မသင့်လျော်ပေ။ ရှင်ဘုရင်တို့နှင့်မသင့်လျော်ပေ။ သေရည်သေရက်ကိုတောင့်တခြင်းသည်လည်း အုပ်ချုပ်သူတို့အတွက် မသင့်လျော်ပေ။
ပျော်ရွှင်ရန် စားသောက်ပွဲကိုကျင်းပတတ်ကြ၏။ စပျစ်ဝိုင်သည် အသက်တာကိုဝမ်းမြောက်စေတတ်၏။ ငွေသည် ခပ်သိမ်းသောအမှုကိုဖြေရှင်းပေးတတ်၏။
သူတို့သည် ပျော်မြူးကြလျက် “ရှံဆုန်ကို ခေါ်ထုတ်၍ ငါတို့အား ဖျော်ဖြေပြစေပါ”ဟု ဆိုကြ၏။ ဤသို့ဖြင့် သူတို့သည် ရှံဆုန်ကို အကျဉ်းထောင်မှခေါ်ထုတ်လာ၍ တိုင်များကြားတွင်ထားကာ သူတို့ကို ဖျော်ဖြေပြစေ၏။
သူတို့နှစ်ယောက်သည် ထိုင်၍ အတူတကွစားသောက်ကြ၏။ ထို့နောက် မယားငယ်၏ဖခင်က “တစ်ညလောက်တော့အိပ်ပါဦး။ စိတ်အပန်းဖြေပါဦး”ဟု ဆိုပြန်၏။
ဗောဇသည် စားသောက်ပြီးလျှင် စိတ်အလိုပြည့်စုံသွားပြီဖြစ်၍ ကောက်လှိုင်းပုံအစွန်တွင် သွားအိပ်လေ၏။ ရုသလည်း ဗောဇအနီးသို့ တိတ်တဆိတ်ချဉ်းကပ်လာ၍ သူ၏ခြေ၌ဖုံးထားသောအဝတ်ကိုလှစ်၍ လှဲအိပ်လေ၏။