ဘိုးဘေးခေါင်းဆောင်များ၊ အစ္စရေးအမျိုးအနွယ်ခေါင်းဆောင်များ၊ လူတစ်ရာအုပ်၊ လူတစ်ထောင်အုပ်၊ မင်းမှုထမ်းအကြီးအကဲများကလည်း စေတနာစိတ်ဖြင့် ပေးလှူကြ၏။
ဧဇရ 7:15 - မြန်မာ့စံမီသမ္မာကျမ်း ဂျေရုဆလင်မြို့၌ကိန်းဝပ်တော်မူသော အစ္စရေးလူမျိုးတို့၏ဘုရားသခင်အား ရှင်ဘုရင်နှင့်အကြံပေးပုဂ္ဂိုလ်တို့ စေတနာစိတ်ဖြင့် ပေးလှူလိုက်သောရွှေငွေများ၊ Common Language Bible သင်သည်ယေရုရှလင်မြို့ဗိမာန်တော်တွင်စံ တော်မူသော ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အား ငါနှင့်ငါ၏အတိုင်ပင်ခံ အမတ်များလှူဒါန်းသည့်ရွှေနှင့်ငွေကိုယူ ဆောင်သွားလော့။- Garrad Bible ယေ ရု ရှ လင် မြို့ တွင် စံ တော် မူ သော၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား၊ ဘု ရင် မင်း နှင့် မင်း တိုင် ပင် တို့ လှူ ဒါန်း ကြ သည့် ရွှေ ငွေ၊ Judson Bible ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်အား၊ ရှင်ဘုရင်နှင့် အတွင်းဝန်တို့သည် ကြည်ညိုသောစိတ်နှင့် ပူဇော်သော ရွှေငွေနှင့်တကွ၊ |
ဘိုးဘေးခေါင်းဆောင်များ၊ အစ္စရေးအမျိုးအနွယ်ခေါင်းဆောင်များ၊ လူတစ်ရာအုပ်၊ လူတစ်ထောင်အုပ်၊ မင်းမှုထမ်းအကြီးအကဲများကလည်း စေတနာစိတ်ဖြင့် ပေးလှူကြ၏။
အမြင့်ဆုံးသောကောင်းကင်ကြီးပင် ကိုယ်တော်နှင့်မဆံ့နိုင်လျှင် မည်သူသည် ကိုယ်တော့်အဖို့ အိမ်တော်ကို ဆောက်လုပ်နိုင်ပါမည်နည်း။ ရှေ့တော်၌ နံ့သာပေါင်းမီးရှို့ပူဇော်ရန်မှတစ်ပါး ကိုယ်တော့်အဖို့ အိမ်တော်ကို တည်ဆောက်ပေးမည့်အကြောင်း အကျွန်ုပ်ကား မည်သူဖြစ်ပါသနည်း။
ထာဝရဘုရားထံပူဇော်ရန် ဘောဇဉ်ပူဇော်သက္ကာများ၊ ယုဒဘုရင်ဟေဇကိမင်းကြီးအဖို့ အဖိုးတန်သောလက်ဆောင်ပဏ္ဏာများကို ဂျေရုဆလင်မြို့သို့ယူဆောင်လာပေးသောသူ အများအပြားရှိ၏။ ထိုအချိန်မှစ၍ ဟေဇကိမင်းကြီးသည် လူမျိုးအပေါင်းတို့ရှေ့၌ ချီးမြှောက်ခြင်းခံရ၏။
ကိုယ်တော်အဖို့ မြင့်မြတ်သောအိမ်တော်၊ ကိုယ်တော် အစဉ်အမြဲကိန်းဝပ်တော်မူရာနေရာကို အကျွန်ုပ်တည်ဆောက်ပါပြီ”ဟု မြွက်ဆို၏။
သို့သော် ငါ့နာမတော်တည်ရန် ဂျေရုဆလင်မြို့ကို ငါရွေးချယ်ခဲ့ပြီ။ ထိုနည်းတူ ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်စိုးရန် ဒါဝိဒ်ကိုလည်း ငါရွေးချယ်ခဲ့ပြီ’ဟု မိန့်တော်မူခဲ့၏။
