ပဋိညာဉ်တော်ကို ကြည့်ရှုဆင်ခြင်တော်မူပါ။ အကြောင်းမူကား ကမ္ဘာမြေကြီးပေါ်ရှိမှောင်မိုက်သောအရပ်တို့သည် ရက်စက်ကြမ်းကြုတ်မှုကျက်စားရာအရပ်သက်သက် ဖြစ်ပါ၏။
ဧဖက် 4:18 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည် မိမိတို့စိတ်နှလုံးမာကျောမှုနှင့် သူတို့ထဲ၌ရှိသည့် မသိနားမလည်မှုတို့ကြောင့် အသိဉာဏ်အမှောင်ဖုံး၍ ဘုရားသခင်၏အသက်နှင့်ကင်းကွာလျက်ရှိကြ၏။ Common Language Bible သူတို့သည်ဉာဏ်အလင်းကွယ်၍အသိတရား လုံးဝကင်းမဲ့လျက်ခေါင်းမာကြသဖြင့် ဘုရား သခင်ချမှတ်ပေးတော်မူသောအသက်နှင့် ကင်းကွာလျက်ရှိကြ၏။- Garrad Bible ထို သူ တို့ သည် ဉာဏ် မိုက် မဲ လျက် စိတ် ခဲ ယဉ်း ခြင်း ကြောင့် ဖြစ် သော အ ဝိ ဇ္ဇာ အား ဖြင့် ဘု ရား သ ခင်၏ အ သက် တော် နှင့် စိမ်း ကား လျက်၊ Judson Bible ထိုသူတို့သည် ဉာဏ်အလင်းကွယ်သည်ဖြစ်၍၊ စိတ်နှလုံး မိုက်မဲသောအားဖြင့် အလျှင်းမသိ သောကြောင့်၊ ဘုရားသခင်၏အသက်နှင့် ကွာရှင်းလျက်ရှိကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့သည် ဉာဏ်အလင်းကွယ်၍ သူတို့၏ မသိနားမလည်မှုနှင့် ခေါင်းမာမှုတို့ကြောင့် ဘုရားသခင် ပေးတော်မူသောအသက်နှင့် ကင်းကွာလျက် ရှိကြ၏။ |
ပဋိညာဉ်တော်ကို ကြည့်ရှုဆင်ခြင်တော်မူပါ။ အကြောင်းမူကား ကမ္ဘာမြေကြီးပေါ်ရှိမှောင်မိုက်သောအရပ်တို့သည် ရက်စက်ကြမ်းကြုတ်မှုကျက်စားရာအရပ်သက်သက် ဖြစ်ပါ၏။
ကိုယ်တော်သည် လူအားလုံးတို့ကို ဖုံးအုပ်သောအဝတ်စ၊ တိုင်းနိုင်ငံအားလုံးတို့အပေါ် လွှမ်းထားသောခြုံထည်တို့ကို ဤတောင်ပေါ်တွင် ဖျက်ဆီးတော်မူမည်။
ရုပ်တုများကြောင့် ငါနှင့်ဝေးကွာသွားသော အစ္စရေးလူမျိုးအပေါင်းတို့၏နှလုံးသားကို ငါပြန်လည်ဆွဲယူမည်ဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုလော့။
သူသည် မာနထောင်လွှားပြီး မောက်မာခက်ထန်လာသောအခါ ရာဇပလ္လင်မှဖြုတ်ချခံရပြီး သူ့ဂုဏ်သရေလည်း ရုပ်သိမ်းသွားခြင်း ခံရ၏။
အကြောင်းမူကား ဤလူတို့၏စိတ်နှလုံးသည် ထုံထိုင်းလျက်၊ နားသည်လည်း လေးလျက်၊ မျက်စိသည်လည်း ပိတ်လျက်ရှိကြ၏။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်လျက်၊ နားဖြင့်ကြားလျက်၊စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် ငါသည် သူတို့ကိုကျန်းမာစေရမည်’ဟူ၍ဖြစ်၏။
