“ထာဝရဘုရား၏မိန့်တော်မူချက်မှာ ဤသို့တည်း။ သင်သည် သင်၏သား၊ သင်၏တစ်ဦးတည်းသောသားကိုပင် ပူဇော်ရန်မငြင်းဆိုဘဲ ဤအမှုကိုပြုခဲ့သဖြင့် ငါသည် ကိုယ့်ကိုယ်ကိုတိုင်တည်၍ ကျိန်ဆိုသည်ကား
အာမုတ် 6:8 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားသည် မိမိကိုယ်ကိုတိုင်တည်ကျိန်ဆိုတော်မူပြီ။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားက “ယာကုပ်၏မာနကို ငါရွံရှာ၏။ သူ၏ခံတပ်များကိုလည်း ငါမုန်း၏။ ထို့ကြောင့် မြို့နှင့်တကွ မြို့ထဲရှိသမျှတို့ကို ရန်သူလက်သို့အပ်ပစ်မည်”ဟု မိန့်တော်မူ၏။ Common Language Bible ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသခင်က``ဣသရေလ၏မာနကိုငါရွံရှာ ၏။ သူတို့စည်းစိမ်ခံရာအိမ်ကြီးများကို လည်းငါစက်ဆုတ်၏။ သူတို့မြို့တော်နှင့်မြို့ တွင်းရှိအရာအားလုံးကို ရန်သူ့လက်သို့ ငါပေးအပ်လိုက်မည်'' ဟုအရှင်ထာဝရ ဘုရားအလေးအနက်ကျိန်ဆိုသတိ ပေးတော်မူပြီ။ Garrad Bible ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် က၊ ငါ သည် ယာ ကုပ် အ မျိုး၏ မာ န ကို ရွံ ရှာ လျက်၊ ဘုံ ဗိ မာန် များ ကို မုန်း ထား သည့် အ လျောက်၊ မြို့ တော် နှင့် ရှိ ရှိ သ မျှ ပါ၊ ဘေး သို့ အပ် နှင်း မည် ဟု၊ ကိုယ် တော် တိုင် ကို တိုင် တည် လျက်၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား သ စ္စာ ဆို ခဲ့ ပြီ ဟူ၍ မိန့် တော် မူ ၏။ Judson Bible ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အရှင်ထာဝရဘုရားသည် ကိုယ်ကိုတိုင်တည်၍ ကျိန်ဆိုတော်မူသည်အတိုင်း၊ ယာကုပ်၏မာနကိုငါရွံရှာ၍ သူ၏ဘုံဗိမာန်တို့ကို မုန်းသောကြောင့်၊ မြို့တော်နှင့် မြို့၌ရှိသမျှကို ငါစွန့်ပစ်မည်။ |
“ထာဝရဘုရား၏မိန့်တော်မူချက်မှာ ဤသို့တည်း။ သင်သည် သင်၏သား၊ သင်၏တစ်ဦးတည်းသောသားကိုပင် ပူဇော်ရန်မငြင်းဆိုဘဲ ဤအမှုကိုပြုခဲ့သဖြင့် ငါသည် ကိုယ့်ကိုယ်ကိုတိုင်တည်၍ ကျိန်ဆိုသည်ကား
ထို့ကြောင့် ထာဝရဘုရားသည် မိမိ၏လူမျိုးတော်အပေါ်အမျက်ထွက်၍ မိမိ၏အမွေတော်ကို စက်ဆုပ်ရွံရှာတော်မူ၏။
ကိုယ်တော်သည် မိမိချစ်တော်မူသည့် ယာကုပ်၏ဂုဏ်ယူဝင့်ကြွားစရာတည်းဟူသော ငါတို့၏အမွေကို ငါတို့အတွက်ရွေးချယ်တော်မူ၏။(စေလာ)
