အကြောင်းမူကား သူသည် ဆင်းရဲသားတို့ကို ညှဉ်းဆဲစွန့်ပစ်ထားပြီး ကိုယ်တိုင်မဆောက်သောအိမ်ကိုလည်း လုယူလေပြီ။
အာမုတ် 5:12 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် အပြစ်များစွာကျူးလွန်ပြီး အပြစ်ကြီးလေးကြောင်းကို ငါသိ၏။ ဖြောင့်မတ်သောသူကို ညှဉ်းဆဲပြီး လာဘ်စား၏။ နွမ်းပါးသူတို့ကိုလည်း မြို့တံခါးဝတွင် မတရားစီရင်ကြ၏။ Common Language Bible သင်တို့သည်မည်မျှအပြစ်ကူးလွန်ခဲ့၍ သင်တို့အပြစ်သည်မည်မျှကြောက်စရာ ကောင်းလှကြောင်းကိုငါသိ၏။ သင်တို့သည် သူတော်ကောင်းများကိုညှင်းပန်း၍ တံစိုး လက်ဆောင်စားနေကြပြီ။ ဆင်းရဲသား တို့အားတရားသဖြင့် မစီရင်ဘဲသူတို့ ကိုရုံးတော်များမှမောင်းထုတ်ခဲ့ပြီ။- Garrad Bible ဖြောင့် မတ် သူ တို့ ကို ညှဉ်း ဆဲ သူ၊ တံ စိုး စား ၍၊ ဆင်း ရဲ သား တို့ ကို မြို့ တံ ခါး ဝ တွင် ရှုံး စေ သူ သင် တို့၏ လွန် ကျူး မှု များ ပြား၍၊ အ ပြစ် တန် ခိုး ကြီး သည် ကို ငါ သိ သည့် အ တိုင်း၊ Judson Bible သင်တို့ အထပ်ထပ် လွန်ကျူးသောဒုစရိုက်၊ အလွန်လေးသော အပြစ်တို့ကို ငါသိ၏။ ဖြောင့်မတ်သောသူကို နှောင့်ယှက်တတ်ကြ၏။ တံစိုးစားတတ်ကြ၏။ ဆင်းရဲသားကို တံခါးဝတွင် မတရားသဖြင့် စီရင်တတ်ကြ၏။ |
အကြောင်းမူကား သူသည် ဆင်းရဲသားတို့ကို ညှဉ်းဆဲစွန့်ပစ်ထားပြီး ကိုယ်တိုင်မဆောက်သောအိမ်ကိုလည်း လုယူလေပြီ။
မြို့တံခါးတွင် ငါ့ကိုကူညီမည့်သူကိုတွေ့သောကြောင့် မိဘမဲ့တို့ကို ငါလက်ရွယ်ခဲ့မိလျှင်
မိမိ၏မြားကျည်တောက်ကို ထိုမြားတို့နှင့်ပြည့်စေသောသူသည် မင်္ဂလာရှိ၏။ သူသည် တံခါးဝ၌ ရန်သူများနှင့်ရင်ဆိုင်ပြောဆိုသောအခါ အရှက်ကွဲရလိမ့်မည်မဟုတ်။
တံစိုးလက်ဆောင်သည် ပေးသူ၏အမြင်တွင် တင့်တယ်သောကျောက်မျက်ဖြစ်၍ မျက်နှာမူရာအရပ်ရပ်၌ အောင်မြင်တတ်၏။
ဆင်းရဲသောသူကို ဆင်းရဲသည်ဆို၍ ခေါင်းပုံမဖြတ်နှင့်။ အဖိနှိပ်ခံရသောသူကိုလည်း မြို့တံခါး၌ မညှဉ်းဆဲနှင့်။
သင်၏အကြီးအကဲတို့သည် သူပုန်ဖြစ်ကြပြီ။ သူခိုးလက်ခံဖြစ်ကြပြီ။ သူတို့အားလုံးသည် တံစိုးလက်ဆောင်ကိုနှစ်သက်၍ ဂုဏ်ပကာသနနောက်သို့လိုက်ကြပြီ။ သူတို့သည် ဖတဆိုးဘက်မှ တရားသဖြင့်မစီရင်ကြ။ မုဆိုးမ၏အမှုကိုလည်း မဖြေရှင်းကြ။
စကားအားဖြင့် လူကိုအပြစ်ပြုစေသောသူ၊ မြို့တံခါးဝတွင် အဆုံးအဖြတ်ပေးသူကိုထောင်ချောက်ဆင်သောသူ၊ ဖြောင့်မတ်သောသူကို အကြောင်းမဲ့ဘေးဖယ်သူ အပေါင်းတို့သည် ဖယ်ရှားခြင်းခံရမည်။