ထိုအခါ ကိုယ်တော်သည် အမျက်တော်ဖြင့် ပတ်ပတ်လည်သို့ကြည့်ရှုတော်မူပြီး သူတို့၏စိတ်နှလုံးမာကျောမှုအတွက် အလွန်ဝမ်းနည်း၍ လက်တစ်ဖက်သေသောသူအား“သင်၏လက်ကိုဆန့်လော့”ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကိုဆန့်လိုက်ရာ သူ၏လက်သည် အကောင်းပကတိဖြစ်လေ၏။
“သူတို့သည် မျက်စိဖြင့်မြင်၍ စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရမည့်အဖြစ်မျိုးမရှိစေရန် ဘုရားသခင်သည် သူတို့၏မျက်စိကို ကွယ်စေတော်မူ၍ သူတို့၏စိတ်နှလုံးကို မာကျောစေတော်မူ၏”ဟု ထပ်မံ၍ ဟောပြောခဲ့သောကြောင့်ဖြစ်၏။
ဘုရားသခင်သည် လူတို့မသိနားမလည်သည့်အချိန်ကာလကို အမှုမထားခဲ့သော်လည်း ယခုအခါ နေရာတိုင်းရှိ လူအပေါင်းတို့အား နောင်တရကြရန် အမိန့်ပေးတော်မူ၏။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ သင်တို့သည် သင်တို့၏အကြီးအကဲများနည်းတူ မသိနားမလည်သောကြောင့် ထိုသို့ပြုခဲ့ကြသည်ကို ငါသိ၏။
ထိုမှတစ်ပါး သူတို့သည် ဘုရားသခင်ကိုမသိမမှတ်လိုသောကြောင့် ဘုရားသခင်သည် သူတို့ကို ယုတ်ညံ့သောစိတ်ထံသို့ အပ်လိုက်တော်မူသဖြင့် သူတို့သည် မပြုအပ်သောအရာများကို ပြုကြကုန်၏။
ညီအစ်ကိုတို့၊ သင်တို့သည် မိမိတို့ကိုယ်ကိုပညာသတိရှိသောသူဟူ၍မထင်မှတ်ကြစေရန် ဤလျှို့ဝှက်နက်နဲသောအရာကို မသိဘဲမနေစေလိုပါ။ လျှို့ဝှက်နက်နဲသောအရာဟူမူကား အစ္စရေးလူမျိုး၌ မာကျောခက်ထန်သူအချို့ရှိခြင်းမှာ လူမျိုးခြားတို့စုံလင်စွာဝင်ရောက်သည်အထိဖြစ်ပြီး
သို့ဖြစ်လျှင် မည်သို့နည်း။ အစ္စရေးလူမျိုးတို့သည် မိမိတို့ကြိုးစားရှာဖွေသောအရာကို မရရှိကြ။ ရွေးကောက်တော်မူသောသူတို့သာ ရရှိကြပြီး ကျန်သောသူတို့သည် မာကျောခက်ထန်သောသဘောရှိကြ၏။
ပညတ်တရားအားဖြင့် အသိပညာနှင့်သမ္မာတရားတို့၏အနှစ်သာရကို ရရှိထားသည်ဖြစ်၍ မိမိကိုယ်ကို မျက်မမြင်တို့၏လမ်းပြ၊ အမှောင်ထဲ၌နေသောသူတို့အတွက်အလင်း၊
အကြောင်းမူကား ဘုရားသခင်၏ဉာဏ်ပညာအရ ဤလောကသည် မိမိ၏ဉာဏ်ပညာအားဖြင့် ဘုရားသခင်ကိုမသိခဲ့သောကြောင့် ဘုရားသခင်သည် ဟောပြောခြင်းအမှု၏မိုက်မဲသောအရာအားဖြင့် ယုံကြည်သောသူတို့ကိုကယ်တင်ရန် အလိုရှိတော်မူ၏။
ဤလောကကိုအုပ်ချုပ်သူများတွင် မည်သူကမျှ ထိုဉာဏ်ပညာကိုမသိချေ။ သူတို့သိခဲ့လျှင်မူကား ဘုန်းအသရေနှင့်ပြည့်စုံတော်မူသောသခင်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ခဲ့ကြမည်မဟုတ်။
