အာမုတ် 5:21 - မြန်မာ့စံမီသမ္မာကျမ်း21 “သင်တို့ကျင်းပသောပွဲများကို ငါမုန်း၏။ ငါရွံရှာ၏။ သင်တို့ပြုသောဓမ္မစည်းဝေးပွဲများကိုလည်း ငါမနှစ်သက်။ အခန်းကိုကြည့်ပါ။Common Language Bible21 ထာဝရဘုရားက``သင်တို့၏ဘုရားပွဲ များကိုငါမုန်း၏။ ထိုပွဲများကိုမခံနိုင် လောက်အောင်ပင်ရွံရှာ၏။- အခန်းကိုကြည့်ပါ။Garrad Bible21 ငါ သည်၊ သင် တို့ ပူ ဇော် ပွဲ များ ကို မုန်း ထား ရွံ ရှာ လျက်၊ ဓ မ္မ ပွဲ များ ကို လည်း နှစ် သက် သည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible21 သင်တို့စောင့်သောပွဲနေ့တို့ကို ငါမုန်း၏။ စက်ဆုပ်ရွံရှာ၏။ ခြိုးခြံစွာကျင့်သောနေ့ရက်တို့၌ ငါမမွေ့လျော်။ အခန်းကိုကြည့်ပါ။ |
နွားကိုသတ်သောသူသည် လူကိုသတ်သောသူ၊ သိုးသငယ်ကိုယဇ်ပူဇော်သောသူသည် ခွေး၏လည်ပင်းကိုချိုးသောသူဖြစ်၏။ ဘောဇဉ်ပူဇော်သက္ကာကိုပူဇော်သောသူသည် ဝက်၏သွေးကိုပူဇော်သောသူ၊ လော်ဗန်ကိုပူဇော်သောသူသည် ရုပ်တုဆင်းတုကိုကောင်းချီးပေးသောသူဖြစ်၏။ သူတို့သည် မိမိတို့နှစ်သက်ရာလမ်းကိုရွေးချယ်ကြ၍ သူတို့၏စိတ်ဝိညာဉ်သည် ရွံရှာဖွယ်ရာတို့ကို နှစ်သက်ကြ၏။
ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။
ထို့ပြင် သင်တို့၏ပျော်ပွဲများကို ငိုပွဲများ ဖြစ်စေမည်။ သင်တို့၏သီချင်းများကို ငိုချင်း ဖြစ်စေမည်။ သင်တို့အားလုံးကို လျှော်တေဝတ်စေ၍ ခေါင်းတုံး ဖြစ်စေမည်။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းရသကဲ့သို့ ဖြစ်စေမည်။ နိဂုံးသည်လည်း ခါးသီးသောနေ့ရက် ဖြစ်လိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။