ဖြောင့်မတ်စွာအသက်ရှင်လျှောက်လှမ်း၍ ဟုတ်မှန်သောစကားကိုပြောသူ၊ ဖိနှိပ်ညှဉ်းပန်းခြင်းဖြင့်ရသောအကျိုးစီးပွားကိုငြင်းပယ်၍ တံစိုးလက်ဆောင်ကို လက်မခံဘဲ ငြင်းဆိုသူ၊ သတ်ဖြတ်မှုအကြောင်းကို မကြားမိအောင် နားပိတ်ထားသူ၊ မကောင်းသောအရာများကို မကြည့်မိအောင် မျက်စိပိတ်ထားသူ၊
သင်သည် မှော်အတတ်မည်မျှပင်တတ်သော်လည်း၊ သင်၏ဂါထာမန္တန်မည်မျှပင်စွမ်းသော်လည်း သားသမီးဆုံးရှုံးခြင်း၊ မုဆိုးမဖြစ်ခြင်း နှစ်မျိုးလုံးသည် တစ်နေ့တည်း တစ်ခဏချင်းတွင် သင့်ထံရောက်လာမည်။ မလွဲမသွေရောက်လာမည်။
ထိုသူတို့သည် တံစိုးလက်ဆောင်ကြောင့် ဆိုးယုတ်သောသူကို ဖြောင့်မတ်သည်ဟုစီရင်၍ ဖြောင့်မတ်သောသူတို့၏ဖြောင့်မတ်ခြင်းကို ဖယ်ရှားတတ်ကြ၏။
ထာဝရဘုရားက “သူတို့ပြုသောအမှုများ၊ အကြံအစည်များကို ငါသိ၏။ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးတို့ကို စုစည်းမည့်အချိန်ရောက်လာမည်။ သူတို့သည်လာ၍ ငါ၏ဘုန်းအသရေကိုမြင်ရလိမ့်မည်။
သူတို့သည် အစ္စရေးလူမျိုးတို့၌ ယုတ်ညံ့သောအမှုကိုပြုကြ၏။ အိမ်နီးချင်းတို့၏မယားနှင့် အိမ်ထောင်ရေးဖောက်ပြန်ကြ၏။ ငါမမိန့်မှာဘဲ ငါ့နာမဖြင့် မဟုတ်မမှန်သောစကားကို ပြောဆိုကြ၏။ ငါသည် သိ၏။ ငါသည် သက်သေဖြစ်၏ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု ပါရှိ၏။
သင်တို့သည် ငါမနာကျင်စေလိုသော ဖြောင့်မတ်သူတို့ကို လိမ်ညာနာကျင်စေခဲ့ပြီ။ ဆိုးယုတ်သောသူတို့ အသက်ချမ်းသာရာရရန် မကောင်းသောလမ်းမှ ပြန်မလှည့်စေဘဲ သူတို့ဆိုးယုတ်သည်ကို သင်တို့အားပေးအားမြှောက်ပြုလေပြီ။
ဧဖရိမ်ကို ငါသိ၏။ အစ္စရေးသည်လည်း ငါ့ကိုပုန်းရှောင်၍ မရ။ အို ဧဖရိမ်၊ သင်သည် ဖောက်ပြန်မှားယွင်းလေပြီ။ အစ္စရေးသည် ညစ်ညူးလေပြီ။
အရဲရင့်ဆုံးစစ်သူရဲတို့ပင် ထိုနေ့၌ အဝတ်မပါဘဲ ထွက်ပြေးရလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
အုပ်စိုးသူကို ထိုပြည်ထဲမှ ဖယ်ရှားပစ်မည်။ သူနှင့်အတူ မှူးမတ်အားလုံးကိုလည်း ငါကွပ်မျက်ပစ်မည်”ဟု မိန့်တော်မူ၏။
သူတို့သည် မြို့တံခါးရှိ ဆုံးမပေးတတ်သောသူကို မုန်း၍ အမှန်တရားပြောဆိုသူအား စက်ဆုပ်ရွံရှာကြ၏။
သင်တို့သည် တရားမျှတမှုကို ခါးသီးစေ၍ ဖြောင့်မတ်ခြင်းကို မြေပေါ်ချထားကြပြီ”ဟု မိန့်တော်မူ၏။
