ထိုအခါ ထိုသူက “သင်၏အမည်ကို ယာကုပ် ဟုမခေါ်တော့ဘဲ အစ္စရေးဟုခေါ်ရမည်။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း ပြိုင်၍နိုင်လေပြီ”ဟု ဆို၏။
ဧဇရ 6:6 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း၏ဘုရင်ခံ တာတနဲ၊ ရှေသာဗောဇနဲမှစ၍ မြစ်အနောက်ဘက်ကမ်းရှိ သူတို့၏အပေါင်းပါ အဖာသပြည်သားတို့၊ ထိုအမှုနှင့် ကင်းကင်းရှင်းရှင်းနေကြလော့။ Common Language Bible ဧကရာဇ်မင်းဒါရိသည်ပြန်ကြားစာကိုပေးပို့တော်မူသည်။ ထိုပြန်ကြားစာတွင်၊ ``ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်ဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲ၊ ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်ရှိ သင်တို့၏လုပ်ဖော်ဆောင်ဘက်အရာရှိများသို့၊ ``သင်တို့သည်ဗိမာန်တော်အနီးသို့မချဉ်းမကပ်ကြနှင့်။- Garrad Bible ထို့ ကြောင့်၊ မြစ် ကြီး အ နောက် ဘက် ဘု ရင် ခံ ချုပ် တာ တ နဲ၊ ရှေ သာ ဗော ဇ နဲ တို့ မှ စ၍၊ ဘက် ပါ အ နောက် ဘက် သား အ ဖာ သ သက် လူ မျိုး တို့၊ Judson Bible သို့ဖြစ်၍၊ မြစ်အနောက်ဘက် မြို့ဝန်တာတနဲ၊ ရှေသာဗောဇနဲနှင့် သင်တို့အပေါင်းအဖော်တည်းဟူသော မြစ်အနောက်ဘက်၌နေသော အဖာသသက်လူတို့၊ ထွက်သွားကြ။ |
ထိုအခါ ထိုသူက “သင်၏အမည်ကို ယာကုပ် ဟုမခေါ်တော့ဘဲ အစ္စရေးဟုခေါ်ရမည်။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း ပြိုင်၍နိုင်လေပြီ”ဟု ဆို၏။
အနန္တတန်ခိုးရှင်ဘုရားသခင်သည် သင်တို့ကို သနားစုံမက်တော်မူ၍ ထိုသူသည် သင်တို့၏ညီအစ်ကိုရှိမောင်နှင့်ဗင်္ယာမိန်ကို သင်တို့နှင့်အတူပြန်လွှတ်ပေးပါစေသော။ ငါသည် သားများကိုဆုံးရှုံးလျှင်လည်း ဆုံးရှုံးရပါတော့မည်”ဟု ဆိုလေ၏။
ဗိုလ်ချုပ်ရေဟုံ၊ စာရေးတော်ကြီးရှိမရှဲနှင့် ကျန်အပေါင်းပါများ၊ တရားသူကြီးများ၊ အုပ်ချုပ်သူများ၊ အရာရှိများ၊ အဖာရပြည်သား၊ အာခေဝပြည်သား၊ ဘေဘီလုံပြည်သား၊ ဧလံလူမျိုး ရှုရှနက်ပြည်သားအပါအဝင်
ထိုစဉ်က ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းကိုအုပ်ချုပ်ရသူ ဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲနှင့် အပေါင်းပါတို့သည် လာ၍ “မည်သူ၏အမိန့်ဖြင့် ဤအိမ်တော်ကို ပြန်လည်တည်ဆောက်ပြီး ဤမြို့ရိုးကို လက်စသတ်ရသနည်း”ဟု မေးမြန်းကြ၏။
ဤစာသည် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းကို အုပ်ချုပ်ရသူ ဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲနှင့် ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိ သူတို့၏အပေါင်းပါ အဖာသပြည်သားတို့က ဒါရိမင်းကြီးထံ ပို့လိုက်သောစာ၏မိတ္တူ ဖြစ်၏။
ထိုအခါ ယူဖရေးတီးမြစ်အနောက်ဘက်ကမ်း၏ဘုရင်ခံ တာတနဲ၊ ရှေသာဗောဇနဲနှင့် အပေါင်းပါတို့သည်လည်း ဒါရိမင်းကြီး၏အမိန့်တော်အတိုင်း ချက်ချင်းလုပ်ဆောင်လေ၏။
ဤဘုရားသခင်၏အိမ်တော် တည်ဆောက်ခြင်းအမှုကို မနှောင့်ယှက်ကြနှင့်။ ဂျူးဘုရင်ခံနှင့် ဂျူးသက်ကြီးဝါကြီးတို့သည် ဘုရားသခင်၏အိမ်တော်ကို မူလနေရာ၌ ပြန်လည်တည်ဆောက်ကြစေ။
အို ဘုရားရှင်၊ ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကိုယ်တော်၏နာမတော်အား ကြောက်ရွံ့ရိုသေရသည်ကိုနှစ်သက်သော ကိုယ်တော့်အစေအပါးတို့၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ယနေ့ ကိုယ်တော့်အစေအပါးအား အောင်မြင်ခွင့်ပေးတော်မူပါ။ မင်းကြီးရှေ့မှာ ဤလူမျက်နှာသာရပါစေသော”ဟု ဆုတောင်း၏။ ထိုစဉ်က ငါသည် ရှင်ဘုရင်၏ဖလားတော်ဝန် ဖြစ်၏။
အကယ်စင်စစ် လူတို့၏အမျက်ဒေါသသည် ကိုယ်တော်ကိုချီးမွမ်းလိမ့်မည်။ ကိုယ်တော်သည် အမျက်ဒေါသအကြွင်းအကျန်များဖြင့် မိမိကိုယ်မိမိပတ်စည်းတော်မူလိမ့်မည်။
ရှင်ဘုရင်၏စိတ်နှလုံးသည် ထာဝရဘုရား၏လက်တော်၌ရှိ၍ ရေစီးသောချောင်းများကဲ့သို့ဖြစ်၏။ ကိုယ်တော်သည် ၎င်းကို အလိုတော်ရှိသည့် နေရာတိုင်းသို့ လှည့်စေတော်မူ၏။
မည်သည့်ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်၊ အကြံဉာဏ်မျှ ထာဝရဘုရားကိုဆန့်ကျင်၍ မတည်နိုင်။
ကိုယ်တော်သည် ပြည်နှင်ဒဏ်ပေးခြင်းဖြင့် အတိုင်းအတာတစ်ခုအထိ ဒဏ်ခတ်တော်မူ၏။ အရှေ့လေလာသောနေ့ရက်၌ ပြင်းထန်သောလေဖြင့် သူ့ကိုတိုက်ထုတ်တော်မူ၏။
သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။