အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းကြောင့် ကိုယ်တော်၏မျက်နှာတော်ကိုဖူးမြော်ရပါလိမ့်မည်။ အကျွန်ုပ်နိုးလာသောအခါ ကိုယ်တော်၏သဏ္ဌာန်တော်ကိုမြင်၍ အလိုပြည့်စုံပါလိမ့်မည်။
ဧဖက် 3:19 - မြန်မာ့စံမီသမ္မာကျမ်း အသိပညာထက် ထူးကဲသောခရစ်တော်၏ချစ်ခြင်းမေတ္တာတော်ကိုသိရှိ၍ ဘုရားသခင်၏ပြည့်စုံတော်မူခြင်းအပေါင်းတို့ဖြင့် ပြည့်စုံခြင်းသို့ရောက်ကြမည့်အကြောင်း ငါဆုတောင်း၏။ Common Language Bible ကိုယ်တော်၏မေတ္တာတော်ကိုအဘယ်အခါ၌ မျှအပြည့်အဝနားလည်နိုင်မည်မဟုတ်သော် လည်း သင်တို့သည်ထိုမေတ္တာတော်ကိုသိရှိနား လည်လာကြသဖြင့် ဘုရားသခင်ပြည့်စုံသည် နှင့်အမျှပြည့်စုံစေတော်မူရန်ဆုတောင်းပတ္ထ နာပြု၏။ Judson Bible ကိုယ်ဉာဏ်နှင့်မသိနိုင်သော ခရစ်တော်၏ မေတ္တာတော်ကို သိနားလည်ခြင်းငှာလည်းကောင်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင်၏ ပြည့်စုံတော်မူခြင်း ရှိသမျှနှင့်အညီ ပြည့်စုံကြပါမည်အကြောင်း၊ ငါသည် ဆုတောင်းလေ့ရှိ၏။- |
အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းကြောင့် ကိုယ်တော်၏မျက်နှာတော်ကိုဖူးမြော်ရပါလိမ့်မည်။ အကျွန်ုပ်နိုးလာသောအခါ ကိုယ်တော်၏သဏ္ဌာန်တော်ကိုမြင်၍ အလိုပြည့်စုံပါလိမ့်မည်။
ထိုအခါ အကျွန်ုပ်သည် ဘုရားသခင်၏ယဇ်ပလ္လင်တော်သို့လည်းကောင်း၊ အကျွန်ုပ်၏ဝမ်းမြောက်ရွှင်လန်းခြင်းဖြစ်တော်မူသော ဘုရားထံသို့လည်းကောင်း သွားပါမည်။ အို ဘုရားသခင်၊ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် စောင်းတီး၍ ကိုယ်တော်ကို ချီးမွမ်းပါမည်။
ဖြောင့်မတ်ခြင်းကို ဆာလောင်မွတ်သိပ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဝပြောခြင်းသို့ရောက်ကြလိမ့်မည်။
အကျွန်ုပ်တို့အားလုံးသည် ထိုအရှင်၏ပြည့်စုံတော်မူခြင်းထဲမှ ကျေးဇူးတော်အပေါ်၌ ထပ်ဆင့်၍ ကျေးဇူးတော်ကိုခံစားရကြပြီ။
ထာဝရအသက်ဟူသည်မှာ တစ်ဆူတည်းသော စစ်မှန်သည့်ဘုရားဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ ကိုယ်တော်စေလွှတ်တော်မူသော ယေရှုခရစ်တော်ကိုလည်းကောင်း သိကျွမ်းခြင်းပင်ဖြစ်ပါ၏။
မည်သူသည် ငါတို့ကို ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့် ကွဲကွာစေမည်နည်း။ ဆင်းရဲဒုက္ခ၊ နာကျင်ခြင်းဝေဒနာ၊ ညှဉ်းဆဲခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးအန္တရာယ်နှင့် ဓားဘေးစသည်တို့လော။
အထက်အရာဖြစ်စေ၊ အောက်အရာဖြစ်စေ၊ ဖန်ဆင်းတော်မူသောအခြားမည်သည့်အရာပင်ဖြစ်စေ ငါတို့၏သခင်ခရစ်တော်ယေရှု၌ရှိသော ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို မကွဲကွာစေနိုင်ဟု ငါသည် ယုံကြည်စိတ်ချ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုလွှမ်းမိုးလျက်ရှိ၏။ ငါတို့သည် ဤသို့ယူဆကြ၏။ တစ်ယောက်သောသူသည် လူအပေါင်းတို့အတွက် အသေခံသည်ဖြစ်၍ လူအပေါင်းတို့သည် သေဆုံးခဲ့ကြပြီ။
