ထိုအိမ်တော်အသုံးအဆောင်တို့၏အရေအတွက်မှာ ရွှေအင်တုံ အခုသုံးဆယ်၊ ငွေအင်တုံ အခုတစ်ထောင်၊ ဓားနှစ်ဆယ့်ကိုးလက်၊
ဧဇရ 8:30 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ယဇ်ပုရောဟိတ်အပါအဝင် လေဝိအမျိုးတို့သည် ဂျေရုဆလင်မြို့ရှိဘုရားသခင်၏အိမ်တော်သို့ ယူဆောင်သွားရန် ချိန်တွယ်ထားသော ရွှေငွေများ၊ အသုံးအဆောင်များကို လက်ခံယူထားကြ၏။ Common Language Bible သို့ဖြစ်၍ယဇ်ပုရောဟိတ်များနှင့် လေဝိ အနွယ်ဝင်များသည်ရွှေငွေနှင့်အသုံး အဆောင်တို့ကို ယေရုရှလင်မြို့ဗိမာန်တော် သို့ပို့ဆောင်ရန်တာဝန်ယူကြလေသည်။ Garrad Bible ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ သည်၊ ချိန် ခဲ့ သော ရွှေ၊ ငွေ၊ အ သုံး အ ဆောင် များ ကို၊ ယေ ရု ရှ လင် မြို့၊ ငါ တို့ ဘု ရား သ ခင့် ဗိမာန် တော် သို့ ပို့ ဆောင် ခြင်း ငှာ ခံ ယူ ကြ၏။ Judson Bible ထိုသို့ချိန်သော ရွှေ၊ ငွေတန်ဆာတို့ကို ယေရုရှလင်မြို့၊ ငါတို့၏ဘုရားသခင်အိမ်တော်သို့ ပို့ဆောင်ခြင်းငှာ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် ခံယူကြ၏။ |
ထိုအိမ်တော်အသုံးအဆောင်တို့၏အရေအတွက်မှာ ရွှေအင်တုံ အခုသုံးဆယ်၊ ငွေအင်တုံ အခုတစ်ထောင်၊ ဓားနှစ်ဆယ့်ကိုးလက်၊
အကြောင်းမှာ “ငါတို့ဘုရားသခင်၏လက်တော်သည် ကိုယ်တော်ကိုရှာသောသူတို့ ကောင်းစားဖို့ဖြစ်၏။ ကိုယ်တော်ကိုစွန့်သောသူတို့၌ကား ကိုယ်တော်၏ကြီးမားသောအမျက်တော် တည်လျက်ရှိ၏”ဟု ရှင်ဘုရင်ကို ငါတို့ ပြောထားနှင့်ပြီဖြစ်၍ လမ်းခရီးတွင် ရန်သူလက်မှကာကွယ်ပေးရန် ရှင်ဘုရင်ထံ စစ်သည်နှင့် မြင်းစီးသူရဲများ တောင်းဆိုရမည်ကို ငါရှက်လှ၏။
စတုတ္ထနေ့တွင် ဘုရားသခင်၏အိမ်တော်၌ ရွှေငွေနှင့် အသုံးအဆောင်များကို ချိန်တွယ်ပြီး ယဇ်ပုရောဟိတ်ဥရိယ၏သား မေရမုတ်လက်သို့ ပေးအပ်လိုက်၏။ ထိုနေရာတွင် ဖိနဟတ်၏သားဧလာဇာ၊ လေဝိအမျိုးယေရွှာ၏သား ယောဇဗဒ်နှင့် ဗိနွိ၏သား နောဒိတို့လည်း ရှိကြ၏။
ငါတို့၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ကိုထောက်ထား၍ သင်၏ကောင်းကျိုးချမ်းသာကို ငါရှာမည်။
ထင်းရှူးပင်၊ တဒေရပင်၊ ကျောက်ပန်းပင် စသည့် လက်ဘနွန်တောင်၏ဘုန်းအသရေတို့သည် သင့်ထံသို့အတူတကွရောက်လာပြီး ငါ၏သန့်ရှင်းရာဌာနကိုတင့်တယ်စေမည်။ ငါသည် ငါ၏ခြေတင်ရာအရပ်ကို ဘုန်းကျက်သရေရှိစေမည်။