အာမုတ် 9:2 - မြန်မာ့စံမီသမ္မာကျမ်း မရဏာနိုင်ငံတိုင်အောင် တွင်းတူးလျှင်လည်း သူတို့ကို ထိုနေရာမှ ငါကိုယ်တိုင် ဆွဲထုတ်မည်။ ကောင်းကင်တိုင်အောင် တက်သွားလျှင်လည်း သူတို့ကို ထိုနေရာမှ ငါဆွဲချမည်။ Common Language Bible မြေအောက်သို့တွင်းတူးပြီးသေမင်းနိုင်ငံ၌ ပုန်းအောင်းနေလင့်ကစား ငါသည်သူတို့ကို အမိအရဖမ်းဆီးမည်။ မိုးပေါ်သို့တက် ပြေးလျှင်လည်းသူတို့ကိုငါဆွဲချမည်။- Garrad Bible မ ရ ဏာ့ နိုင် ငံ ရောက် တူး လျှိုး ကြ သော် လည်း၊ ငါ သည် လက် တော် ဖြင့် ဆွဲ နုတ် ခြင်း၊ အာ ကာ သ ကောင်း ကင် ရောက် တက် သွား ကြ သော် လည်း၊ ပစ် ချ ခြင်း၊ Judson Bible မရဏနိုင်ငံတိုင်အောင် တွင်းတူးသော်လည်း ငါနုတ်ယူမည်။ မိုးကောင်းကင်သို့ တက်သော်လည်း ငါချမည်။ |
သို့ပါလျက် သင်က ‘ဘုရားသခင်သည် မည်သို့သိမြင်တော်မူသနည်း။ အမှောင်ထုကို ထိုးထွင်းပြီး တရားစီရင်တော်မူနိုင်မည်လော။
ကိုယ်တော်သည် သူတို့ကို ဘေးကင်းလုံခြုံစွာဖြင့် နားနေရသောအခွင့်ပေးတော်မူ၍ သူတို့သွားသောလမ်းများကိုလည်း စောင့်ကြည့်တော်မူ၏။
ရှေ့တော်တွင် မရဏာနိုင်ငံသည် ဟင်းလင်းဖြစ်ပါ၏။ ပျက်စီးခြင်းနိုင်ငံသည် အဖုံးအကွယ်မရှိပါ။
ထာဝရဘုရားသည် ကမ္ဘာမြေကြီးကိုခြောက်လှန့်ရန် ထတော်မူသောအခါ ကိုယ်တော်၏ကြောက်မက်ဖွယ်အမှုနှင့် ဘုန်းတန်ခိုးအရှိန်အဝါရှေ့မှ ပုန်းရှောင်ရန် လူတို့သည် ကျောက်လိုဏ်ဂူများ၊ မြေတွင်းများထဲသို့ ပြေးဝင်ကြလိမ့်မည်။
အို ကျောက်ဆောင်ကြားများ၌နေထိုင်သူ၊ ကုန်းမြင့်၌နေရာယူသူ၊ သင့်ကို ကြောက်ရွံ့ကြသောကြောင့် သင့်မာနသည် သင့်ကိုလှည့်စားလေပြီ။ သင်သည် လင်းယုန်ကဲ့သို့ အမြင့်၌ အသိုက်ကိုဆောက်သော်လည်း ထိုနေရာမှ သင့်ကို ငါဆွဲချမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ဘေဘီလုံမြို့သည် မိုးကောင်းကင်သို့တက်၍ မြင့်မားသောရဲတိုက်ကို အခိုင်အမာတည်လျှင်ပင် ငါသည် အဖျက်သမားကိုစေလွှတ်၍ သူတို့ကို တိုက်စေမည်”ဟု မိန့်တော်မူ၏။
ရှေးလူတို့ရောက်သွားရာ တွင်းထဲသို့ သင့်ကိုရောက်သွားစေမည်။ ရှေးကာလကတည်းကပြိုပျက်ရာ မြေကြီးအောက်တွင်းနက်ထဲတွင် ထိုသူတို့နှင့်အတူ သင့်ကိုနေထိုင်စေမည်။ သင်ပြန်လာရမည်မဟုတ်။ အသက်ရှင်သူတို့၏ပြည်၌ကား ဂုဏ်သရေရှိစေမည်’ဟု မိန့်တော်မူ၏။
ထို့ကြောင့် ရေနားမှာရှိသောအပင်တို့သည် မြင့်နိုင်တော့မည်မဟုတ်။ အပင်ထိပ်ဖျားသည် မိုးတိမ်ထိအောင် မြင့်နိုင်တော့မည်မဟုတ်။ ရေအလုံအလောက်ရသောအပင်အားလုံးတို့လည်း မြင့်နိုင်တော့မည်မဟုတ်။ အကြောင်းမူကား ထိုအပင်ရှိသမျှတို့ကို သေခြင်းလက်သို့ ပေးအပ်ထားပြီဖြစ်၍ လူသားတို့နှင့်အတူ မြေကြီးအောက်တွင်းနက်ထဲသို့ ဆင်းသွားရမည်’ဟု မိန့်တော်မူ၏။
သင်သည် လင်းယုန်ကဲ့သို့အမြင့်၌နေ၍ ကြယ်များအလယ်တွင် အသိုက်ကို လုပ်သော်လည်း ထိုနေရာမှ သင့်ကို ငါဆွဲချမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ကိုယ်တော်ကလည်း“စာတန်သည် လျှပ်စီးလက်သကဲ့သို့ မိုးကောင်းကင်မှကျသည်ကို ငါမြင်ရ၏။