ငါဆာလောင်မွတ်သိပ်ခဲ့လျှင်ပင် သင့်ကို ငါပြောမည်မဟုတ်။ အကြောင်းမူကား ကမ္ဘာလောကမှစ၍ ၎င်းတွင်ရှိသမျှသောအရာတို့ကို ငါပိုင်၏။
ဘုရားသခင်သည် ကြားသိ၍ အမျက်ထွက်ကာ အစ္စရေးအမျိုးသားတို့ကို လုံးလုံးစွန့်ပယ်တော်မူ၏။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် မကောင်းမှုကိုမုန်းတီးခြင်းဖြစ်၏။ မောက်မာထောင်လွှားခြင်းနှင့် မာနကြီးခြင်း၊ မကောင်းသောလမ်းနှင့် ဖောက်ပြန်လွဲမှားသောစကားကို ငါမုန်း၏။
စပျစ်ဝိုင်သောက်ကြူးသူ၊ သေသောက်ကြူးသူဧဖရိမ်အမျိုးတို့၏မာနသရဖူသည် အမင်္ဂလာရှိ၏။ မြေဆီမြေနှစ်ကောင်းသောချိုင့်ဝှမ်းထိပ်မှ ဂုဏ်ကျက်သရေအလှ ညှိုးနွမ်းသွားသောပန်းပွင့်သည် အမင်္ဂလာရှိ၏။
ငါ့အမွေသည် တော၌ရှိသောခြင်္သေ့ကဲ့သို့ဖြစ်၍ ငါ့ကို ဟိန်းဟောက်သောကြောင့် ငါမုန်း၏။
‘ငါ့အတွက် ကြီးမားသောနန်းတော်၊ ကျယ်ဝန်းသောဘုံဗိမာန်များကို တည်ဆောက်မည်။ ပြတင်းပေါက်များကိုဖောက်၍ သစ်ကတိုးနှင့်အကွက်ဖော်ပြီးလျှင် အနီရောင်သုတ်မည်’ဟု ဆိုသောသူသည် အမင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
ဤစကားအတိုင်း သင်တို့မလိုက်နာလျှင် ဤနန်းတော်ကို ပြိုပျက်ရာအရပ်ဖြစ်စေမည်ဟု ငါထာဝရဘုရားသည် ကိုယ့်ကိုယ်ကိုယ်တိုင်တည်၍ ကျိန်ဆို၏ဟုမိန့်တော်မူပြီ’ဟူ၍ ပြောကြားလော့”ဟု မိန့်ဆို၏။
ထို့ကြောင့် အီဂျစ်ပြည်၌နေထိုင်သော ယုဒလူမျိုးအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ထာဝရဘုရားက ‘ကြည့်ရှုလော့။ အီဂျစ်ပြည်တစ်ပြည်လုံးရှိ ယုဒလူမျိုးတို့၏နှုတ်မှ ဘုရားရှင်ထာဝရဘုရားအသက်ရှင်တော်မူသည်ဟူ၍ ငါ၏နာမကို တိုင်တည်ရတော့မည်မဟုတ်’ဟု ငါ၏ကြီးမြတ်သောနာမကို တိုင်တည်၍ မိန့်ဆိုပြီ။
ထာဝရဘုရားက “ဗောဇရပြည်သည် ထိတ်လန့်စရာ၊ ကဲ့ရဲ့စရာ၊ လူသူကင်းမဲ့ရာ၊ ကျိန်ဆဲစရာ ဖြစ်ရလိမ့်မည်။ ထိုပြည်ထဲရှိမြို့များသည် ပြိုပျက်ရာအစဉ်ဖြစ်ရမည်ဟု ကိုယ့်ကိုယ်ကိုယ် တိုင်တည်၍ကျိန်ဆိုပြီ”ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အကယ်စင်စစ် သင့်နေရာသို့ ကျိုင်းကောင်ကဲ့သို့ လူအုပ်ကြီးကို ရောက်လာစေမည်။ သူတို့သည် စစ်အောင်သံကို ကြွေးကြော်ကြလိမ့်မည်”ဟု ကိုယ့်ကိုယ်ကိုယ် တိုင်တည်၍ကျိန်ဆိုတော်မူပြီ။