သို့ဖြစ်၍ ငါအသက်ရှင်သည်မှာ ငါကိုယ်တိုင်မဟုတ်တော့ဘဲ ခရစ်တော်သည် ငါ၌အသက်ရှင်တော်မူ၏။ ယခု ကိုယ်ကာယ၌ ငါအသက်ရှင်သည်မှာ ငါ့ကိုချစ်၍ ငါ့အတွက် မိမိကိုယ်ကိုစွန့်တော်မူသော ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်းဖြစ်၏။
ထိုအသင်းတော်သည် အလုံးစုံတို့ကို အလုံးစုံတို့၌ ပြည့်စုံစေတော်မူသောအရှင်၏ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ်ခန္ဓာတော်ဖြစ်၏။
ထိုမေတ္တာတော်၏အလျား၊ အနံ၊ အမြင့်၊ အနက်တို့ မည်မျှရှိသည်ကို သန့်ရှင်းသူအားလုံးနှင့်အတူ သဘောပေါက်နိုင်စွမ်းရှိသဖြင့်
ခရစ်တော်သည် ငါတို့ကိုချစ်တော်မူ၍ ငါတို့အတွက် မိမိကိုယ်ကို ပူဇော်သက္ကာနှင့်ယဇ်တည်းဟူသော မွှေးကြိုင်သည့်ရနံ့အဖြစ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံတော်မူသည့်နည်းတူ ချစ်ခြင်းမေတ္တာ၌ အသက်ရှင်လျှောက်လှမ်းကြလော့။
ခင်ပွန်းသည်တို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်၍ အသင်းတော်အတွက် မိမိကိုယ်ကိုစွန့်တော်မူသည့်နည်းတူ ဇနီးသည်ကို ချစ်ကြလော့။
သင်တို့အားလုံးနှင့်ပတ်သက်၍ ဤကဲ့သို့ ငါသဘောထားသည်မှာ သင့်မြတ်ပေ၏။ အကြောင်းမူကား သင်တို့အားလုံးသည် ငါအချုပ်အနှောင်ခံရသောအရာ၌လည်းကောင်း၊ ကောင်းမြတ်သောသတင်းအတွက် ဖြေရှင်းချက်ပေး၍ အတည်ပြုပြောဆိုရာ၌လည်းကောင်း ငါနှင့်အတူ ကျေးဇူးတော်ကိုမျှဝေခံစားသူများဖြစ်ကြသဖြင့် သင်တို့သည် ငါ၏စိတ်နှလုံး၌ရှိကြ၏။
ထိုအခါ လူတို့၏နားလည်နိုင်စွမ်းရှိသမျှတို့ထက် ထူးမြတ်သောဘုရားသခင်၏ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့် သင်တို့၏တွေးတောကြံစည်မှုများကို စောင့်ရှောက်တော်မူလိမ့်မည်။
ကောင်းသောအမှုအမျိုးမျိုးတည်းဟူသော အသီးကိုသီးကာ ဘုရားသခင်ကိုသိသောဉာဏ်၌ကြီးထွားသဖြင့် အရာရာ၌ သခင်ဘုရားကိုနှစ်သက်စေ၍ ကိုယ်တော်နှင့်ထိုက်တန်စွာ အသက်ရှင်လျှောက်လှမ်းနိုင်မည့်အကြောင်း တောင်းလျှောက်ကြ၏။
သင်တို့သည် ထိုသခင်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ထိုသခင်ကို ယခုမမြင်သော်လည်း ယုံကြည်ကြပြီး ပြော၍မမီနိုင်သောဝမ်းမြောက်ခြင်းဖြင့် ရွှင်မြူးလျက် ဘုန်းတော်ကိုချီးမွမ်းကြ၏။
ငါတို့၏သခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ကျေးဇူးတော်၌လည်းကောင်း၊ ကိုယ်တော်ကိုသိသောဉာဏ်၌လည်းကောင်း ကြီးထွားကြလော့။ ယခုမှစ၍ ထာဝရနေ့ရက်ကာလတိုင်အောင် ကိုယ်တော်၌ ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။