အစ္စရေးလူမျိုးတို့တွင် ကာလကြာမြင့်စွာစစ်မှန်သောဘုရားမရှိ၊ သွန်သင်ပေးမည့်ယဇ်ပုရောဟိတ်မရှိ၊ ပညတ်တရားလည်းမရှိ။
အာမုတ် 8:11 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကို ကျရောက်စေမည့်အချိန် ရောက်လာမည်။ ထိုဘေးသည် အစာငတ်သောဘေး၊ ရေငတ်သောဘေး မဟုတ်။ ထာဝရဘုရား၏နှုတ်ထွက်စကားကို မကြားရသော ငတ်မွတ်ခြင်းဘေး ဖြစ်လိမ့်မည်။ Common Language Bible ``တစ်ပြည်လုံးငတ်မွတ်ရမည့်ကပ်ဆိုးကြီး ကိုငါကျရောက်စေမည်။ အစာအတွက်ငတ် မွတ်ခြင်းမဟုတ်။ ရေကိုဆာလောင်ခြင်းလည်း မဟုတ်။ ထာဝရဘုရားထံတော်မှသတင်း စကားတော်ကိုငတ်မွတ်ခြင်းပင်ဖြစ်လိမ့်မည်။ ထိုနေ့များရောက်ရှိလာတော့မည်။ ငါအရှင် ထာဝရဘုရားမိန့်တော်မူပြီ။- Garrad Bible ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ အ စား အ သောက် မွတ် သိပ် ခြင်း ကို မ ဟုတ်၊ ငါ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် အား နာ ခံ နာ ယူ ရန် မွတ် သိပ် ခြင်း ကို၊ ငါ သင့် စေ မည့် နေ့ ရက် ကာ လ ရောက် အံ့ သော ကြောင့်၊ Judson Bible အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မွတ်သိပ်ခြင်းဘေးကို တစ်ပြည်လုံး၌ ငါဖြစ်စေသောကာလ ရောက်လိမ့်မည်။ အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေး မဟုတ်၊ ရေငတ်ခြင်းဘေးလည်း မဟုတ်၊ ထာဝရဘုရား၏ အမိန့်တော်ကို မကြားရသော မွတ်သိပ်ခြင်းဘေး ဖြစ်လိမ့်မည်။ |
အစ္စရေးလူမျိုးတို့တွင် ကာလကြာမြင့်စွာစစ်မှန်သောဘုရားမရှိ၊ သွန်သင်ပေးမည့်ယဇ်ပုရောဟိတ်မရှိ၊ ပညတ်တရားလည်းမရှိ။
အကျွန်ုပ်တို့၏အမှတ်လက္ခဏာများကို အကျွန်ုပ်တို့မမြင်ရပါ။ ပရောဖက်လည်းမရှိတော့ပါ။ မည်မျှအထိ ဤသို့ဖြစ်မည်ကိုသိသောသူလည်း အကျွန်ုပ်တို့ထဲတွင်မရှိပါ။
ဗျာဒိတ်နိမိတ်မရှိလျှင် လူတို့သည် စည်းလွတ်ဝါးလွတ်ပြုမူတတ်ကြ၏။ ပညတ်တရားကိုစောင့်ထိန်းသောသူမူကား မင်္ဂလာရှိ၏။
ရှင်းလင်းပြုစုခြင်း၊ တူးဆွပေါင်းသင်ခြင်းမခံရဘဲ ချုံပင်၊ ဆူးပင်များပေါက်ရောက်ရာ ဖုန်းဆိုးမြေဖြစ်မည်။ ထိုခြံအပေါ် မိုးမရွာသွန်းစေရန် တိမ်တိုက်တို့ကို ငါမိန့်မှာမည်။
ဘေးဒုက္ခ တစ်ခုပြီးတစ်ခု ရောက်လာမည်။ သတင်းစကား တစ်ခုပြီးတစ်ခု ကြားရမည်။ ပရောဖက်တို့ထံမှ ဗျာဒိတ်နိမိတ်ကို မေးမြန်းသော်လည်း ရမည်မဟုတ်။ ယဇ်ပုရောဟိတ်တို့ထံမှ တရားတော်၊ သက်ကြီးဝါကြီးတို့ထံမှ အကြံဉာဏ်တို့သည်လည်း ပျောက်ဆုံးလိမ့်မည်။
သို့မဟုတ်လျှင် ငါသည် သူ့အဝတ်ကိုချွတ်ပစ်၍ သူမွေးလာသောနေ့ကကဲ့သို့ အဝတ်အချည်းစည်းဖြစ်စေမည်။ တောကန္တာရကဲ့သို့ ဖြစ်စေ၍ ခြောက်သွေ့သောမြေ ဖြစ်စေမည်။ ရေငတ်သေစေမည်။
ထို့ကြောင့် သင်တို့သည် ညအချိန်၌ ဗျာဒိတ်နိမိတ်ရတော့မည်မဟုတ်၊ မှောင်မိုက်ချိန်၌ ဂမ္ဘီရအတတ်ကို အသုံးပြုနိုင်တော့မည်မဟုတ်။ ပရောဖက်တို့အဖို့ နေဝင်၍ နေ့အချိန်၌ပင် မှောင်မိုက်ဖုံးလွှမ်းလိမ့်မည်။
ကိုယ်တော်သည် လူထုပရိသတ်တို့ကိုမြင်လျှင် သူတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ ပစ်ထားခြင်းခံရ၍ စိတ်ပင်ပန်းနွမ်းနယ်နေကြသောကြောင့် သူတို့အပေါ်ကြင်နာစိတ်ရှိတော်မူ၏။
ရှမွေလကလည်း ရှောလုမင်းကြီးအား “အဘယ်ကြောင့် ငါ့ကိုခေါ်ပြီးနှောင့်ယှက်နေသနည်း”ဟု မေးလျှင် ရှောလုမင်းကြီးက “အကျွန်ုပ် အလွန်ဒုက္ခရောက်နေပါ၏။ ဖိလိတ္တိလူမျိုးတို့သည် အကျွန်ုပ်ကို လာတိုက်ပါ၏။ ဘုရားသခင်လည်း အကျွန်ုပ်ကို စွန့်ပစ်ပါပြီ။ ပရောဖက်အားဖြင့်ဖြစ်စေ၊ အိပ်မက်အားဖြင့်ဖြစ်စေ အကျွန်ုပ်ကို မထူးတော့ပါ။ အကျွန်ုပ် မည်သို့ပြုရမည်ကို ပြောပြပေးရန်အတွက် အရှင့်ကို ခေါ်ရခြင်းဖြစ်ပါ၏”ဟု ဆို၏။
ထာဝရဘုရားထံ မေးလျှောက်လေ၏။ သို့သော် ထာဝရဘုရားသည် သူ့အား အိပ်မက်အားဖြင့်ဖြစ်စေ၊ ဥရိမ်အားဖြင့်ဖြစ်စေ၊ ပရောဖက်အားဖြင့်ဖြစ်စေ ဖြေကြားတော်မမူ။
သူငယ်ရှမွေလသည် ဧလိထံပါး၌နေ၍ ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်လျက်နေ၏။ ထိုနေ့ရက်များတွင် ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာခဲ၏။ ဗျာဒိတ်နိမိတ်လည်း နည်းပါးလှ၏။