ဘုရားရှင်သည် ရန်သူကဲ့သို့ဖြစ်လေပြီ။ အစ္စရေးလူမျိုးတို့ကို ဝါးမျိုတော်မူပြီ။ နန်းတော်ရှိသမျှတို့ကိုလည်း ဝါးမျိုတော်မူပြီ။ ခံတပ်တို့ကိုလည်း ဖျက်ဆီးတော်မူပြီ။ ယုဒသမီးပျို၌ ဝမ်းနည်းခြင်း၊ မြည်တမ်းခြင်းကို တိုးပွားစေတော်မူပြီ။
‘အစ္စရေးအမျိုးအနွယ်အား ဘုရားရှင်ထာဝရဘုရားက ကြည့်ရှုလော့။ သင်တို့ဂုဏ်ယူအားထားရာ၊ သင်တို့နှစ်သက်မြတ်နိုးရာ၊ အလေးအမြတ်ထားရာ ငါ၏သန့်ရှင်းရာဌာနကို ငါညစ်ညူးစေမည်။ သင်တို့စွန့်ထားခဲ့သော သင်တို့၏သားသမီးတို့သည် ဓားဖြင့်သေရမည်။
ဓားဘေးသည် သူတို့မြို့သို့ရောက်လာ၍ မြို့တံခါးများကို ဖျက်ဆီးပစ်မည်။ သူတို့၏အကြံအစည်တို့ကိုလည်း ဝါးမျိုပစ်မည်။
ငါကိန်းဝပ်တော်မူရာတဲတော်ကို သင်တို့အလယ်၌ ငါထားမည်။ ငါသည် သင်တို့ကိုရွံရှာမည်မဟုတ်။
ငါသည် သင်တို့အထွတ်အမြတ်ထားရာနေရာတို့ကို ဖျက်ဆီး၍ သင်တို့၏နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်တို့ကို ခုတ်လှဲမည်။ သင်တို့၏အလောင်းတို့ကို သင်တို့၏သက်မဲ့ရုပ်တုများအပေါ်၌ စုပုံထားမည်။ ငါ၏စိတ်ဝိညာဉ်သည် သင်တို့ကိုရွံရှာမည်။
စင်စစ် သူတို့သည် မှန်ကန်ရာကို မပြုတတ်ကြ။ သူတို့၏ခံတပ်တွင် အကြမ်းဖက် လုယူထားသောပစ္စည်းကို သိုထားကြပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ရန်သူသည် သင့်ပြည်ကို ဝိုင်းရံ၍ သင်၏အားအင်ကို ယုတ်လျော့စေမည်။ သင်၏ခံတပ်များကိုလည်း သိမ်းပိုက်လိမ့်မည်”ဟု မိန့်ဆိုတော်မူပြီ။
ဘုရားရှင်ထာဝရဘုရားသည် မိမိသန့်ရှင်းခြင်းကို တိုင်တည်ကျိန်ဆို၍ “ကြည့်ရှုလော့။ သင်တို့ကို ချိတ်များဖြင့်လည်းကောင်း၊ ကြွင်းကျန်သူတို့ကို ငါးမျှားချိတ်များဖြင့်လည်းကောင်း ဖမ်းခေါ်သွားသောနေ့ ရောက်လာလိမ့်မည်။
“သင်တို့ကျင်းပသောပွဲများကို ငါမုန်း၏။ ငါရွံရှာ၏။ သင်တို့ပြုသောဓမ္မစည်းဝေးပွဲများကိုလည်း ငါမနှစ်သက်။
“ထိုနေ့တွင် ဗိမာန်တော်ထဲမှ သီချင်းသံတို့သည် ညည်းတွားငိုကြွေးသံ ဖြစ်ရလိမ့်မည်။ အလောင်းကောင်တို့သည် နေရာတိုင်းတွင် တိတ်တဆိတ်လွှင့်ပစ်ခြင်း ခံရလိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထာဝရဘုရားသည် ယာကုပ်၏မာနကြောင့် ဤသို့ ကျိန်ဆိုတော်မူပြီ။ “သူတို့ပြုသောအမှုတို့ကို ငါ ဘယ်တော့မှမမေ့။
တစ်လတည်းတွင် သိုးထိန်းသုံးဦးကို ငါဖယ်ရှားပစ်၏။ ငါသည် သူတို့ကို သည်းမခံနိုင်။ သူတို့သည်လည်း ငါ့ကို မုန်းကြ၏။