ထို့နောက်တွင် ဣဇက်၏အစေအပါးတို့သည် အခြားသောရေတွင်းကိုတူးကြ၏။ ထိုရေတွင်းအတွက်ကြောင့်လည်း ရန်တွေ့ကြပြန်သဖြင့် ဣဇက်သည် ထိုရေတွင်း၏အမည်ကို သိတန ဟုခေါ်၏။
ဧဇရ 4:6 - မြန်မာ့စံမီသမ္မာကျမ်း အာရွှေရုမင်းကြီးစိုးစံချိန် အစောပိုင်းတွင် ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့အား စွပ်စွဲသောတိုင်စာကို ရေးပို့ကြ၏။ Common Language Bible ပေရသိဧကရာဇ်ဘုရင်ဇေရဇ်နန်းတက်စ၌ ယုဒပြည်နှင့်ယေရုရှလင်မြို့တွင်နေထိုင်ကြသူတို့၏ရန်သူများသည် သူတို့အပေါ်၌စွပ်စွဲချက်တင်သွင်းကြ၏။ Garrad Bible အာ ရွှေ ရု မင်း နန်း တက် စ တွင်၊ ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား တို့ အ ပေါ်၌ စွဲ ချက် တင် သွင်း ကြ ၏။ Judson Bible အာရွှေရုနန်းထိုင်စက ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့၌ အပြစ်တင်သောလွှာစာကို ပေးလိုက်ကြ၏။ |
ထို့နောက်တွင် ဣဇက်၏အစေအပါးတို့သည် အခြားသောရေတွင်းကိုတူးကြ၏။ ထိုရေတွင်းအတွက်ကြောင့်လည်း ရန်တွေ့ကြပြန်သဖြင့် ဣဇက်သည် ထိုရေတွင်း၏အမည်ကို သိတန ဟုခေါ်၏။
ပါးရှားဘုရင်ကုရုမင်းကြီးစိုးစံသောအချိန်မှစ၍ ပါးရှားဘုရင်ဒါရိမင်းကြီးစိုးစံသည့်အချိန်အထိ အကြံပေးအရာရှိတို့ကို ငှားရမ်း၍ ယုဒလူမျိုးတို့၏အစီအစဉ်ပျက်အောင် ဖျက်ဆီးကြ၏။
အာရွှေရုမင်းကြီးလက်ထက်တွင် ဖြစ်ပျက်သောအရာများကား ဤသို့ဖြစ်၏။ အာရွှေရုမင်းကြီးသည် အိန္ဒိယပြည်မှအီသီယိုးပီးယားပြည်တိုင်အောင် ပြည်ထောင်တစ်ရာနှစ်ဆယ့်ခုနစ်ပြည်ကို စိုးစံလေ၏။
ခုနစ်ရက်မြောက်သောနေ့တွင် အာရွှေရုမင်းကြီးသည် စပျစ်ဝိုင်အရှိန်ကြောင့် စိတ်မြူးလာပြီး မိမိရှေ့တော်၌ခစားသော မိန်းမစိုးခုနစ်ဦးဖြစ်ကြသည့် မဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာနှင့် ကာကက် တို့ကိုခေါ်၍
ဤသို့ဖြင့် အာရွှေရုမင်းကြီးနန်းစံ သတ္တမနှစ်၊ တေဗက်လဟုခေါ်သော ဒသမလတွင် ဧသတာကို ဘုရင့်နန်းဆောင်သို့ ခေါ်သွင်းလေ၏။
ထို့နောက် ဟာမန်က အာရွှေရုမင်းကြီးအား “အရှင်မင်းကြီးပိုင်နိုင်ငံတော်တစ်ဝန်းလုံးရှိ နယ်မြေဒေသအသီးသီးမှပြည်သူပြည်သားများကြားတွင် ကွဲလွင့်ပျံ့နှံ့နေသောလူမျိုးတစ်မျိုးရှိပါ၏။ သူတို့၏စည်းမျဉ်းဥပဒေများသည် အခြားလူမျိုးအပေါင်းတို့နှင့်မတူ။ သူတို့သည် အရှင်မင်းကြီး၏စည်းမျဉ်းဥပဒေများကို မလိုက်နာသောကြောင့် သူတို့ကို ဤအတိုင်းလွှတ်ထားလျှင် အရှင်မင်းကြီးအတွက် အကျိုးမရှိနိုင်ပါ။
ယခု သင့်အား မှန်သောအရာကို ပြောပြမည်။ ကြည့်ရှုလော့။ ပါးရှားနိုင်ငံတွင် ရှင်ဘုရင်သုံးပါး ထပ်ပေါ်လာလိမ့်မည်။ ထို့နောက် ပေါ်လာမည့်စတုတ္ထဘုရင်သည် အခြားဘုရင်အားလုံးထက် ဓနဥစ္စာကြွယ်ဝသူဖြစ်မည်။ သူသည် ဓနဥစ္စာဖြင့် အင်အားကြီးလာသောအခါ လူအပေါင်းတို့ကို လှုံ့ဆော်၍ ဂရိနိုင်ငံကို တိုက်ခိုက်လိမ့်မည်။
ခါလဒဲနိုင်ငံကို အုပ်စိုးသော မေဒိအမျိုး၊ အာရွှေရု၏သား ဒါရိမင်းကြီး နန်းစံပထမနှစ်။
ကိုယ်တော်၏ဦးခေါင်းတော်အထက်၌ကား “ဤသူသည် ဂျူးလူမျိုးတို့၏ဘုရင် ယေရှုဖြစ်၏”ဟု ရေးထားသည့် ကိုယ်တော်အပေါ်တင်သောစွဲချက်ကို တပ်ထားကြ၏။
ယခု အကျွန်ုပ်အပေါ်စွပ်စွဲနေသည့်အချက်များနှင့်ပတ်သက်၍လည်း သူတို့သည် အရှင့်ထံသက်သေမပြနိုင်ပါ။
ပေါလုရောက်သောအခါ ဂျေရုဆလင်မြို့မှလာသော ဂျူးလူမျိုးတို့သည် သူ့ကိုဝိုင်းရံလျက် သူတို့သက်သေမပြနိုင်သော ကြီးလေးသည့်စွဲချက်များစွာတို့ကို သူ့အပေါ်တင်ကြ၏။
ထို့နောက် ကောင်းကင်မှကျယ်လောင်သောအသံက “ငါတို့ဘုရားသခင်၏ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်နှင့် ကိုယ်တော်၏ခရစ်တော်၌ရှိသောအာဏာစက်တို့သည် ယခုပေါ်ထွန်းလေပြီ။ အကြောင်းမူကား ငါတို့၏ညီအစ်ကိုများကိုစွပ်စွဲသောသူတည်းဟူသော ငါတို့ဘုရားသခင်၏ရှေ့တော်၌ နေ့ရောညပါ သူတို့ကိုစွပ်စွဲသောသူသည် ပစ်ချခြင်းခံရလေပြီ။