ထိုသူတို့ဝန်းကျင်၌ရှိသောလူအပေါင်းတို့သည်လည်း မိမိတို့စေတနာအလျောက် ရွှေငွေအသုံးအဆောင်များ၊ ပစ္စည်းဥစ္စာများ၊ တိရစ္ဆာန်များ၊ အဖိုးတန်လက်ဆောင်များဖြင့် ပါဝင်ပေးလှူကြ၏။
ဤအမိန့်ကိုဆန့်ကျင်လျက် ဂျေရုဆလင်မြို့၌ရှိသော ဘုရားသခင်၏အိမ်တော်ကိုဖျက်ဆီးသောသူ မည်သူမဆို ရှင်ဘုရင်ဖြစ်စေ၊ ပြည်သားဖြစ်စေ ထိုအရပ်၌နာမတော်ကိုတည်စေသောဘုရားသခင်သည် သူတို့ကိုဖျက်ဆီးပါစေသော။ ငါဒါရိမင်းကြီးအမိန့်ထုတ်ပြန်၏။ အမိန့်တော်အတိုင်း ချက်ချင်းလုပ်ဆောင်စေ”ဟု ရေးသားထား၏။
ကျောက်တုံးကြီးသုံးဆင့်၊ သစ်သားတစ်ဆင့်ဖြင့် တည်ဆောက်ရမည်။ ကုန်ကျစရိတ်ကို ဘုရင့်ဘဏ္ဍာတိုက်မှ ထုတ်ပေးစေ။
သင်လက်စွဲထားသော သင့်ဘုရားသခင်၏ပညတ်တရားနှင့်ပတ်သက်၍ ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့ကို စစ်ဆေးရန် ရှင်ဘုရင်နှင့်အကြံပေးပုဂ္ဂိုလ်ခုနစ်ဦးတို့သည် သင့်ကို စေလွှတ်၏။
ငါတို့ဘုရားသခင်၏အိမ်တော်အဖို့ ရှင်ဘုရင်နှင့် သူ၏အတိုင်ပင်ခံအမတ်များ၊ အကြီးအကဲများ၊ ထိုအရပ်ရှိအစ္စရေးလူမျိုးများက ပေးလှူလိုက်သောရွှေငွေနှင့် အသုံးအဆောင်ပစ္စည်းတို့ကို ချိန်တွယ်ပြီး သူတို့ကို ပေးလိုက်၏။
ဂျေရုဆလင်မြို့တွင် ကိန်းဝပ်တော်မူသောထာဝရဘုရားသည် ဇိအုန်၌ မင်္ဂလာရှိတော်မူ၏။ ဟာလေလုယ။
အို ထာဝရဘုရား၊ ကိုယ်တော်ကိန်းဝပ်ရာအိမ်တော်နှင့် ကိုယ်တော်၏ဘုန်းအသရေတည်ရှိရာအရပ်တို့ကို အကျွန်ုပ်မြတ်နိုးပါ၏။
တာရှုဘုရင်နှင့်ကမ်းရိုးတန်းနိုင်ငံများမှ ရှင်ဘုရင်တို့သည် လက်ဆောင်ပဏ္ဏာကို ယူဆောင်လာကြပါစေသော။ ရှေဘဘုရင်နှင့်သေဘဘုရင်တို့သည်လည်း အခွန်ကို ဆက်သကြပါစေသော။
သင်တို့၏ဘုရားသခင် ထာဝရဘုရားထံ ကတိသစ္စာပြု၍ ပြည့်စုံစေကြလော့။ ကိုယ်တော်၏ပတ်လည်၌ရှိသောသူအပေါင်းတို့သည် ကြောက်ရွံ့ရိုသေရသောအရှင်ထံသို့ လက်ဆောင်ပဏ္ဏာကိုယူဆောင်လာကြပါစေသော။
ကိုယ်တော်၏တဲတော်သည် ဆလင်မြို့၌ရှိ၍ ကိုယ်တော်ကိန်းဝပ်တော်မူရာအရပ်သည် ဇိအုန်၌ရှိ၏။
ဇိအုန်၌စိုးစံတော်မူသောထာဝရဘုရားကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်ပြုသောအမှုတို့ကို လူမျိုးတကာတို့အလယ်၌ ပြောကြားကြလော့။