ထိုသူတို့၏စိတ်နှလုံးသည် မာကျောလျက်ရှိ၍ ယနေ့တိုင်အောင် ပဋိညာဉ်ဟောင်းကိုဖတ်သောအခါ ထိုမျက်နှာလွှားသည် ဖယ်ရှားခြင်းမခံရဘဲ ရှိနေသေး၏။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်အားဖြင့်သာ ထိုမျက်နှာလွှားကို ဖယ်ရှားနိုင်၏။
ထိုသူတို့နှင့်ပတ်သက်၍ပြောရလျှင် ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်သော ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသည့် ကောင်းမြတ်သောသတင်း၏အလင်းရောင်ကိုမမြင်စေရန် ဤလောက၏ဘုရားသည် မယုံကြည်သောသူတို့၏စိတ်နှလုံးကို ကွယ်စေ၏။
သို့သော် ဘုရားသခင်ကိုမသိခဲ့စဉ်က သင်တို့သည် ပင်ကိုအားဖြင့် ဘုရားမဟုတ်သောအရာများထံ ကျွန်ခံခဲ့ကြ၏။
တစ်ချိန်က သင်တို့သည် မိမိတို့၏အပြစ်နှင့်ကျူးလွန်သောအပြစ်များ၌သေနေကြ၍
ထိုအချိန်က သင်တို့သည် ခရစ်တော်နှင့်ကင်းကွာ၍ အစ္စရေးအမျိုးသားစာရင်းမဝင်၊ ကတိတော်နှင့်ဆိုင်သောပဋိညာဉ်များနှင့်မသက်ဆိုင်၊ ဤလောက၌မျှော်လင့်ခြင်းမရှိ၊ ဘုရားမဲ့လျက်နေခဲ့ကြ၏။
ယခင်က သင်တို့သည် ဆိုးညစ်သောအမှုများကိုပြုခြင်းအားဖြင့် ဘုရားသခင်နှင့်ကင်းကွာလျက် စိတ်နှလုံး၌ရန်သူဖြစ်ကြ၏။
ဘုရားသခင်ကိုမသိသောလူမျိုးခြားတို့ကဲ့သို့ ကိလေသာတပ်မက်ခြင်းထဲ၌ နစ်မွန်းခြင်းမရှိကြရန်နှင့်
သူကိုယ်တိုင်လည်း အားနည်းခြင်းများရှိသည်ဖြစ်၍ အသိတရားကင်းမဲ့လျက် လမ်းလွဲသောသူတို့ကို စာနာထောက်ထားနိုင်၏။
ဒုတိယအခန်းထဲသို့မူကား ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်းသာ တစ်နှစ်တစ်ကြိမ်ဝင်လေ၏။ ထိုသို့ဝင်သောအခါ မိမိအတွက်လည်းကောင်း၊ လူတို့မသိနားမလည်၍ကျူးလွန်မိသောအပြစ်များအတွက်လည်းကောင်း ပူဇော်သည့်သွေးမပါဘဲဝင်ခြင်းမရှိ။
ဖောက်ပြန်သောသူတို့၊ လောကနှင့်မိတ်ဖွဲ့ခြင်းသည် ဘုရားသခင်ကိုရန်ဘက်ပြုခြင်းဖြစ်ကြောင်း သင်တို့မသိကြသလော။ ထို့ကြောင့် လောက၏မိတ်ဆွေဖြစ်လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏။
ယခင် သင်တို့မသိနားမလည်စဉ်က လိုက်ခဲ့သောတပ်မက်မှုများနောက်သို့ ယခုမလိုက်ကြဘဲ နာခံမှုရှိသောသားသမီးများကဲ့သို့ဖြစ်၍
မိမိညီအစ်ကိုကိုမုန်းသောသူမူကား မှောင်မိုက်၌ရှိ၍ မှောင်မိုက်၌အသက်ရှင်လျှောက်လှမ်းနေ၏။ မှောင်မိုက်သည် သူ၏မျက်စိကိုကွယ်စေသဖြင့် သူသည် မိမိမည်သည့်အရပ်သို့သွားနေသည်ကို မသိ။