နွမ်းပါးသူတို့ကို နိုင်ထက်စီးနင်းပြုပြီး တိုင်းပြည်ရှိဆင်းရဲသားတို့ကို ဖယ်ရှားပစ်သောသူတို့၊ နားထောင်ကြလော့။
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။
သူတို့၏လက်နှစ်ဖက်စလုံးသည် မကောင်းမှု၌ ကျင်လည်တတ်ကြ၏။ အကြီးအကဲများ၊ တရားသူကြီးများသည် တံစိုးလက်ဆောင်ကို တောင်းဆိုတတ်ကြ၏။ မင်းအရာရှိတို့သည်လည်း မိမိတို့စိတ်အလိုရမ္မက်ကိုသာ ဖော်ပြတတ်ကြ၏။ ထိုသူတို့သည် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ကြ၏။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင်တို့ဘိုးဘေးများ မညှဉ်းဆဲခဲ့သောပရောဖက်တစ်ပါးပါးရှိသလော။ သူတို့သည် ဖြောင့်မတ်သောအရှင်ကြွလာမည့်အကြောင်း ကြိုတင်ဟောပြောသောသူများကိုသတ်ခဲ့ကြ၏။ ယခု သင်တို့သည် ထိုဖြောင့်မတ်သောအရှင်ကို သစ္စာဖောက်သောသူနှင့် သတ်ဖြတ်သောသူများဖြစ်ကြပြီ။
သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမြို့ရှိသမျှတို့တွင် တရားသူကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများကို မျိုးနွယ်အလိုက် သင်ခန့်ထားရမည်။ သူတို့သည် လူတို့ကို ဖြောင့်မတ်စွာတရားစီရင်ရမည်။
သူတို့သည် ဘေးအန္တရာယ်နှင့် ဆင်းရဲဒုက္ခများစွာ ကြုံတွေ့ရသောအခါ ဤသီချင်းသည် သူတို့ကို ဆန့်ကျင်သော သက်သေဖြစ်လိမ့်မည်။ သူတို့၏သားစဉ်မြေးဆက်တို့သည် ဤသီချင်းကိုမမေ့လျော့ဘဲ နှုတ်၌အစဉ်ရှိနေမည်။ သူတို့အား ပေးမည်ဟု ငါကျိန်ဆိုခဲ့သောပြည်သို့ သူတို့ကိုမပို့ဆောင်မီ ယနေ့ သူတို့ကြံစည်နေသောအကြံအစည်ကို ငါသိ၏”ဟု မိန့်တော်မူ၏။
ကြည့်ကြလော့။ သင်တို့လယ်ကွင်း၌ရိတ်သိမ်းပေးသည့် အလုပ်သမားတို့ကို သင်တို့လိမ်ညာ၍မပေးဘဲနေသော လုပ်အားခများသည် အော်ဟစ်နေကြ၏။ ရိတ်သိမ်းသောသူတို့၏အော်ဟစ်သံများသည်လည်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နားတော်သို့ ရောက်လေပြီ။
သင်တို့သည် ဖြောင့်မတ်သောသူကို အပြစ်ရှိသည်ဟုသတ်မှတ်၍ သတ်ကြပြီ။ သူသည် သင်တို့ကို ဆန့်ကျင်ခြင်းမပြုချေ။
ဗောဇသည် မြို့တံခါးဝသို့သွား၍ထိုင်နေစဉ် သူပြောခဲ့ဖူးသည့် ရွေးနုတ်ခွင့်ရှိသူ ဖြတ်လာသည်ကိုမြင်၏။ ထိုအခါ ဗောဇက“မိတ်ဆွေ၊ လာထိုင်ပါဦး”ဟု ဖိတ်ခေါ်သဖြင့် ထိုသူလည်း လာထိုင်လေ၏။
သို့သော် သူ့သားတို့သည် သူလျှောက်သောလမ်းအတိုင်း မလိုက်ကြ။ မတရားအကျိုးစီးပွားကိုရှာကြ၏။ တံစိုးလက်ဆောင်ကို ခံယူကြ၏။ တရားမျှတမှုကို လွှဲရှောင်ကြ၏။