ထာဝရဘုရား၏အကြံဉာဏ်သည် အစဉ်အမြဲတည်၍ ကိုယ်တော်၏စိတ်နှလုံးအကြံအစည်တို့သည် မျိုးဆက်အစဉ်အဆက်တည်၏။
ဧဖက် 1:9 - မြန်မာ့စံမီသမ္မာကျမ်း ခရစ်တော်၌ကြံရွယ်ထားသည့် အလိုတော်၏လျှို့ဝှက်နက်နဲသောအရာကို မိမိစေတနာတော်အတိုင်း ငါတို့အားသိစေတော်မူ၏။ Common Language Bible မိမိရည်ရွယ်ချက်အတိုင်းပြုတော်မူ၏။ ခရစ်တော်အားဖြင့်နက်နဲသောအကြံ အစည်တော်ကိုငါတို့အားသိစေတော်မူပြီ။- Judson Bible ဘုရားသခင်သည် နှလုံးသွင်းတော်မူသော စေတနာတော်နှင့် လျော်သော အလိုတော်၏ နက်နဲသောအရာကို ငါတို့အား ပြတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် ခရစ်တော်အားဖြင့် ပြုတော်မူမည်ဟု စီစဉ်တော်မူခဲ့သည့် အလိုတော်၏ လျှို့ဝှက်နက်နဲသောအရာကို မိမိ နှစ်သက်တော်မူသည့်အတိုင်း ကျွန်ုပ်တို့ကို ဖော်ပြတော်မူ၏။ |
ထာဝရဘုရား၏အကြံဉာဏ်သည် အစဉ်အမြဲတည်၍ ကိုယ်တော်၏စိတ်နှလုံးအကြံအစည်တို့သည် မျိုးဆက်အစဉ်အဆက်တည်၏။
အဘယ်ကြောင့် ငါ့ကိုရန်တွေ့ကြသနည်း။ သင်တို့အားလုံးသည် ငါ့ကို ပုန်ကန်ကြပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ကိုယ်တော်ကလည်း“သင်တို့အား ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထားသော်လည်း သူတို့ကိုမူကား သိခွင့်မပေးထားသောကြောင့်ဖြစ်၏။
သိုးစုငယ်၊ မကြောက်နှင့်။ အကြောင်းမူကား သင်တို့အဖသည် သင်တို့အား နိုင်ငံတော်ပေးရသည်ကို နှစ်သက်တော်မူ၏။
“အမြင့်ဆုံးသောအရပ်၌ ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း နှစ်သက်တော်မူသောသူတို့အပေါ် ငြိမ်သက်ခြင်းရှိစေသတည်း”ဟု မြွက်ဆိုကြ၏။
လူမျိုးခြားတို့သည် ထိုစကားကိုကြားလျှင် ဝမ်းမြောက်လျက် သခင်ဘုရား၏နှုတ်ကပတ်တရားကို ချီးမွမ်းကြ၏။ ထာဝရအသက်ရရှိရန် သတ်မှတ်ထားခြင်းခံရသောသူရှိသမျှတို့သည်လည်း ယုံကြည်ကြ၏။
ဘုရားသခင်ချမှတ်ထားသောအကြံအစည်တော်နှင့် ကြိုတင်သိမြင်သောဉာဏ်တော်တို့အရ အပ်နှံခြင်းခံရသောထိုအရှင်ကို သင်တို့သည် တရားမဲ့သောသူတို့လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်၌တင်၍ ကွပ်မျက်ကြ၏။
ကိုယ်တော်၏လက်တော်နှင့်အကြံအစည်တော်တို့အားဖြင့် ဖြစ်ပျက်လာရန်ကြိုတင်သတ်မှတ်ထားသမျှသောအရာတို့ကို ပြုခဲ့ကြပါပြီ။
ညီအစ်ကိုတို့၊ သင်တို့သည် မိမိတို့ကိုယ်ကိုပညာသတိရှိသောသူဟူ၍မထင်မှတ်ကြစေရန် ဤလျှို့ဝှက်နက်နဲသောအရာကို မသိဘဲမနေစေလိုပါ။ လျှို့ဝှက်နက်နဲသောအရာဟူမူကား အစ္စရေးလူမျိုး၌ မာကျောခက်ထန်သူအချို့ရှိခြင်းမှာ လူမျိုးခြားတို့စုံလင်စွာဝင်ရောက်သည်အထိဖြစ်ပြီး
ဘုရားသခင်ကိုချစ်သောသူများတည်းဟူသော အကြံအစည်တော်အတိုင်း ခေါ်ယူတော်မူခြင်းခံရသောသူများအတွက် ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေ၍ ကောင်းကျိုးဖြစ်စေတော်မူကြောင်းကို ငါတို့သိကြ၏။
အကြောင်းမူကား ဘုရားသခင်၏ဉာဏ်ပညာအရ ဤလောကသည် မိမိ၏ဉာဏ်ပညာအားဖြင့် ဘုရားသခင်ကိုမသိခဲ့သောကြောင့် ဘုရားသခင်သည် ဟောပြောခြင်းအမှု၏မိုက်မဲသောအရာအားဖြင့် ယုံကြည်သောသူတို့ကိုကယ်တင်ရန် အလိုရှိတော်မူ၏။
အကြောင်းမူကား ၎င်းကို လူ့ထံမှ ငါရရှိခဲ့သည်မဟုတ်။ သင်ယူခဲ့သည်လည်းမဟုတ်။ ယေရှုခရစ်တော်၏ဗျာဒိတ်တော်အားဖြင့်သာ ငါရရှိခဲ့၏။
သို့သော် အမိဝမ်းထဲ၌ငါရှိစဉ်ကပင် ငါ့ကိုသီးသန့်ရွေးချယ်ထား၍ မိမိ၏ကျေးဇူးတော်အားဖြင့် ငါ့ကိုခေါ်ယူတော်မူသောဘုရားသခင်သည်
မိမိ၏သားတော်အကြောင်းကို လူမျိုးခြားတို့တွင်ဟောပြောစေရန်အတွက် ထိုသားတော်ကို ငါ့အားဖော်ပြရန် အလိုရှိတော်မူသောအခါ ငါသည် အသွေးအသားနှင့်တိုင်ပင်ခြင်းကိုမပြု။
ငါတို့သည်လည်း အရာခပ်သိမ်းတို့ကို မိမိအလိုတော်နှင့်ညီသောဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်စေတော်မူသောအရှင်၏အကြံအစည်တော်နှင့်အညီ ကြိုတင်သတ်မှတ်ထားခြင်းခံရ၍ ထိုခရစ်တော်အားဖြင့် အမွေတော်ကိုရရှိကြ၏။
ဘုရားသခင်သည် ထိုကျေးဇူးတော်ကို ငါတို့၌ကြွယ်ဝပြည့်စုံစေတော်မူ၍ ခပ်သိမ်းသောဉာဏ်ပညာနှင့်အသိပညာအားဖြင့်
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
ဘုရားသခင်သည် ငါတို့ကိုကယ်တင်တော်မူ၍ သန့်ရှင်းသောခေါ်ယူခြင်းဖြင့် ငါတို့ကိုခေါ်ယူတော်မူသည်မှာ ငါတို့ပြုသောအမှုများကြောင့်မဟုတ်ဘဲ မိမိ၏အကြံအစည်တော်ကြောင့်ဖြစ်ပြီး ရှေးကာလများမတိုင်မီကပင် ယေရှုခရစ်တော်အားဖြင့် ငါတို့အားပေးတော်မူသောကျေးဇူးတော်ကြောင့်ဖြစ်၏။